Ads (728x90)

ပညာသည်တွေနဲ့ စီးချင်းထိုးတဲ့ခေတ်မှာ ဦးနှောက် ခါးတောင်းကျိုက် နိုင်ရမယ်။
----- ----- ----- ---- ---- ---- ----- ----- ----- ----- ---- ---- ---- ----- ----- -----

၁၉၆၇ တရုပ်အရေးအခင်းနောက်ပို်င်း တရုပ်ကွန်မြူနစ်ပါတီက ၁၉၈၇ လောက်အထိ အနှစ် ၂၀ ကျော် အရှေ့မြောက် ဗကပ ကို ငွေအား လူအားနဲ့ ပံ့ပိုးပြီး သံလွင်မြစ် အရှေ့ဖက်ခြင်းမှာ လွတ်မြောက်နယ်မြေ တည်ဆောက်နိုင်ဖို့ ကြိုးစားခဲ့တာကို တပ်မတော်က အသက်သွေးချွေး ခြေ လက် အစိတ်အပိုင်း တွေ အများကြီး ရင်းနှီးပြီး ကာကွယ်ခဲ့ရတယ်။

နှစ်ဖက် တိုက်ပွဲတွေမှာ မြေပြန့်ဗမာတွေသာမက တောင်ပေါ် တိုင်းရင်းသားတွေလဲ သွေးမြေကျခဲ့ရတယ်။

စစ်ရေးနည်းလမ်းနဲ့ အနှစ် ၂၀ကျော် ကြိုပမ်းလို့ မအောင်မြင်ခဲ့တဲ့ ရည်မှန်းချက်တစ်ချို့ကို ၁၉ ၈၇နောက်ပိုင်း အနှစ် ၂၀အတွင်းမှာ စီးပွားရေးနည်းလမ်းနဲ့ အတိုင်းအတာ တစ်ခုအထိ ပေါက်မြောက် အောင်မြင်သွားခဲ့ပြီးပြီလို့ ယူဆသူတွေက ယူဆတယ်။

Rise of China ကို အမေရိကန် လို super power တောင် ငြင်းပယ်လို့ မရတော့တဲ့ အနေအထားလို့ လက်ခံပြီး တဖက်က contain လုပ်ဖို့နဲ့ တစ်ဖက်က make the most of it လုပ်နေတယ် လို့ နားလည်ထားတဲ့အတွက် ဆုံးရှူံးခဲ့ရတာ ဘယ်သူဘယ်ဝါကြောင့်လို့ အပြစ်တင်နေတာထက် လက်ရှိအနေအထားထက် ပိုပြီ ယုတ်လျော့မသွားအောင် ဘယ်လို လုပ်ဆောင်မယ် လက်ရှိအနေအထားထက် တို်းတက်လာအောင် ဘယ်လို လုပ်ဆောင်မယ် ဆိုတာမျိုးကိုသာ ပို စိတ်ဝင်စားမိပါတယ်။

ကင်းဝန်မင်းကြီးက ကိုယ့်အင်အား မပြည့်သေးခင်မှာ အင်္ဂလိပ်ကို အားမတန် မာန်လျှော့ အလိုက်အထိုက် ဆက်ဆံပြီး ကိုယ့်အင်အား ပြည့်အောင် ဖြည့်ဖို့ လျှောက်ထားခဲ့တာကို ထမိန်နဲ့ကျောက်ပြင် သနပ်ခါးတုံး ပို့ ပေးဖို့ ပြောခဲ့တဲ့ စုဖုရားလတ်ကိုလဲ သတိရမိပါတယ်။

ဒေါက်တာမတင်ဝင်းက ဗမာတွေက ဇာတိပုည ဂုဏ်မာန နဲ့ မာန်တင်းထားတဲ့အချိန်မှာ အင်္ဂလိပ် ပြင်သစ်တွေကို အလျော့ပေး အလိုက်အထိုက် ဆက်ဆံခဲ့တဲ့ ထိုင်း မောင်းကွတ်ဘုရင်ကို ကျွန် မဖြစ်ပေမဲ့ ကျွန် စစ်ပါတယ် လို့ ဆိုခဲ့တာကို လဲ သတိရမိပါတယ်။

၁၉ ရာစုမှာ ကုန်ကြမ်းပစ်စည်းတွေ တင်ပို့ပြီး ကုန်ချောပစ်စည်းတွေ တင်သွင်းတဲ့ နိုင်ငံကို ကိုလိုနီလို့ သတ်မှတ်တာကိုလဲ သတိရမိပါတယ်။ ။

