Ads (728x90)

ရခိုင်အရေးနှင့် ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောကြားသည့် မိန့်ခွန်းအပေါ်RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော ရဲ့အမြင်
====================================

"မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တခြား ကိစ္စတွေကိုတော့ ပုံမှန်အားဖြင့် ပြောသွားပေမယ့် ရခိုင်အရေး ကိုတော့ သူ့အနေနဲ့ သီးခြားတခုလို ပြောသွားတာ တွေ့ရပါတယ်။ ပြီးတော့  “ရိုဟင်ဂျာ”  ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်း သွားတာကို တွေ့ရပါတယ်။ အခု ရခိုင်အရေးကိစ္စဟာ မြန်မာပြည်မှာ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ကိစ္စတခုလို သူက နားလည်ပြီး ပြောသွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ သမ္မတ အိုဘားမားနဲ့ ကျနော်တို့က အယူအဆမတူပါ။ ဥပမာ ကချင်နဲ့ မြန်မာ့တပ်မတော်နဲ့ ဖြစ်နေသလို၊ ကရင်မှာ ဖြစ်နေသလို မျိုး ဒီရခိုင်ပြဿနာဟာ မဟုတ်ပါ။ အခုက ပြည်ထောင်စုက ခွဲထွက်မယ့် ပြဿနာလည်း မဟုတ် တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ပြဿနာလည်း မဟုတ်။ သို့သော် အခု ဒီရိုဟင်ဂျာလို့ ပြောတဲ့ သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာက တဖက်က နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ လူတွေနဲ့ ဒေသခံတွေ အကြားမှာ ဖြစ်နေတာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရချင်းမတူပါ။ သမ္မတ အိုဘားမား အနေနဲ့ ရခိုင်ပြည်နယ်၏ တကယ့် အရှိ တရားနဲ့ နည်းနည်း ဝေးနေသလို ကျနော်တို့ ခံစားရတယ်။ သူမိန့်ခွန်းထဲက တခြား တင်ပြမှုတွေကို လက်ခံ၊ ကြိုက်ပေမယ့် ဒီကိစ္စမှာတော့ အိုဘားမားရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းဟာ ကျနော်တို့နဲ့ လက်ခံ နိုင်စရာ အကြောင်းမရှိပါ။ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောထားသလို ရခိုင်ပြည်သူတရပ်လုံးကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းမဟုတ်သလို မရှိဘူးလို့ သဘောထားဟာ ပြတ်ပြတ်သားသား ရှိနေပြီးသားဖြစ်လို့ အိုဘားမား ပြောတာနဲ့ နည်းနည်းလွဲနေပါတယ်။ စကားကို ပြတ်ပြတ်သားသား မပြောသလို ဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ ဘ၀င်မကျပါ။ မကြိုက်ပါ” 

ref: @[151742128171206:274:Narinjara]
foto:EMG ====================================

ref: Narinjara
foto:EMG
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...