ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း ၄၂ ရပ်ကွက်တွင် အခန်းပေါင်း ၆၄၉ ခန်းပါ တန်ဖိုးနည်း အိမ်ယာ အဆောက်အဦး ၂၇ လုံးကို တည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့ပြမြေယာနှင့် စီမံခန့်ခွဲမှုဌာနမှ ဒု-ဌာနမှူး ဦးတိုးအောင် က ပြောသည်။
ငမိုးရိပ်ချောင်းနဖူး ရပ်ကွက်၏ ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်ရှိ မြေ ၉ ဒဿမ ၂၅ ဧကပေါ်တွင် စတုရန်းပေ ၅၃ဝ ရှိ အဆောက်အဦး ၂၀ လုံးနှင့် စတုရန်းပေ ၁,၀၀၀ အကျယ်ရှိ အဆောက်အဦး ခုနှစ်လုံး ဆောက်လုပ် သွားမည် ဖြစ်သည်။
“အခုလောလောဆယ် ဒီဇိုင်းဆွဲတုန်းပါ။ ဆွဲပြီးမှ ဆောက်လုပ်ဖို့ကို စီစဉ်မှာပါ။ ဘယ်လို လူတွေကို ရောင်းချပေးမယ် ဆိုတာကတော့ ဆွေးနွေးနေတုန်းပါပဲ။ ဒီနှစ်မကုန်ခင်တော့ ဆောက်ဖို့ မှန်းထားတယ်” ဟု မဇ္ဈိမကို သြဂုတ်လ ၁၇ ရက်နေ့က ပြောသည်။
ဆောက်လုပ်ရန် လျာထားသော မြေမှာ ရန်ကုန် စည်ပင်သာယာပိုင် မြေဖြစ်ပြီး ၁၃ ဧက အကျယ်ရှိသော မြေတွင် စာသင်ကျောင်း တကျောင်း ရှိနေသည့်အတွက် ကျန်ရှိသည့် မြေပေါ်တွင်သာ ဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ရတနာဦး | သောကြာနေ့၊ သြဂုတ်လ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၄ မိနစ်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။