Credit : Tin Latt

*** *** *** *** ***

တရုတ်ကိုသတိထားဖို့လိုကြောင်းကို မကြာခဏရေးလေ့ရှိတော့ တရုတ်နဲ့ခြောက်တယ်လို့ တစ်ခါအပြောခံရတယ်။

တရုတ်ရဲ့ GDP၊ အရံငွေ၊ Military Expenditure၊ ကမ္ဘာလုံးအနှံ့ကိုဖြန့်ထားတဲ့ စီးပွားရေးကွန်ယက်တွေအကြောင်းမတီးခေါက်ဖူးဘဲ နိုင်ငံရေးလုပ်ချင်တယ်ဆိုရင် အတော်ကို လက်တွေ့မကျဘူးလို့ဆိုရပေလိမ့်မယ်။ ပထ၀ီနိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေးဆိုတာတွေဟာ မသိမဖြစ်သိကိုသိနေရမယ့် အခြေခံတွေထဲမှာပါပါတယ်။ ဒါ့ထက်တတ်နိုင်ရင် ကိုယ့်အိမ်နီးချင်းတွေနဲ့ အာဆီယံဇုန်၊ အရှေ့အာရှဇုန်တွေထဲက တိုင်းပြည်တွေရဲ့ အချက်အလက်တွေကို ပိုင်နိုင်ကျွမ်းကျင်နေရင် ပိုကောင်းမှာပေါ့။ အဲ့ဒီတိုင်းပြည်တွေရဲ့ အလှုပ်ဟာ ကိုယ့်တိုင်းပြည်အပေါ်ဘယ်လို လာသက်ေ၇ာက်နိုင်မလဲ လို့ပေါ့။

တစ်လောက သုံးသပ်မှုတစ်ခုလုပ်ခဲ့တယ်။

လက်ပံတောင်းတောင်စီမံကိန်းအစီရင်ခံစာထွက်ခါနီးမှာ ကေအိုင်အေနဲ့တိုက်ပွဲပိုပြင်းထန်လာတာ။ နောက်ပြီး တရုတ်နယ်စပ်ကို စစ်တပ်တွေလွှတ်တာ။ ၀နဲ့ကေအိုင်အေနဲ့ တရုတ်ဆက်ဆံရေး။ ရွှေလီမှာပဲ ဆွေးနွေးချင်တယ်လို့ ကေအိုင်အေ ဆိုထားတာ။ ဒါတွေနဲ့ဆက်စပ်ပြီး တရုတ်ရဲ့ Aggressive Foreign Policy အရ မြန်မာကို တိုင်းရင်းသားကိစ္စ (ကချင်+၀)နဲ့ တန်ပြန်နိုင်တယ်လို့ ထောက်ခဲ့ဖူးတယ်။ မနေ့က ဖောရိန်းပေါ်လစီမှာလဲ ဘေဂျင်းဒီဘိတ်မှာ ဒီလိုစဉ်းစားတဲ့ပုံ တွက်ဆသွားတယ်။ ဒါတွေကို နားလည်တတ်ဖို့လိုမယ်။

ပြိုင်ဘက်ဟုတ်မဟုတ် ကို မြန်မာတွေနားလည်တတ်ရမယ်။ အင်အားကြီးသူကို ရင်ဆိုင်နည်းတွေ ပါးနပ်တတ်ရမယ်။ စည်းလုံးခြင်းသည်အင်အားလုပ်ရုံနဲ့မပြည့်စုံသေးဘူး။ စည်းလုံးတဲ့အားကိုယူပြီး ပါးပါးနပ်နပ်သွေးမကွဲဘဲ ရင်ဆိုင်တတ်ရမယ်။

တိုင်းမ်၊ The Economist လိုနေရာတွေမှာ China Session သီးသန်းပါနေတာဟာ အလကားမဟုတ်။ အမေရိကန် ဖောရိန်းပေါ်လစီမဂဇင်းလိုနေရာမှာ တစ်ကယ်အရေးကြီးတဲ့ ဆောင်းပါးတွေနေရာမှာ တရုတ်ကိုသုံးသပ်တဲ့ပေါ်လစီတွေ အပတ်စဉ်ပါနေမြဲ။ ဒါတွေဘာကြောင့်လဲ။

သွေးကောင်းဖို့ထက် အမြင်စူးရှဖို့လိုနေတဲ့ခေတ်ဖြစ်နေတာကို သိကြရမယ်။ ဒါးချင်းယှဉ်ခုတ်တဲ့ခေတ်မှာ သွေးကောင်းဖို့ လိုမယ်။ ပညာသည်တွေနဲ့ စီးချင်းထိုးတဲ့ခေတ်မှာ ဦးနှောက်ခါးတောင်းကျိုက်နိုင်ရပါလိမ့်မယ်။ ။

Credit : Myo Set

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...