Ads (728x90)



ရန်ကုန် (မဇ္ဈိမ) ။       ။ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပုဇွန်တောင် မြို့နယ် အုပ်ချုပ်ရေးမှူးက စွပ်စွဲထားသည့်အမှုကို စွဲချက် တင်သင့်၊ မတင်သင့် စက်တင်္ဘာလ ၇ ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေ က ပြောသည်။

“ကျနော်တို့ဘက်ကတော့ စွဲချက်မတင်သင့်ဘူးလို့ ဒီနေ့ (သြဂုတ်လ ၂၄ ရက်) တရားရုံးမှာ စာနဲ့လျှောက် လဲချက် တင်ခဲ့တယ်။ ဟိုဘက်ကတော့ စွဲချက် တင်သင့်တယ်ဆိုပြီး လျှောက်မှာပေါ့။ တရားရုံးကတော့ အဲဒီ လျှောက်လဲချက်
တွေ  လာမယ့် စက်တင်္ဘာ ၇ ရက်မှာ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်” ဟု ဦးမြတ်ခိုင်အတွက် အမှုကို လိုက်ပါ ဆောင်ရွက်
ပေးနေသည့် ရှေ့နေ ဦးဝင်းရွှေ က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသော လူမှုအဖွဲ့ ပဋိပက္ခနှင့်ပတ်သက်၍ သတင်းနှင့် ဓာတ်ပုံများ ရေးသားဖော်ပြရာတွင် အများပြည်သူ အထိတ်တလန့်ဖြစ်အောင်နှင့် ဆူပူအုံကြွအောင် ရည်ရွယ် လုပ်ဆောင်ပါသည် ဟူသော စွပ်စွဲချက်များ
ဖြင့် လျှပ်တစ်ပြက် ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(ခ)၊ (ဂ) တို့ဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြု ဦးတိုက်လျှောက်ထားခြင်း ဖြစ်သည်။

ဥပဒေ ပုဒ်မ-၅ဝ၅(ခ)၊ (ဂ)သည် ပြစ်မှုထင်ရှား စီရင်ခံရပါက ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး
ဖြစ်စေ ချမှတ်ခံရနိုင်သည်။

အဆိုပါ အမှုကို ဇွန် ၂၅ ရက်နေ့က ပထမအကြိမ်အဖြစ် စတင်ကြားနာ စစ်ဆေးခဲ့ ပြီးနောက် ဇွန်လ ၂၉ ရက်၊ ဇူလိုင်လ ၁၃ ရက်၊ ဇူလိုင်လ ၂၄ ရက်၊ သြဂုတ်လ ၃ ရက်၊ သြဂုတ်လ ၁၄ ရက်နေ့တို့တွင် ဆက်လက်စစ်ဆေးခဲ့ပြီး ယနေ့ သတ္တမ အကြိမ်အဖြစ် ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ကြားနာခဲ့ခြင်း ဖြစ်သည်။

by Mizzima - News in Burmese on Friday, 24 August 2012 at 21:36 ·
(ကြားဖြတ်နှင့် သတင်းအကျဉ်း)

သစ်ငြိမ်း | သောကြာနေ့၊ သြဂုတ်လ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၇ မိနစ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...