Ads (728x90)

  • ကျွန်တော်ကတော့ အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ အလံကို
    လေးစားပါတယ်။မြတ်နိုးပါတယ်။အသက်ကဲ့သို့ ချစ်ပါတယ်။
  • အလံသစ် အကြောင်း ( ဆရာ ဇေယျာလင်း ) ရဲ့ Post အဟောင်းလေးပေမဲ့ မဖတ်ရသေးရင် အသစ်ပါပဲ  ... နော့ -------------------------------------
    အလံသစ် အကြောင်း ( ဆရာ ဇေယျာလင်း ) ရဲ့ 
    Post အဟောင်းလေးပေမဲ့
    မဖတ်ရသေးရင် အသစ်ပါပဲ ... နော့
    -------------------------------------

    "ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲကနေ ထွက်သွားပြီး ဘုန်းနိမ့်အောင်လုပ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံချခိုင်းတယ်တဲ့" ဟု နိုင်ငံခြားသတင်းထောက်တဦးက မှတ်ချက်ပေးတယ်။

    ပြည်တွင်း သတင်းထောက်တွေကြားမှာလည်း ဗေဒင်ယတြာအရ အလံသစ်ပြောင်းတယ် ဆိုတဲ့အကြောင်း၊ ဒါဟာ ဥပဒေနဲ့ လုံးဝမညီဘဲ သူတို့လုပ်ချင်ရာ လုပ်တဲ့အကြောင်းကိုပဲ ပြောဆိုနေကြတယ်။

    "၃ ကဏန်းကို နာမ်နှိမ်တဲ့ အနေကို လုပ် လိုက်တာပဲ။
    ဒေါ်စုကအင်္ဂါနေ့မှာမွေးတဲ့ သုံးကဏန်းသမားမို့ လုပ်တာ" ဟု ပြည်တွင်းသတင်းထောက်တဦးက ဆိုပြန်တယ်။

    နအဖသန်းရွှေတို့  အလံသစ်ကို ကမန်းကတန်း တင်ရတဲ့ အနေအထားကတော့ နအဖ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပြီး နအဖမျက်နှာပြောင်းတဲ့ သူတို့ အစိုးရသစ် တင်မြှောက်နိုင်ဖို့  ယတြာခြေ ဓါတ်ဆင်တဲ့အနေနဲ့  နိုင်ငံတော်အလံသစ်တင်တာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီနေ့  အောက်တိုဘာလ (၂၁) ရက်နေ့ မှာ ညနေ (၃) နုာရီမှာ တစ်နိုင်ငံလုံး အလံပြောင်းတင်တာဟာ ၃ ကို ၃ နဲ့  တင်မြှောက်တာမို့  (၉) ရတယ်ဆိုကာ ကိုး ဂဏန်းကို အစဉ်အဆက် ရူးသွပ်နေကြတဲ့ အာဏာရူးတွေရဲ့  အယူသီးမှုအရလည်း ဖြစ်ပါတယ်။
    မြို့တော်ခန်းမရှေ့မှာ ဖြတ်သန်းသွားတဲ့ အရပ်သားတဦးကတော့ အလံသစ်က ဆေးရောင်စုံ ကလေးကစားစရာ အလံတခုလို ဖြစ်နေတယ်လို့ ဆိုတယ်။

    နအဖအလံ သို့ မဟုတ်
    ဆင်းရဲမွဲတေမှု၊ ပြသနာများ နှင့်
    ပုန်ကန်မှုများ ရဲ့ နိဒါန်း

    ဒီနေ့ နအဖ က မြို့ ကြီးအတော်များများရဲ့  မြို့ တော်ခန်းမ တွေမှာ အလံဟောင်းကိုချပြီအလံသစ်တင်ကြတယ်။ လူတွေက အလံပြောင်းလွဲတင်တာနဲ့ ပတ်သက်ပြီး အလံပြောင်းတော့ ဒီကောင်တွေ အလောင်း ပြန်ပြီပေါ့ ကွာ လို့ ပြောဆိုနေကြပါတယ်။ နအဖ အနေနဲ့ ရွေးကောက်ပွဲကိုအတော်လေးစိုးရိမ်ထိန့် လှန့် လျက်ရှိပါတယ်။
    ဘာဖြစ်လို့ လည်းဆိုတော့ လူတွေက သူတို့ ကိုတော်တော်မုန်းတီးနေတာကိုတွေ့ရှိနေတာကိုသိနေကြပါတယ်ဒါကြောင့်လုံးဝ မတရားသဖြင့်အနိင်ယူဖို့ ကြံစည်နေကြပါတယ်။တကယ်က အလံပြောင်းလဲတင်တာကလည်း ပြည်တောင်စုလွတ်တော်ခေါ်ပြီးမှ အခြေခံဥပဒေ အတည်ပြုပြီးအလံဟာလည်း အသက်ဝင်ရမှာဖြစ်ပါတယ်။ ကြိုတင်ပြီးအလံထောင်နေတဲ့သဘောက တော့ မသေချာတဲ့သဘောတွေကို တဖက်က ပြသနေခြင်းဖြစ်ပါတယ်။


