Ads (728x90)


ပြန်ချကွာကြာတယ်

နောက်တစ်ယောက်ကလည်းနောက်တစ်မျိုးပြောပါတယ် ဖုန်းနဲ့ Computer ချိတ်ပြီး ၃ နာရီတိတိ စမ်းသုံးကြည့်ပါတယ် Computer ကလက်လှမ်းမီသမျှ Update တွေပိတ်ထားပါတယ်
Facebook သုံးတယ် Torn City ဆော့တယ် တခြား Online Text Mode Game တစ်ခုဆော့တယ်
Gmail စစ်တယ် Facebook မှာ သတင်းအကုန်ဖတ်တယ် ပုံတွေကြည့်တယ် ဟိုဟိုဒီဒီ အကုန်ဝင်ကြည့်တယ်ဘာ Download မှ မလုပ်ပါဘူး အရင်သုံးနေကျ ပုံစမ်းအတွင်းပါပဲ
ပြီး Data Usage ကိုစစ်ကြည့်တယ် လားလား 70 Mb (၁၄၀၀ ကျပ်) တောင် ၀ိုး ..... ခုလောလောဆယ် ၁ မိနစ် ၂ ကျပ်မို့ ၃၆၀ ကျပ်ပဲကုန်တယ်။

ခုစမ်းရင်နဲ့ထူးထူးခြားခြားတွေ့တာပြောရမယ်ဆိုရင် Phone OS Services ကနောက်ကွယ်ကနေ ဆွဲနေတာ ၁ နာရီလောက်အတွင်းမှာ 9 Mb (၁၈၀ ကျပ်) လောက်ဆွဲသွားပါတယ်
ဘာတွေဆွဲနေမှန်းမသိပါSettings -> Applications -> Running services မှာ နောက်ကွယ်က Run နေတဲ့ services တွေရှိပါတယ်ကိုယ်အတွက်မလို့တဲ့ဟာတွေ Stop လုပ်ပေးပါ
ပြီး Settings -> Account and Sync ကနေ မလိုရင် Sync လုပ်နေတာကို ပိတ်ထားပေးပါ

Facebook ကတော့ တော်တော်ဆိုးပါတယ် ဘာမှ သိပ်မကြည့်ရသေးဘူး
News Feed ကနေ အပေါ်အောက် ခဏလေးဆွဲလိုက်သေးတယ် 3 Mb (၆၀ ကျပ်) တဲ့ အသာလေးပဲ Gtalk ကတော့ သာယာတယ် တစ်နာရီလောက်ဖွင့်ထားလဲ စကားအပြောအဆို သိပ်မလုပ်ရင် Kb အနည်းသာကုန်တယ် Gmail ရောပဲ Download မလုပ်ရင် သိပ်မကုန်လှပါဘူး
နောက်အဆိုးဆုံးကတော့ YouTube ပါပဲ ဘာရယ်မဟုတ် သွားမနှိပ်ကြည့်ပါနဲ့ နောက်နေ့ကုန်းကောက်စရာတောင်ကျန်မှာ မဟုတ်ပါဘူး :P
ခုတော့ ဒီလောက်အထိပဲ စမ်းရသေးတယ် နောက်သိရင်သိသလိုဒီ Post အောက်မှာရေးပေးသွားမယ်

နောက်အရေးကြီးတာ တစ်ခုရှိပါတယ် ဖုန်းနဲ့ Computer ချိတ်သူများပိုပြီးအထူးသတိထားသင့်ပါတယ်
Computer ကနေ နောက်ကွယ်ကနေ Window Update, Antivirus Software Update, တခြား Software ဟာနောက်ကွယ်ကနေ အင်တာနက်မိပြီးဆိုတာနဲ့ အမြဲတန်းလိုလို Update ဆွဲနေတတ်ပါတယ် ဒါကြောင့်ကိုယ်လက်လမ်းမှီသမျှ Update တွေကို ပိတ်ထားပေးစေချင်ပါတယ် တချို့ Software တွေဟာ Mb ကြီးကြီးတွေနောက်ကွယ်ကနေ ဆွဲချနေတတ်လို့ပါပဲ
Window 7 သုံးတဲ့သူတွေ ပိုသတိထားသင့်ပါတယ်။

