ရန်ကုန် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ကမာလင်ကျေးရွာရှိ ရေဘေးဒုက္ခသည် ၈ဝဝ အတွက် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF တိုင်းစည်းရုံးရေးမှူး ဦးအေးမြင့် ဦးဆောင်၍ ကျပ်ငွေ ခြောက်သိန်းကျော် ဆန်ဖိုးရှိ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို သောကြာနေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။
အိမ်ထောင်စု ၁၃ဝ အတွက် တအိမ်ထောင်လျှင် ဆန် တပြည်ခွဲ၊ ဆီတပုလင်း၊ ခေါက်ဆွဲခြောက် ငါးထုပ်တို့ကို NDF ၏ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း တာဝန်ရှိသူများက ကမာကလင်ရွာသို့ သွားရောက် လှူဒါန်းခြင်းဖြစ်သည်။
ပဲခူးတိုင်းအတွင်း ရေကြီးမှုများမှာ သနပ်ပင် မြို့နယ်အပြင် ကဝ၊ ညောင်လေးပင်နှင့် မဒေါက်မြိုကနယ်များတွင်လည်း
ဖြစ်ပေါ်နေကြောင်း သိရသည်။
ကဝမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့တည်းက ရေကြီးလျက်ရှိပြီး ၁၃၆ ရွာအနက် ၄၅ ရွာ ရေလွှမ်းခံရကာ လယ်မြေ ဧကပေါင်း ၃ဝ,ဝဝဝ ကျော် ပျက်စီးသွားပြီး ညောင်လေးပင်၊ မဒေါက်မြို့နယ်များတွင်လည်း ရေဘေးဒဏ်ကြောင့် စိုက်ခင်းများ ပျက်စီးမှု ရှိနေကြောင်း သိရသည်။
အောင်မြတ်ထွန်း | သောကြာနေ့၊ သြဂုတ်လ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၁ မိနစ်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။