Ads (728x90)



တကယ်တော့ လူးကပ်စ်မိုရာသည် မန်ယူအသင်းနှင့် အပြောင်းအရွှေ့အတွက် သဘောတူပြီးသားဖြစ်သည်။
ဆော်ပေါ်လိုတိုက်စစ်မှုး လူးကပ်စ်မိုရာသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်မချုပ်ဆိုမှီ မန်ချက်စတာ ယူနိုက်တတ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီပြီးသား ဖြစ်သည်ဟု ကစားသမား၏ အေးဂျင့်က ပြောကြားလိုက်ကြောင်းသိရသည်။

ဆာအဲလက်စ်ဖာဂူဆန်ကို အံ့သြမှင်သက်စေခဲ့သည့် ပီအက်စ်ဂျီအသင်းသို့ တန်ဖိုးကြီးမားသည့် မိုရာ၏အပြောင်းရွှေ့ မဖြစ်မြောက်မှီ ကစားသမားသည် မန်ယူသို့ ရောက်ရှိရန် အလားအလာကောင်းနေခဲ့သည်။ လူးကပ်စ်၏ အေးဂျင့်ကိုယ်စားလှယ်ဖြစ်သည့် ရီဘာရို မှ ပြောကြားရာတွင် ပရီးမီးယားကလပ်အသင်းနှင့် ဆွေးနွေးညှိနှိုင်းမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ကြောင်း ဆိုခဲ့သည်။

" အရာအားလုံးက ဆော်ပေါ်လိုနဲ့ မန်ယူ အသင်းအကြားမှာ သဘောတူညီမှုရပြီးပါပြီ၊ စာချုပ်ကိုတောင် ရေးပြီးသွားပါပြီ၊ လက်မှတ်ထိုးဖို့ ပဲကျန်တော့တာပါ" ဟု ကစားသမားအေးဂျင့် ရီဘာရိုမှ ပြောကြားသည်။
" ဒါပေမယ့် အဲလိုအနေထားမှာပဲ ပီအက်စ်ဂျီက အကြီးအကဲ လီယိုနာဒိုက ကျနော့်ကိုခေါ်ပြီးတော့ လူးကပ်စ်နဲ့စကားပြောချင်တယ်လို့ တောင်းဆိုခဲ့တယ်။ အဲဒီမှာ သူတို့စကားပြောကြတယ်။ လီယိုနာဒိုက ဘရာဇီးကလဲဖြစ်တယ်၊ လူးကပ်စ်ကို သူငြင်ငြင်သာသာလေးပဲ ဆွေးနွေးတယ်၊ ပဲရစ်စ်မှာ နေရတာက မန်ချက်စကာမှာထက်ပိုပြီး ကောင်းမွန်တယ်လေ။ အဲဒါလဲတစ်ချက်ပေါ့။ ပြီးတော့ ပီအက်စ်ဂျီအသင်းရဲ့ စီမံကိန်းတွေက လူးကပ်စ်ကို ဆွဲဆောင်ခဲ့တာပေါ့" ဟု အေးဂျင့်မှ ဖွင့်ဟခဲ့ကြောင်းသိရသည်။
မည်သို့ပင်ဖြစ်စေ ယခုတွင်မှာ အားလုံးပြီးဆုံးသွားပြီဖြစ်သောကြောင့်  မန်ယူအသင်းအတွက် နောက်ကျသွားပေပြီ။
Translated by : ထာဝရ 
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။ Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...