နောက် စမ်းဖြစ်တာက Viber ပါ Viber နဲ့ သိတဲ့သူတွေ့စမ်းခေါ်ပြီး စကားပြောကြည့်ပါတယ် ၃ ယောက်ကိုခေါ်ပါတယ် တစ်ယောက်ကို ၃ မိနစ်ကျော်လောက်စကားပြောဖြစ်ပါတယ်
စုစုပေါင်း Viber နဲ့ ၁၀ မိနစ်ကျော်လောက် ပြောလိုက်ပါတယ်
ထူးစမ်းစွာ တွေ့လိုက်ရတာကတော့ Viber နဲ့ ၁၀ မိနစ်ကျော်လောက်ပြောတာတောင် 18 Kb ပဲကုန်ပါတယ် <- (100 Kb မှ 2 ကျပ် ဆို့တော့ ပြားစွန်လောက်ပဲကျတာပေါ့)
သူများတွေ တွက်ထားသလောက် ၁ မိနစ် ၅ ကျပ်လောက်ကုန်မယ်ဆိုတာ ကျွန်တော်စမ်းတာတော့မကုန်ကြောင်းပါ
မှတ်ချက် - Viber နဲ့ပြောတဲ့အချိန် Connection သိပ်မကောင်းပါဘူး ဒါပေမဲ့ အသံတိုးတာကလွှဲလို့ ကြားရပါတယ် Video Call တော့ ခေါ်ရမဲ့သူမရှိတာရယ် Connection မကောင်းတာကြောင့် မစမ်းရသေးပါဘူး

iPhone 4 4s 5, Samsung II III, Sony, HTC စတဲ့ နောက်ဆုံးပေါ် Smart ဖုန်းကောင်းကောင်းကိုင်သူများ iPad, Samsung Note, တခြား Version မြင့်မြင့် စတဲ့ နောက်ဆုံးပေါ် Tablet ကောင်းကောင်းကိုင်သူများအတွက် ခု MPT က သတ်မှတ်တဲ့ Internet သုံးတဲ့နှုန်းနဲ့ဆိုရင် တကယ် တကယ် သတင်းဆိုးကြီးပါပဲ ခုနောက်ဆုံးပေါ်တွေက Internet ကနေ Update တွေ Firmware တွေ Resource တွေကိုတော်တော်များများ ဆွဲပါတယ် ပြီးဆွဲအားလဲကောင်းသလို 3G ကလေး On လိုက်တာနဲ့ နောက်ကွယ်က Application, Game နဲ့ OS Services တွေဟာ သွေးရူးသွေးတန်းနဲ့ဆွဲတော့တာပါပဲ
နောက်ဖြစ်လာနိုင်တာက ဈေးကြီးသွားတဲ့အတွက် ဖုန်းအင်တာနက်ကို သုံးမဲ့သူနည်းသွားတဲ့အတွက် ခုထက်တော့ လိုင်းပိုမြန်လာမယ်ထင်ပါတယ် (အနည်းငယ်ပိုမြန်လာမှာတော့ သေချာပါတယ်) ဒါကြောင့် လိုင်းကလေး မြန်မြန်နဲ့ နောက်ကွယ်က Application နဲ့ OS Services တွေဆွဲချက်က ၁၀ မိနစ်လောက်အတွင်း Mb တော်တော်များများကုန်သွားမှာပါ ကျွန်တော် စမ်းကြည့်သလောက် လိုင်းသိပ်မမြန်တဲ့အချိန်မှာတောင် Smart ဖုန်းဟာ တစ်နာရီလောက်အတွင်းကို 15 Mb (300 ကျပ်) လောက်ဆွဲသွားပါတယ် ရိုးရိုးသာမန် ဖုန်း OS Android 2.2 ကတော့ ၃ နာရီလောက်အတွင်းမှာ 2 Mb (40 ကျပ်) လောက်သာဆွဲသွားပါတယ်
ဒါကြောင့် OS Version နိမ့်နိမ့် Application and Game နည်းနည်းလောက်သာရှိတဲ့ ဖုန်းမျိုးဝယ်သုံးမှ ပိုကိုက်မဲ့သဘောမျိုးဖြစ်နေပါပြီ ကြီးကြီးကျယ်ကျယ် အကောင်းစား Smart ဖုန်းကိုင်သောသူများ သွေးမပျက်ချင်ရင် ရှိသမျှ Internet Update ဆွဲမဲ့ အပေါက်သာအကုန်ပိတ်ပေးတော့ဗျာ

