Ads (728x90)



ဗန်ပါစီ၏ အေးဂျင့်မှ အပြောင်းအရွှေ့အတွက် မန်ယူအသင်းထံမှာ အေးဂျင့်ခ ပေါင် ၄ သန်းကိုအလိုရှိနေ၊
ဗန်ပါစီ၏ အေးဂျင့်မှ အပြောင်းအရွှေ့အတွက် မန်ယူအသင်းထံမှာ အေးဂျင့်ခ ပေါင် ၄ သန်းကိုအလိုရှိနေ၊
အာဆင်နယ်တိုက်စစ်မှုး၏ အေးဂျင့်ဖြစ်သူ Kees Vos သည် ဗန်ပါစီ၏အပြောင်း အရွှေ့ဖြစ်မြောက်မည်ဆိုပါက အေးဂျင့်က ပေါင် ၄ သန်းကို အလိုရှိနေကြောင်းသိရသည်။

အာဆယ်နယ်၏ ပေါင် ၂၅ သန်းတန်ဖိုးသတ်မှတ်မှုတွင် စီးတီးနှင့် ဂျူဗင်တပ်စ်အသင်းများမှ နောက်ဆုတ်သွားပေါ်ပုံနေသော အနေအထားတွင် မန်ယူနိုက်တတ်သို့ ပြောင်းရွှေ့ရန်မှာလည်း ဘာမှမသေချာသောအခြေအနေတွင်ရှိနေသည်။ ကစားသမား၏ လစာ လိုချင်မှုနှင့် အေးဂျင့်ခတို့သည် အတားအဆီးများဖြစ်ဖွယ်ရှိနေသည်။

မန်ယူနိုက်တတ်သည် ကစားသမား အပြောင်းအရွှေ့များတွင် အမြဲတမ်း နောက်ကောက်ကျလေ့ရှိပြီ အောက်ပါ ကစားသမားများသည် သက်သေများဖြစ်ကြသည်။

ဆမ်မီ နာဆရီ - ပြီးခဲ့သော နွေရာသီတွင် အာဆင်နယ်အသင်းမှ နာဆရီကို ခေါ်ယူရန် မန်ယူအသင်းသည် ရေပန်းစားခဲ့ပြီးနောက် နောက်ဆုံးတွင် ကစားသမားအနေဖြင့် မန်စီးတီးသို့ပြောင်းရွှေ့သွားခဲ့သည်

ရှနိုက်ဒါ - ပြီးခဲ့သော ရာသီ၏ အလှုပ်ရှားဆုံးသတင်းဖြစ်ခဲ့ပြီး မန်ယူသို့ ပြောင်းရွှေ့မည်ဟု ယုံကြည်ခဲ့ကြပြီးမှ ကစားသမား အနေဖြင့် လစာကိစ္စအဆင်မပြေမှုကြောင့် အင်တာတွင်သာ ဆက်နေခဲ့သည်။

ဟတ်ဇာ့ဒ်- ဘယ်ဂျီယံ ကစားသမားအတွက် မန်ယူအသင်းသည် ချယ်ဆီးအသင်းနှင့်ယှဉ်ပြိုင်ခဲ့ပြီး ချယ်ဆီးအသင်းမှ အနိုင်ရရှိခဲ့သည်။

မိုဒရစ်- မန်ယူအတွက် နာမည်ထွက်နေခဲ့သော်လည်း ကစားသမားကမူ ရီးရဲလို့သာ ပြောင်းလိုကြောင်း ဆန္ဒရှိနေခဲ့သည်။

မိုရာ- မန်ယူအသင်းနှင့် သဘောတူညီမှုများ ရှိပြီးသည်တောင်မှ ပီအက်စ်ဂျီအသင်းနှင့်သာ စာချုပ်ချုပ်ဆိုသွားခဲ့သည်။

ယခု ဗန်ပါစီကိုရော ဖာဂူဆန်မှ ကမ်းလှမ်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
Translated by : ထာဝရ
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။
 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...