Ads (728x90)

Coral Arakan News Agency
မန်အောင်မြို့နယ် ရဲကျွန်းတွင် ဘုန်းကြီးအပါး (၇၀)ခန့် ကုလားဘုတ်များကြောင့် ပိတ်မိနေ

By Mauk Thuzar

တောင်ကုတ်၊ ၃၀ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [သတင်း ]

မန်အောင်မြို့နယ် ရဲကျွန်းအနီးသို့ ကုလားဘုတ် အစီးနှစ်ဆယ်ခန့် ရောက်လာ သောကြောင့် ကထိန်ပွဲသွားကြသော ဘုန်းတော်ကြီးအပါး (၇၀)ခန့် ကျွန်းမှ မထွက်ခွာနိုင်ဘဲ ပိတ်မိနေသည်ဟု သိရသည်။

တောင်ကုတ်လူမှုကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက “တောင်ကုတ် ဗောဓိကုန်းကျောင်းက အပါး သုံးဆယ်လောက်ပါတယ်။ မွန်းတည့်ဆွန်းစားပြီး တောင်ကုတ်ကိုပြန်လာမလို့လဲ လုပ်ရော၊ ကုလားဘုတ်နှစ်စီး ရောက်ချလာတယ်။

ဒါနဲ့ ခဏစောင့်နေလိုက်မယ်ဆိုပြီး စောင့်လိုက်တာ၊ တဖြည်းဖြည်းနဲ့ ကုလားဘုတ်အစီးနှစ်ဆယ်လောက်ဖြစ်လာတယ် လို့ဆိုတယ်။ ဒါနဲ့ အာဂန္တု ရဟန်းတွေက ရဲကျွန်းကနေမခွာနိုင်ပဲ အဲသည်မှာ ခိုနေရတယ်။

ကုလားတွေ ကုန်းပေါ်ဝင်တက်ပြီး တိုက်မတိုက်တော့မသိရသေးဘူး။ အခု မန်အောင်ကို ဖုန်းလှမ်းဆက်လို့ မန်အောင်က လုံခြုံရေးတွေ ရဲကျွန်းကို လိုက်သွားကြတယ်” ဟု ဖြစ်စဉ်ကို ည ကိုးနာရီ မိနစ် နှစ်တယ်ခန့်တွင် Coral Arakan အား ပြောပြသည်။

တောင်ကုတ် ဗောဓိကုန်းကျောင်းမှ ရဟန်းများမှာ လွန်ခဲ့သော သုံးရက်လောက်က တည်းက ကထိန်ကိစ္စဖြင့် ရဲကျွန်းသို့ထွက်ခွာသွားခြင်းဖြစ်သည်။

ရဲကျွန်း နှင့် မန်အောင်မြို့မှာ စက်လှေဖြင့် မောင်းသွားလျှင် နာရီဝက်ကျော်ကြာသည်ဟု သိရသည်။

(မောက်သူဇာ ရေးသားသည်။)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...