အကြံပေးတာပါ
Google News, Yahoo News, MSN News စတဲ့နောက်ကွယ်က Auto Update လုပ်တဲ့ဟာတွေ ပိတ်ထားလိုက်ပါ (ဘာသတင်းပဲ ဖြစ်ဖြစ် သိချင်မှဖွင့်ဖတ်ပါ)
Stock ဈေးအတက်အကျ ရွှေဈေး ရေနံဈေး Exchange ဈေး စတဲ့ဟာတွေ ကြည့်မနေနဲ့တော့ (ကျွန်တော်တို့လို့ လူတန်းစားအတွက် သိပ်မသက်ဆိုင်သလိုပဲ)
ဘယ်နိုင်ငံ ဘယ်မြို့မှာ ဘယ်ရာသီဥတု ဖြစ်နေသလဲ သိချင်မနေနဲ့တော့ သူများမြို့မှာ ဘယ်အချိန်ရှိရှိ ကိုယ်နဲ့မဆိုင်တော့ဘူး (ကိုယ်နေတဲ့နေရာမှာ ဘာဖြစ်နေတာသိရင်ရပြီး)
အလကားပို့ပေးမယ် ဘာညာဆိုပြီး ကြော်ငြာများများပို့ပေးတဲ့ Application တွေ Uninstall လုပ်လိုက်တော့ မဖြစ်စလောက်ရတဲ့ ကိုယ် Game Score တွေ Online မှာ သွားမကြွားနဲ့တော့
Internet Connect ဖြစ်မှဖွင့်လို့ရမယ် ဆော့လို့ရမဲ့ Application တွေ Game တွေ မလိုအပ်ရင် Uninstall လုပ်လိုက်တော့ ဟိုသွားဒီသွားရင် GPS နဲ့ Online Map တွေအားကိုးမနေနဲ့တော့ (သွားချင်တဲ့နေရာကို သိတဲ့သူများကိုမေးပါ Offline Map ကိုသာသုံးပါ)
လျှောက်သွားရင် ရိုက်ထားတဲ့ပုံတွေကို Up to date Share မလုပ်နဲ့တော့ (Free Wifi ရတဲ့နေရာရောက်မှ အမုန်း Share တော့) Advanced Task Killer လို့ Application လေးတွေတင်ထားပေးပါ သတိရတိုင်း ထိုင် Kill နေပါ (တချို့ Application ဟာ ပိတ်လိုက်ပေ့မဲ့ နောက်ကွယ်မှာ Run နေတတ်ပြီး Internet Connection ကနေမသိမသာလေးဆွဲနေတတ်ပါတယ်) Auto Refresh ဖြစ်တဲ့ Web Site တွေကြည့်ပြီး ဒီအတိုင်းဖွင့်မထားပါနဲ့ Connection မကောင်းလို့ ကိုယ်ကြည့်ချင်တဲ့ Page အားလုံးမပေါ်သေးတာကို ဒေါသ တကြီး Refresh ထပ်ထပ်မနှိပ်ပါနဲ့ (Refresh ဖြစ်တိုင်း Data Usage တက်တက်နေမှာ ဖြစ်ပါတယ်) 3G ဖွင့်ထားပေးမဲ့ Internet မသုံးတော့ဘူးဆိုရင် Data Usage မတက်ဘူးလို့ ဘယ်သူပြောပြော အကောင်းဆုံးကတော့ 3G မသုံးတော့ရင် ပိတ်ထားတာအကောင်းဆုံးပါပဲ

By:Sai Han Tracy Thet Hmue
‎(ဂရုတစ်ခုထဲက ပိုစ်လေးကိုမျှဝေလိုက်ပါတယ်။)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...