Ads (728x90)

လက်ပတောင်းတောင် အရေးနဲ့ပတ်သတ်ရင် အမေစုပြောတဲ့စကားကို အပြည့်အ၀ထောက်ခံပါတယ်။ နွားကွဲရင် ကျားဆွဲမှာ ဖြစ်လို့ မြန်မာလူမျိုးအချင်းချင်းဒေါသရှေ့မထားဘဲ အေးအေးချမ်းချမ်း ပြေပြေလည်လည်ညှိညှိနှိုင်းနှိုင်းနဲ့ဖြေရှင်းစေချင်ပါတယ်။မြန်မာလူမျိုးအချင်းချင်း အစိုးရနဲ့ပြည်သူပြဿနာတက်လို့ ဥသျှစ်သီးနှစ်လုံး အချင်းချင်းထုသလို တိုင်းပြည်နဲ့လူမ
ျိုး နစ်နာတာကို မဖြစ်စေလိုပါဘူး။ အစိုးရအနေနဲ့လည်း ဆင်ခြေတုံတရားရှေ့ထားပြီး အမှားပေါ် အမှားထပ်မဆင့်ဖို့လိုပါတယ်။ ပြည်သူကို မေတ္တာတရားရှေ့ထားပြီး ဆက်ဆံဖို့လိုပါတယ်။ ပြည်သူဟာ နယ်စပ်က ကျူးကျော်လာတဲ့ ဘင်္ဂါလီမဟုတ်ဘူးဆိုတာ ယူနန်က ခိုးဝင်လာတဲ့ တရုတ်မဟုတ်ဘူး ပြည်သူဟာ အစိုးရကို ရွေးကောက်တင်မြှောက်ထားတဲ့ အချုပ်အခြာအာဏာဆင်းသက်ရာဖြစ်တယ်ဆိုတာကို သေသေချာချာနားလည်သဘောပေါက်စေချင်ပါတယ်။ ဘကတအဖွဲ့အနေနဲ့ မြန်မာလူမျိုးအချင်းချင်း အစိုးရနဲ့ ပြည်သူ အမေစုရဲ့ ညှိနှိုင်းပေးမှုနဲ့ ပြေပြေလည်လည်အေးအေးချမ်းချမ်းဖြေရှင်းစေချင်ပါတယ်။ တစ်နိုင်ငံလုံးမကျေနပ်လို့ ဆန္ဒထပြလို့ အစိုးရပြုတ်ကျသွားရင်လည်း တပ်မတော်က နိုင်ငံတော်ကြီး ချောက်ထဲကျမှာစိုးလို့ နောက်ထပ် အနှစ် ၂၀ ကယ်တင်စောင့်ရှောက်လိုက်ရင် အရင်လို မျက်နှာငယ်တဲ့ နိုင်ငံဘ၀ကို ပြန်ရောက်သွားမယ်။ မြန်မာနိုင်ငံအခက်အခဲတွေဖြစ်ရင် ပြဿနာတွေဖြစ်နေလို့ ဆင်းရဲမွဲတေနေရင် ဘေးက ဘင်္ဂလား၊တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေ ကောင်းစားဖို့ပဲ ဖြစ်လိမ့်မယ်။ အစိုးရအနေနဲ့ မတရားတဲ့အမှုကို ကျူးလွန်ထားတာ ဖြစ်ရင်တောင် ကိုယ့်လူမျိုးချင်းမိုလို့ ညီအကိုချင်း ရန်ဖြစ်သလို ပြေပြေလည်လည် ညှိနှိင်းဖြေရှင်းလို့ရပါတယ်။ကိုယ့်လူမျိုးအချင်းချင်းမိုလို့ အစိုးရနဲ့ ပြည်သူ အဆင်မပြေရင် တိုင်းပြည်ဘဲ နစ်နာပါတယ်။ ကျနော်တို့ ကံကောင်းတာက စိတ်ခံစားချက်ကို ဦးစားမပေးဘဲ ရေရှည်အတွက် အမြော်အမြင်ကြီးကြီးမားမားနဲ့ ကူညီဖြေရှင်းပေးနိုင်မဲ့ အမေစုလို လူမျိုးရှိနေတာပါ။
ဘကတအဖွဲ့အနေနဲ့ အစိုးရအဖွဲ့က မလိုအပ်ဘဲ အင်အားအလွန်အကျွံသုံးဖြေရှင်းတာ မတရားဘူးဆိုတာကို လက်ခံပေမဲ့ အချင်းချင်းပြဿနာတက်နေလို့ တိုင်းပြည်တိုးတက်မှုတွေ နှောင့်နှေးပြီး ဘင်္ဂါလီတွေ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ ၀မ်းသာရမဲ့ကိစ္စတွေ မဖြစ်စေချင်တာပါ။ အချင်းချင်း ပြေပြေလည်လည် ညှိနှိုင်းဖြေရှင်းပြီး ညီညီညွတ်ညွတ်နဲ့ ခုလိုပဲ ကောင်းသတင်းတွေ မျှော်လင့်ချက်တွေနဲ့ ပြည့်ဝနေတဲ့ တိုးတက်တဲ့နိုင်ငံအဖြစ်ကို အရှိန်အဟုန်မပျက်ဘဲ ဆက်သွားနေတာကို မြင်ချင်ပါတယ်။

