
အမေရိကန်ပြည်ထောင်စု၊ မန်ဆက်ချူးဆက်ပြည်နယ်နေ လင်ဇီစတုန်းဆိုသူ အမျိုးသမီးသည် သူ၏ ဖွဘွတ်စာမျက်နှာတွင် အာလင်တန် နိုင်ငံတော် စစ်သင်္ချိုင်းတွင် လက်ခလယ်ထောင်၍
ပြက်ရယ်ပြောင်သော အပြုအမူပါ သည့် ယခုဓာတ်ပုံကိုဝေမျှခဲ့သည့်အတွက် သူနှင့် ယင်းဓာတ်ပုံကို ရိုက်ပေးခဲ့ သည့် သူငယ်ချင်းဖြစ်သူတို့ နှစ်ဦးစလုံး အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ဝ ရက်က သူတို့နှစ်ဦးသည် နိုင်ငံတော် စစ်သင်္ချိုင်းတွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံကို ဝေမျှခဲ့ပြီး ယင်းပုံကိုအရင်းပြု၍ နေ့တွင်းချင်း မှာပင် တစ်မုဟုတ်ချင်း ဖွဘွတ်တွင် မှတ်ချက်ပေးသူများအကြား အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။ လင်ဇီသည် ဓာတ်ပုံကို ဝေမျှပြီး မကြာမီအချိန်အတွင်းမှာပဲ ဓာတ်ပုံကို ဖျက်လိုက်သော်လည်း နှောင်းလွန် သွားခဲ့ပါပြီ။
လင်ဇီသည် ဓာတ်ပုံကို ရိုက်စဉ်က ရယ်စရာ ဟာသအနေဖြင့် ရိုက်ကူးခဲ့ပေ မယ့် အကြောင်းအကျိုး မညီညွတ်ဘဲ ဓာတ်ပုံကို ကြည့်မိတဲ့သူများရဲ့အမြင် မှာ နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့တဲ့ စစ်သည်တော်များကို စော်ကား မှု တစ်ရပ်အနေနဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဒီလိုနဲ့ မကြာမီမှာပဲ ဖွဘွတ်ပေါ်မှာ လင်ဇီအလုပ်ပြုတ်ရေး လှုပ်ရှားမှု တစ်ရပ်ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ နောက် ဆုံးမှာတော့ သူတို့နှစ်ဦးရဲ့ အလုပ်ရှင်အထိ နားပေါက်ပြီး ထိုနေ့ညမှာပဲ အလုပ်ရှင်က သူတို့ နှစ်ဦးစလုံးကို အလုပ်ထုတ်ခဲ့ပါတယ်။
ဒါကြောင့် ယခုလို အင်တာနက်ခေတ်၊ ဖွဘွတ်ကဲ့သို့ လူမှုရေးဝက်ဘ်ဆိုဒ်များ မွစာကြဲနေချိန်မှာ
---
မောင်သြ
Ref: capecodtoday.
Photo courtesy of Lindsey Stone.
Shwelone.com (ရွှေလုံး)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။