Advertiser
မိန်းမတစ်ယောက်ကို ချစ်ရတာ
ပစ္စည်းတစ်ခုကို လိုချင်လို့ မတန်တဆ ဈေးကြီး
ပေးပြီး ၀ယ်မိလိုက်ရသလို၊ နောက်ဆုံးတော့လဲ ...
မိန်းမတစ်ယောက်ကို ချစ်ရတာ
ကိုယ့်အထက်အရာရှိရဲ့ မျက်နှာရိပ်၊မျက်နှာကဲကို
ကြည့်ရသလို၊ အလိုလိုက် အကြိုက်ဆောင်ရွက်နေရသလိုပါဘဲ...
မိန်းမတစ်ယောက်ကို ချစ်ရတာ
ပြင်ပ အကျိုးဆောင်တွေမှာ ပိုက်ဆံအပ်ထားရသလို
ဘယ်အချိန် သစ္စာဖောက်မလဲ၊ ဘယ်အချိန်ထွက်ပြေးမလဲဆိုတာ
ရင်တထိတ်ထိတ်ပေါ့...
မိန်းမတစ်ယောက်ကို ချစ်ရတာ
အပြောင်းအရွှေ့ရာသီ ပိတ်ခန်နီး သက်တမ်းမတိုးတော့ဘဲ
စာချုပ်ပြည့်တော့မယ့် နာမည်ကြီး ဘောလုံး
သမားကို ပိုင်ဆိုင်ထားရသလိုပါဘဲ…
(Arsenal အသင်းကို သွားသတိရမိလိုက်ပါတယ်)
မိန်းမတစ်ယောက်ကို ချစ်ရတာ
ကြက်သွန်ဥ အခွံခွာရသလိုပဲ
အလွှာတွေ တစ်လွှာချင်း ခွာချနေပေမယ့်
အထဲမှာ ဘာမှ မရှိတဲ့ ဂလိုင်ပေါက်လိုပဲ
နောက်ဆုံး ကြက်သွန်မွှန်ပြီး
မျက်ရည်ကျရတာပဲ အဖတ်တင်တယ်…
မိန်းမတစ်ယောက်ကို ချစ်ရတာ
တာဝန်ကြီးတစ်ခုကို မဖြစ်မနေ ထမ်းဆောင်ရသလို
အိမ်ထောင့် တာဝန်ကိုလဲ တာဝန်ကျေအောင် မဖြစ်မနေ ထမ်းဆောင်ရပါလိမ့်မယ်...
(သစ္စာရှိသော၊ တာဝန်ယူချင်စိတ်ရှိသော သူများအတွက်သာ)
မိန်းမတစ်ယောက်ကို ချစ်ရတာ
မီးရထားစက်ခေါင်း တစ်ခုက
နောက်က တွဲများကို ပါအောင်ဆွဲခေါ်နိုင်ရသလို
ယောက္ခမ၊ယောက္ခထီး၊ ယောက်ဖ၊ခယ်မ အစရှိသည့်
ဆွေမျိုးများကိုလဲ ခေါ်ထားနိုင်ရပါ့မယ်...
(မိန်းမကြောက်ရသူများ အတွက်သာ)
မိန်းမတစ်ယောက်ကို ချစ်ရတာ
မိုးကောင်းကင်ထက်မှာ လွတ်လပ်စွာ ပျံသန်းပြီး
သွားချင်တဲ့နေရာသွား၊ စားချင်တာစား၊ လုပ်ချင်ရာလုပ်လို့ ရတဲ့ ငှက်ကလေးတစ်ကောင်၊
လှောင်အိမ်လေးထဲမှာ အကျဉ်းချခံလိုက်ရသလိုပါဘဲ…
ကဲ ကိုကိုတို့ရေလူပျိုကြီး လုပ်တာဘဲကောင်းပါတယ်နော် ..... အဟီး :P
Related Posts
- Aung Kyaw Soe15 Jun 2017မတင်ညွှန့် 
မတင်ညွန့် မတင်ညွန့် အသက် ၅၀ ကျော်မှ ကံပေါ်ရှာတယ်။ ရွာမှာတော့ အနေကျုံ့သူတစ်ဦး။ ရွာမှာဆိုရင်တော့ င...
- Aung Kyaw Soe02 Aug 2016သစ်ထုတ်လုပ်မှု ဆယ်နှစ်ရပ်ဆိုင်းမည့် သတင်း နှင့် စိုပြေအမြင်
သစ်ထုတ်လုပ်မှု ဆယ်နှစ်ရပ်ဆိုင်းမည့် သတင်းတွေ့သော အခါ စိုပြေ စိတ်ဆိုးသွားသည်။ တော်တော်ကို အသိဥာဏ...
- Aung Kyaw Soe10 May 2016မိန်းမနိုင်နည်း
၁ - ဘယ်တော့မှ ဦးစားမပေးပါနဲ့ မနက်စာပြင်ဆင်တဲ့အခါမျိုး ကိုယ်တိုင်ထ'လုပ်ပစ်လိုက်ပါ ၂ - စကားကို ...
- Aung Kyaw Soe10 Apr 2016(၁၂)ရာသီခွင် ဟာသ
ရာသီခွင်ဟာသဆိုပေမဲ့ ရာသီတစ်ခုချင်းစီရဲ့စရိုက်ကို ဖော်ကျူးရာမှာ အရမ်းမှန်ကန်ပါတယ်ဗျ (၁) Aries ...
- Anonymous18 Nov 2014ညီလေးများသို့ ပေးသည့်စာ
ညီလေးရေ...အမျိုးသားပညာရေးဥပဒေမူကြမ်းကြီးကြောင့် မင်းတို့ ရဲ့ တက္ကသိုလ်အသီးသီးမှာ ကျောင်းပျက်ရက်လံ...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။