Ads (728x90)

 ဘုန်းတော်ခြောက်စုံ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား..

တောင်းရမ်းစားသောက်နေသောသူတို့သည် ရွာသို့လည်းကောင်း မြို့သို့လည်းကောင်းနှိမ့်ချသောစိတ်ထားဖြင့် ၀င်ကြကုန်လေ၏ ။



ဘုန်းတော်ခြောက်စုံ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား..

ဘုရားတပည့်တော်သည် တောင်းရမ်းစားသောက်နေသူဧ။် စိတ်အစဉ်နှင့်တူသော စိတ်ထားဖြင့်နေပါတယ်ဘုရား ..

သူတောင်းစားဟူသည် ရွာထဲကိုဝင်ဝင် မြို့ထဲကိုဝင်ဝင် သိမ်ငယ်သောစိတ်ထားဖြင့် မျက်နှာငယ်ထားကာ ၀င်ရသကဲ့သို့ပင် ဘုရားတပည့်တော်သည် မာနတရား အတ္တထားကာ နေထိုင်ခြင်းမရှိပါဘုရား. မည်သူနှင့်ဆက်ဆံနေပါစေ သိမ်ငယ်သောစိတ်ထားဖြင့် တပည့်တော်နေပါတယ်ဘုရား..



ဘုန်းတော်ခြောက်စုံ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား..

ဦးချိုကျိုးနေသော နွားတို့မည်သည် တစ်စုံတစ်ယောက်သော သတ္တ၀ါကိုညဉ်းဆဲခြင်း သတ်ဖြတ်ခြင်းမပြုလုပ်ပါ.

ဘုရားတပည့်တော်သည် ဦးချိုကျိုးနေသောစိတ်ထားဖြင့်နေပါတယ်ဘုရား.

ချိုကျိုးနေသောနွားတို့မည်သည် သူဧ။်ဦးချိုမရှိသဖြင့် ဟိုသည်နွားကိုလိုက်လံ ရန်မူခြင်းမရှိ၊ နိုင့်ထက်စီးနင်းပြုခြင်းမရှိ သကဲ့သို့ပင် ဘုရားတပည့်တော်သည်လည်း ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးပါဘုရား.



ဘုန်းတော်ခြောက်စုံ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား..

အပေါ်သို့လည်းလျှံတက် ၍ နေသော အောက်သို့လည်း ယိုစီး ၍နေသော အပေါက်ကြီး အပေါက်ငယ်တို့ဖြင့် ပြည့်နှက်နေသော အမဲဆီအိုး ကို ရွက်ထားရသကဲ့သို့ ဟောသည် ခန္ဓာ ကြီးကို အမဲဆီကို ရွက်ဆောင် ၍ ထားရသည်ဟု သတိတရ မရှိကြပါဘုရား. ထိုကဲ့သို့ သတိတရ မရှိကြတဲ့သူတွေသာလျှင် တစ်စုံတစ်ယောက်သောသူကို နှိပ်စက်ခြင်း စော်ကားခြင်း ပြုလုပ်နေရာဧ။် တခြားသူများအား မနာလိုခြင်း ၊ ၀န်တိုခြင်း၊ မာန်မာနထားခြင်း ၊ ဒေါသတရားထားခြင်း တို့ဟာ ဟောသည် ခန္ဓာ ကြီးရဲ့ အရှိအမှန်ကို မသိခြင်းကြောင့် ကိလေသာများဖြစ်ပေါ်နေခြင်းသာ ဖြစ်ပါတယ်ဘုရား. ခန္ဓာ ကြီး ရဲ့အရှိအမှန် ဟူသည် တတောက်တောက် စီးယိုကျနေသော အမဲဆီအိုးကဲ့သို့ပင် ၀တ်ပေါက်ဒွါရ အသီးသီးတို့မှ အပုပ်ရည်များယိုစီးကျနေသော သည်ခန္ဓာယုတ် အကောင်ပုပ်သည် ရွံရှာဖွယ်အတိဖြစ်ပါသည်ဘုရား. ထိုသို့ ခန္ဓာ အစစ်အမှန်ကို မသိသောသူများသာလျှင် အတ္တကြီးခြင်း ၊ မာနကြီးခြင်းများ ဖြစ်ပြီး သူတစ်ပါးကိုနှိမ့်ချ ရန်လိုကာ ငါတကောကော ကြကာ ကိလေသာတွေဖြစ်နေဦးမည်ဖြစ်ပါသည် အရှင်ဘုရား..



ဘုရားတပည့်တော်သည် အမဲဆီကဲ့သို့ ရွံရှာဖွယ်အတိပြီးသော ဤ ခန္ဓာ ဧ။် အရှိအမှန်ကို သိပြီးဖြစ်သဖြင့် မာန်မာနထားခြင်းအလျဉ်းမရှိပါဘုရား.









ဘုန်းတော်ခြောက်စုံ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား..

ဖြီးလိမ်းပြင်ဆင်ထားပြီးသော လုလင်ပျိုလုံမပျိုတို့သည် သူတို့ဧ။် လည်ပင်းမှာဆွဲချိတ်ထားသော အကောင်ပုပ်ကို ရွံရှာသကဲ့သို့ ဟောသည် ခန္ဓာ ကြီးကို အကောင်ပုပ်လို့ သဘောထားပါတယ် ဘုရား. ထို့ကဲ့သို့သတိတရ မရှိကြတဲ့သူတို့သည်သာလျှင် တစ်စုံတစ်ယောက်သောသူကို နှိပ်စက်ခြင်း စော်ကားခြင်းပြုလုပ်လေရာဧ။် ။

အလှပြင်ဆင်နံသာလိမ်းကျံထားသော လုံမပျိုအား တစ်စုံတစ်ယောက်သောသူက သူမရဲ့လည်ပင်းမှာ အကောင်ပုပ်တစ်ခုလောက် ဆွဲချိတ်ပေးထားခဲ့ပါလျှင် ထိုလုံမပျိုသည် စက်ဆုပ်ရွံရှာသကဲ့သို့ပင် ဘုရားတပည့်တော်သည်လည်း ဟောသည် ခန္ဓာ ကိုရွံရှာလှပါတယ် ဘုရား.

ထိုသို့ကောင်းစွာ မသိမြင် မယုံကြည်သောသူသည် ကိလေသာနွံအတွင်းမှာပဲ ငါ ငါ ဆိုတဲ့ တစ်ငါငါဆွဲထားကာ တ၀ဲလည်လည်ဖြစ်နေပါမည်ဘုရား.



ဘုရားတပည့်တော်သည် အကောင်ပုပ်ကဲ့သို့ ရွံရှာဖွယ်ဖြစ်သော် ခန္ဓာ အရှိအမှန်ကို ကောင်းစွာသိပြီး ဖြစ်ပါသဖြင့် ငါ တည်းဟူသော အတ္တဆန်တဲ့စိတ်ကို ခ၀ါချကာ မည်သူ့ကိုမဆို ခန္တီ စိတ်ဓာတ်ထားနိုင်ပါပြီအရှင်ဘုရား
လက်ယာတော်ရံ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးမှ မြတ်စွာဘုရားကို လျှောက်ထားချက်များမှ အထူးသံဝေဂရစရာများ ကိုကောက်နှုတ်တင်ပြပါသည်။
 By :
Myint Thein:

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...