    အလံပြောင်းလဲလိုက်မှုကတော့ လူတွေ ရဲ့  ထောက်ခံမှု ပိုမိုကျဆင်းနေနိင်တဲ့ လက္ခဏာရှိနေပါတယ်။
    လူ့  သဘာဝအရအပြောင်းအလဲကို လူတွေကအလွယ်တကူ လက်ခံလေ့မရှိသောကြောင့်ဖြစ်ပါတယ်။
    နအဖရဲ့  မရိုးသားတဲ့လုပ်ရပ်များကြောင့်လည်း ပိုမိုလက်ခံရ ခက်ခဲလာနိင်ပါတယ်။ အရောင်သဘောအရ အစိမ်းနဲ့  အနီဟာ ရန်ဖက် အသွင်ကိုဆောင်ပါတယ်။ ပန်းချီ သဘောမှာသူတို့ နစ်ခုကို ဘယ်သူမှ တွဲဖက် မသုံးကြပါဘူး။ အရောင် တခုခုကို ကြားခံ သုံးရလေ့ ရှိပါတယ်။ လွတ်လပ်ရေးကြိုးပမ်းစဉ်က ... သုံးရောင်ခြယ်ကို သုံးခဲ့ကြပါတယ်။ အစိမ်းနဲ့ အနီ တွဲဖက်မှုကြောင့် ရလာတဲ့
    အကျိုးသက်ရောက်မှုတွေကတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့  အာဇာနည်ကြီးများ လုပ်ကြံခံရခြင်း၊
    ပြည်တွင်းစစ်မီး တောက်လောင်ခြင်းတို့ ဖြစ်ပါတယ်။

    အ၀ါကို အလယ်ကောင်က ထားလိုက်ရင် အနည်းငယ် အဆင်ပြေနိင်ပုံ ရှိပါတယ်။ ထိပ်တိုက် ရင်ဆိုင်နေရတဲ့ ပြသာနာများ ကြားမှာ ပြေလည်နိင်မဲ့ နည်းလမ်း ( အ၀ါ) ရှာလို့ ရငြား အဓိပါယ်ဖြစ်လာ နိင်ပါတယ်။

    နောက်တချက်ကလည်း တိုးတက် ချမ်းသာလာတဲ့ နိင်ငံတွေရဲ့  အရောင်ဟာ အဓိက အားဖြင့် အနီ၊ အဖြူနဲ့ အပြာ တွဲဖက် ရောင်သာ ဖြစ်ပါတယ်။ ဥပမာ- အမေရိကန်၊ ပြင်သစ်၊ဂျပန်၊ အစ္စရေး၊အင်္ဂလန်နဲ့  ရုရား နိင်ငံ အလံတော်များ။

    အစိမ်း၊အ၀ါ ပါတဲ့ အရောင်တွေ ဟာ ပြဿနာများ၊ ပင်ပန်းဆင်းရဲစွာ ရုန်းကန်ရ မှုများ၊ ဆင်းရဲမွဲတေ မှု များနဲ့  လုပ်ကြံခံရမှု များ ဖြစ်လေ့ ရှိကြပါတယ်လို့  တောင် ...ပညာရှင်တွေက ဆိုပါတယ်။
    ဥပမာ -အာဖရိက၊ အာရပ်နှင့်တောင်အာရှနိင်ငံများ မှ အလံများ။

    နောက် ... ဒီမိုကရေစီရရင် အလံတော်ရဲ့ အရောင်ကို
    သတိ ထားပြီး ရေးဆွဲ ဖို့ လိုပါတယ်။
    အနီ၊ အပြာ နဲ့ အဖြူ ကို အခြေခံ စဉ်းစားဖို့ လိုပါမယ်။

    ( ဆရာ ဇေယျာလင်း )
  • Share By :

    Post a Comment

    Blogger Disqus

    Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

    Voted This Post

    Related Posts Plugin for WordPress, Blogger...