Ads (728x90)


ရခိုင်တွေကို စိုးကြောက်လို့ခေတ်အဆက်ဆက်က အမျိုးမျိုးဖိနှိပ်၊ချုပ်ချယ်နှိပ်ကွပ်၊နာမ်နှိမ်ထားထားခံထားခဲ့ရတာ အချိန်ကာလကြာညောင်းခဲ့ပါပြီ။ ရခိုင်ပြည်ကို ရခိုင်တွေမပိုင် ရခိုင်လူမျိုးတွေကိုယ့် ကံကြမ္မာကိုယ့်လက်ထဲမှာမရှိတဲ့ ခေတ်ထဲမှာလျောက်လှမ်းလာခဲ့ရတာ ၁၉၄၂ ခုနှစ် နဲ့ခုလက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာ ကိုတွေ့ရင်မြင်သာထင်သာ နေသည်။ မရေရာတဲ့အနာဂါတ်တွေနဲ့ စိုးရိမ်ကြောက်လန့်ထိပ်လန့်နေမှုတွေကို အချိန်ကာလတွေက ကုစားပေးမှာဆိုပေမဲ့ ဆိုးပြီးရင်းဆိုး ၊ခံရပြီးရင်းခံရနေရင်တော့ ဒါမဖြစ်သေးဘူး။ ရက္ခိတစိတ်ဓါတ်တစ်ခုထဲ နဲ့အနောက်တံခါးပေါက် ကနေလူမျိုးခြားလွမ်းမိုးဝါးမြိုလာမှုတွေကို ကြံ့ကြံ့ခံနေတဲ့ရခိုင်လူမျိုးတွေရဲ့ဖြစ်အင်ကို လက်ခံလာကြ၊ အသိအမှတ်ပြုလာကြပေမဲ့ ရခိုင်လူမျိုးတွေကို လုပ်ပိုင်ခွင့်ပေးဖို့ ကြတော့လက်တွန့်နေကြဆဲပင်။ ရခိုင်လူမျိုးတွေအနေနဲ့ ကိုယ့်မြေ ကိုယ့်ရေမှာနေပြီး သူတစ်ပါးရဲ့ စော်ကား အကြမ်းဖက်ခံရတာတွေ၊ တစ်လွဲအသုံးချခံရတာတွေ အပေါ်ဘာမှ မတတ်နိုင်။ ကိုယ့်လူမျိုးကို ကိုယ်လုံခြုံမှုမပေးနိုင်တဲ့ ရခိုင်သားတွေရဲ့ အဖြစ်က ရင်နာစရာပင်။ တစ်ပေါင်းတစ်စုတည်း သတ်မှတ်ခံထားရပေမဲ့ တန်းတူညီမျှမရသေးဘူး။ ရခိုင်လူမျိုးတွေအနေနဲ့ ကိုယ်မြေ ကိုယ့်ရေ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်ခွင့်မရပေမဲ့ ရက္ခိတစိတ်ဓါတ် အရင်းခံလူမျိုးဖြစ်တာနဲ့အညီ မညှိုးနွမ်းသေးတဲ့ အမျိုးဂုဏ်ကိုစောင့်ထိမ်းနေကြဆဲဖြစ်သည်။ ထိုသို့သောအမျိုးဂုဏ်စောင့်ထိမ်းတဲ့ လူမျိုးတွေကိုလုပ်ပိုင်ခွင့်ပေးလိုက်ခြင်းသည် အမျိုးဘာသာ သာသနာကို ကာကွယ်သမှူပြုခြင်း ၊လူမျိုခြားများရဲ့ ၀ါးမြိုမှုမှ ကာကွယ်မှုပေးပြီးသားဖြစ်နေလိမ့်မယ်။ ခေတ်ဘယ်လိုပြောင်းပြောင်း မပြောင်းလဲသေးပါ ဆိုလျင်မဖြစ်သေးပါ။ ရခိုင်အရေး ဆိုသည့်အတိုင်းရခိုင်လူမျိုးတွေ အတွက်အလွန်အရေးကြီးသည်။ ရခိုင်လူမျိုးတွေအပေါ် အပြည့်အ၀ကာကွယ်သမှုပြုနိုင်ရင်လဲ ရခိုင်လူမျိုးတွေကို ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်ခွင့်ကို လက်လွဲပေးသင့်သည်။ အနာဂါတ်ဘယ်လိုရှိမလဲမသိပေမဲ့ ဒီအတိုင်းဆက်သွားဖို့ဆိုတာမဖြစ်နိုင်ဘူး။  ရခိုင်အရေးကို အပြောသာရှိပြီး လက်တွေ့အကောင်အထည်မဖော်နိုင်သေးတဲ့ ဖြစ်အင်မျိုးမဖြစ်စေချင်ပါ။

by Arrakan Forever on Thursday, 23 August 2012 at 02:07 ·

our land
· · Share

  • 1 share
    • Ne Zan ဒေကိစ္စ ဖြစ်ရရေ အကြောင်း၊ ရခိုင်သားတိဘ၀င်မကျရရေအကြောင်းနဲ့ ရခိုင်သားတိအတွက် ရှိမှာဇာဖြစ်လာဖို့လဲ မခန်းမှတ်နိုင်ရေအကြောင်းတိကတောခါ ကိုယ့်ကြံကမ္မာကို ကိုလုပ်နိုင်ခွင့်မရသိလို့ပါ။
      13 hours ago ·

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...