Ads (728x90)

သမီးရုပ်ဆိုးလို့ ဇနီးကို တရားစွဲ

20 NOVEMBER 2012  

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် မိဘများက ချောမွတ်ပြေပြစ် ပါလျက်နှင့် ဂျီဖောင်း အမည်ရှိ အမျိုးသား၏ ဇနီးသည်မှ မွေးဖွားလိုက်သော ရင်သွေးသည် လွန်စွာ အရုပ်ဆိုး အကျည်းတန်လှသဖြင့် ခင်ပွန်းဖြစ်သူက ဇနီးသည်ကို တရားစွဲဆိုခဲ့ ကြောင်း သိရသည်။
ဂျီဖောင်း၏ ဇနီးသည် သမီး မိန်းကလေးမွေးဖွား လာသော အခါ မိခင်ဖြစ်သူက ချောမောလှပပါလျက်နှင့် သမီးဖြစ်သူမှာ လွန်စွာရုပ်ဆိုး အကျည်းတန်ခဲ့သည်။ တရုတ်နိုင်ငံမြောက်ပိုင်း တရားရုံးတွင် တရားစွဲဆိုအမှုရင်ဆိုင်သောအခါမှ ဂျီဖောင်း၏ဇနီးသည် ငယ်စဉ်က ရုပ်ဆိုးအကျည်းတန်ခဲ့သဖြင့် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် အကုန်ကျခံကာ မျက်နှာကို အစားထိုး ခွဲ စိတ်ပြုပြင်ခဲ့ ကြောင်း တရားရုံးတွင် ဝန်ခံ ပြောကြားခဲ့သည်။ ထို့ကြောင့် တရားရုံးက ဇနီးသည်အား ဒေါ်လာ 96000 လျော်ကြေး ပေးဆောင် စေခဲ့ ပြီး ဂျီဖောင်း၏ ဆန္ဒအရ လင်မယာူ ကွာရှင်းခွင့် ပြုခဲ့ကြောင်း သိရသည်။ 

ကိုစိုး

အေးချမ်းမွန်မှ  PYI MYANMAR တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :PYI MYANMAR

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...