ဘကတအဖွဲ့
------------------------------------------
အခုဒီဒေသမှာဖြစ်နေတဲ့ပြဿနာ
ကြေးနီစီမံကိန်းနဲ့ပတ်သက်တဲ့ပြဿနာကို ကျွန်မက အေးအေးချမ်းချမ်းနဲ့ပြေလည်သွားစေချင်တယ်။အဲဒီလိုဆိုရင်
ကျွန်မတို့ရဲ့ပြည်သူတွေ
လည်းသက်သာ နိုင်ငံလည်းသိက္ခာရှိတယ်။
အနာဂတ်အတွက်လည်းကောင်းတဲ့ခြေလှမ်းဖြစ်တယ်။အဲဒါကို
ကျွန်မကြိုးစားမယ်။အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ ကျွန်မက
ဘယ်လိုအာမခံချက်မှမပေးနိုင်ဘူး
။ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့လက်တွဲပြီး ပြေလည်မှုရှာဖွေမယ်ဆိုရင်တော့
အောင်မြင်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ဒီတော့
ကျွန်မပြည်သူကိုတစ်ခုပဲတောင်းခံချင်ပါတယ်။သေသေချာချာစိတ်ရှည်ရှည်နဲ့
အခုကျွန်ဘယ်လိုမှဆုံးဖြတ်ချက်မချရသေးဘူး။လုပ်ငန်းရှင်တွေဘက်ကိုတွေ့ပြီးသွားပြီ။သက်ဆိုင်ရာလည်း
တွေ့ပြီးသွားပြီ။ကန့်ကွက်တဲ့ပြည်သူတွေနဲ့လည်းတွေ့ချင်ပါတယ်။
ဟိုဘက်ဒီဘက်အမြင်နှစ်ခုကိုကြည့်ပြီးတော့ အတတ်နိုင်ဆုံးပြေလည်အောင်
ညှိပေးချင်ပါတယ်။အဲဒီလို ညှိပေးတာကို
ပြည်သူတွေကသဘောတူရဲ့လား။(တူပါတယ်-ပြည်သူ့အသံ)ကျွန်မတို့နိုင်ငံသားတွေက
အေးအေးချမ်းချမ်းနေလိုတယ်ဆိုတာ ကျွန်မယုံပါတယ်။စေတနာမေတ္တာနဲ့ပဲ
နေချင်တယ်ဆိုတာလည်း ကျွန်မယုံပါတယ်။လူသားတိုင်းကဒီလိုပါဘဲ။စေတနာမေတ္တာနဲ့
နေထိုင်တဲ့ပတ်ဝန်းကျင်က အင်မတန်အေးချမ်း
ပါတယ်။ဒေါသတွေအဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်က
မအေးချမ်းနိုင်ပါဘူး။ကျွန်မတို့ရဲ့နိုင်ငံကြီး
အေးချမ်းဖို့ ပြန်လည်ရင်ခြားစေ့ရေးလမ်းကို လျှောက်ဖို့
ကျွန်မဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုလျှောက်တဲ့
အခါမှာ ကျွန်မနဲ့အတူပြည်သူတွေပါဝင်လာမှ
ကျွန်မတို့လုပ်ငန်းတွေအောင်မြင်လာမှာပါ။

(လက်ပန်းတောင်းတောင်၊ကြေးစင်တောင်ဒေသခံများနှင့်တွေ့ဆုံပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...