Ads (728x90)

ချမ်းသာ အင်အားကြီးတဲ နိုင်ငံတစ်ခုခုမှာ တခြားနိုင်ငံတွေက အစိုးရဝန်ထမ်းတွေ သာမန် အရပ်သား ဘွဲ့လွန်ကျောင်းသားတွေကို ခေါ်ပြီး အင်မတန် အရေးကြီးတဲ့ အဆင့်မြင့် ဘာသာရပ်တွေကို  ခေတ္တ ပညာသင်ပေးနေတဲ့ အခါဘဲဖြစ်စေ၊ ကျောင်းသားထဲကလည်း နည်းနည်းလောက် အရေးပါတဲ့ ဌာနတစ်ခုမှာ အလုပ်သင် ဝင်လုပ်ခိုင်းထားတဲ့ အချိန်မှာဘဲဖြစ်စေ၊ အိမ်ရှင်အစိုးရဟာ အစစအရာရာကို မျက်စိဒေါက်ထောက်ကြည့်နေပါတယ်။

ကိုယ့်က သူများ အကောင့်တွေကို အားအားယားယား လိုက် ဟက်နေသာတို့၊ ပရိုက်ဗိတ်မက်ဆေ့ခ်ျနဲ့ ဘယ်သူတွေနဲ့ ဘာတွေပြော ဘာရေးနေသာတို့ကို အမြဲစောင့်ကြည့်နေပါတယ်။

ဘာမျှလျှို့ဝှက်ထားလို့ရတဲ့ အရာမရှိပါ။

ဘယ်ကျောင်းသား ဘယ်အလုပ်သမားဟာအင်မတန်တော်တယ်၊ ဘယ်တစ်ယောက်ကတော့ ဗလချာဆိုသာ ကောင်းကောင်းသိ မှတ်တမ်းလည်း တင်ထားပါတယ်။

ပြိုင်ဘက်နိုင်ငံအစိုးရတွေကလည်း အခုခေတ်မှာ ဖေ့စ်ဘွတ်တို့ ဂူးဂယ်လ်တို့ ယူကျုပ်တို့လို နေရာတွေမှာ ဘာတွေလုပ်နေတယ် ဘာတွေရှာနေတယ်။ ဘာတွေကြည့်နေတယ်။ ဘာတွေ အတုံးလိုက် အတစ်လိုက် ခိုးချနေတယ် ဆိုသာတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေသာပါဘဲ။

ကိုယ်လာတဲ့ နိုင်ငံက ကိုယ့်ဘော့စ်တွေကလည်း စောင့်ကြည်နေကြတယ်။

ဖေ့စ်ဘွတ်က်ပေါ်မှာ လူမြင်သူမြင် ကပြဖျော်ဖြေ နေသာတွေ မပြောပါနဲ့ လှို့ဝှက် ကုဒ်နဲ့ ပရိုက်ဗိတ်မက်ဆေ့ခ်ျတွေ အလျှံပယ်ပို့နေသာကိုကိုတောင် အစစအရာရာကို ကောင်းစွာ သိနေကြပါတယ်။

စိတ်တွေ ဟိုလေ ဒီလေ ဖြစ်နေသာကို ချွန်းအုပ်ပြီး ကိုယ့်လေ့လာသင်ကြားနေရတဲ့ ဘာသာရပ်မှာ ထူးချွန်အောင် လုပ်ကြပါ။

ကိုယ်သိပ်သိသာ တတ်သာကိုလည်း ကိုယ်က မောင်းထုနေစရာလည်း မလိုပါ။

တော်ရင် ထူးချွန်ရင် စင်တော်က ကောက်ပါလိမ့်မယ်။ မပူပါနဲ့။
သန်းစော

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...