Ads (728x90)

၂၀၁၇ တွင် GM တို့ လျှပ်စစ်ကား အစီးရေ ၅ သိန်းရောင်းချနိုင်ပြီ ဖြစ်

အမေရိကန် အခြေဆိုက် General Motor ကုမ္မဏီအနေဖြင့် လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမှုကို သက္ကရာဇ် ၂၀၁၇ တွင် အစီးရေ ၅ သိန်းအထိ ရှိလာ မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

အဓိကထားသော လျှပ်စစ်ကား မော်ဒယ် brand တစ်ခု အနေဖြင့် Focus ဖြစ်ပြီး Plug in ဗားရှင်းများ ပိုမို ထုတ်လုပ်မည် ဖြစ်သည်။ ယင်းအတွက် လိုအပ်သော ဘက်ထရီများ၊ အားပြန်ဖြည့် စနစ်များကို ပါ တိုးချဲ့  တည်ဆောက်မည် ဖြစ်သည်။ ဒုတိယ ဦးစားပေးအနေဖြင့် GM ၏ အအောင်မြင်ဆုံး ဇိမ်ခံကား Brand ဖြစ်သော Cadillac များကို လျှပ်စစ်ကား အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်ပြီး တစ်နှစ်ပြီး တစ်နှစ် အနည်းငယ်စီ ပြောင်းလဲ သွားမည် ဖြစ်ကြောင်း သိရသည်။ အနာဂတ်တွင် ဆီရှားပါးလာ သည့် ပြဿနာ၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းလာသည့် ပြဿနာ များကို ဖြေရှင်းရန် လျှပ်စစ်ကား ထုတ်လုပ်ခြင်းကို ကမ္ဘာတစ်ဝန်းရှိ ကားကုမ္မဏီများကလည်း ကြိုပမ်းလျက် ရှိသည်။ 

လျှပ်စစ်ကား ထုတ်လုပ်ရန် လိုအပ်သည့် သဘာဝ သယံဇာတများ၊ အရင်းအနှီးများကို အမေရိကန် အစိုးရကလည်း ထောက်ပံ့ပေးသွား ရန် မျော်လင့်ထားကြောင်း သိရသည်။ 
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.

အေးချမ်းမွန်မှ  ColayOnline:Automobile တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ColayOnline:Automobile

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...