ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ(၂၄)ရက်နေ့မှ(၃၀)ရက်နေ့ အထိကျင်းပမည့် ၂၀၁၂ အာဆီယံချန်ပီယံရှစ် ( 2012 AFF SUZUKI Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအား
လာရောက် အားပေးမည့် ထိုင်းနိုင်ငံရှိ မြန်မာပရိသတ်များ အား
မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ ပွဲကြည့်လက်မှတ်များ အခမဲ့
ဝေငှပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ထိုင်းနိုင်ငံရှိမြန်မာပရိသတ်များ လာရောက်အားပေးကြမည်ဖြစ် ရာ ပရိသတ်များ အဆင်ပြေစွာကြည့်ရှုအားပေးနိုင်ရေးအ တွက် မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ်မှစီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်(MFF) မှ တာဝန်ရှိသူအချို့သည်လာမည့်
နိုဝင်ဘာ (၂၂)ရက်နေ့တွင် ဘန်ကောက်မြို့သို လာရောက်ပြီးမြန်မာပရိသတ်များ
အတွက် လိုအပ်သည်များ ကြိုတင်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်သည်။
MFF အနေဖြင့် ပြည်တွင်းမှ ပရိသတ်(၅၀)ဦးကိုလည်း KBZ Bank၊ Max Energy နှင့် SKY Net ရုပ်သံတို့ပံ့ပိုးကူညီမှုဖြင့် ဘန်ကောက်
မြို့သို့ မြန်မာအသင်းအား လိုက်ပါအားပေးရန် ခေါ်ဆောင် သွားမည်ဖြစ်သည်။
" သေချာပေါက် လာအားပေးမှာပါ။ကျွန်တော်တို့ က မြန်မာတွေ ပဲ။ မြန်မာ့လက်ရွေး စင်အသင်းကို ကျွန်တော်တို့အားပေးမှုနဲ့
ကြိုဆိုမှာပါ။အခုလိုလက်မှတ်ကူညီပေးမယ်ဆိုတဲ့အတွက်
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌကြီးနဲ့တကွ
တာဝန်ရှိသူအားလုံးကိုအထူးပဲ ကျေးဇူး တင်ပါတယ်။
ကျွန်တော်တို့ပရိသတ်အချင်းချင်းလည်း စည်းကမ်းတကျ အားပေးဖို့ လှုံဆော်သွားပါမယ်။ " ဟုထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသော မြန်မာပရိသတ်တစ်ဦးကအွန်လိုင်းမှတစ်ဆင့် ပြောကြားခဲ့
သည်။
မြန်မာအသင်းသည်ဆူဇူကီးဖလားအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ(၂၄)ရက်နေ့တွင် အစဉ်အလာပြိုင်ဘက်ဗီယက်နမ်နှင့်စတင်တွေ့ဆုံ မည်ဖြစ်ပြီး ၂၇ရက်နေ့တွင် ထိုင်း နှင့် ၃၀ ရက်နေ့တွင် ဖိလစ်ပိုင် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
source - MNL
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ(၂၄)ရက်နေ့မှ(၃၀)ရက်နေ့
မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ထိုင်းနိုင်ငံရှိမြန်မာပရိသတ်မျ
MFF အနေဖြင့် ပြည်တွင်းမှ ပရိသတ်(၅၀)ဦးကိုလည်း KBZ Bank၊ Max Energy နှင့် SKY Net ရုပ်သံတို့ပံ့ပိုးကူညီမှုဖြင့် ဘန်ကောက်
မြို့သို့ မြန်မာအသင်းအား လိုက်ပါအားပေးရန် ခေါ်ဆောင် သွားမည်ဖြစ်သည်။
" သေချာပေါက် လာအားပေးမှာပါ။ကျွန်တော်တို့ က မြန်မာတွေ ပဲ။ မြန်မာ့လက်ရွေး စင်အသင်းကို ကျွန်တော်တို့အားပေးမှုနဲ့
ကြိုဆိုမှာပါ။အခုလိုလက်မှတ်ကူညီ
သည်။
မြန်မာအသင်းသည်ဆူဇူကီးဖလားအဖွင်
source - MNL
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။