Ads (728x90)

မလေးတွင် မြန်မာနိုင်ငံသား အချင်းချင်း ခိုက်ရန် ဖြစ်ပွား၍ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ခိုင်မောင်ဦး (မလေး)
မလေးရှားတွင် ရောက်ရှိနေသော မြန်မာတိုင်းရင်းသားများ အကြား အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

အခင်းမှာ သြဂုတ်လ  ၁၇ ရက်နေ့က မလေးရှားရောက် မြန်မာ လူမျိုးများနှင့် ချင်းလူမျိုး ဒုက္ခသည်အချင်းချင်း အကြား ပြဿနာ ဖြစ်ပွားရာမှ ကလဲ့စားချေ တိုက်ခိုက်ကြသဖြင့် လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ချင်းအမျိုးသား ၂ ဦး သေဆုံးကာ ၃ဦး ဒဏ်ရာ ရရှိကြောင်း ချင်းဘာသာဖြင့်  ထုတ်ဝေသော One  Star Journal တွင် ဖော်ပြ ထားသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Pudu Area ရှိ ဗမာစား သောက်ဆိုင် တစ်ခု တွင် သြဂုတ်လ ၁၇ ရက်နေ့ ညတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ  ချင်းလူမျိုး ငါးဦးနှင့် စားသောက်ဆိုင် ၀န်ထမ်းများ ရိုက်နှက်မှု ဖြစ်ပွားရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖေါ်ပြရာတွင် အဆိုပါ ဆိုင်ဝန်ထမ်းများနှင့် ချင်းလူငယ်များ အကြား ယခင်က  ပြဿနာ ဖြစ်ပွားမူ ရှိခဲ့ပြီး အဆိုပါနေ့က ချင်းလူငယ်များ အနီးအနားရှိ အရက်ဆိုင် တစ်ဆိုင်တွင် အရက်လာသောက်စဉ် မြန်မာ ဆိုင်ဝန်ထမ်း ၁၅ ဦးက ဆိုင်အောက်မှ အမိုက်ပုံ အနီးတွင် ရပ်စောင့်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်သူ ၁၅ ဦးထဲမှ အဓိက တရားခံနှစ်ဦးကို မလေးရဲက ဖမ်း ဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
သြဂတ်စ်လ ၂၄ ရက် ယနေ့ နံနက် ကလည်း အဆိုပါ စားသောက်ဆိုင်တွင် တဘက်နှင့် တဘက် တိုက်ခိုက်ကြသဖြင့် ထပ်မံ ပြဿနာ ဖြစ်ပွားရာ အများအပြား ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ ( နိရဉ္စရာ )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...