Ads (728x90)


သမီးရည်စားအတွဲတစ်တွဲမှာ ကောင်မလေးက ကောင်လေးကို ဘယ်အရာရာမဆို ကောင်မလေးချည်းပဲ ဦးဆောင်နေသလိုဖြစ်နေခဲ့တယ်။ ဒါကိုကောင်မလေးသိပ်သဘောမကျဖြစ်နေတာ......
တစ်ရက်... နှစ်ယောက်ပင်လယ်ပြင်ကို အပျော်စီးသင်္ဘောနှင့် အလည်သွားချိန်မှာ သင်္ဘောမှောက်သွားတယ်။ ကံကောင်းထောက်မစွာနှင့် ပျဉ်ပြားတစ်ချပ် သူတို့ ရေပေါ်မှာမျောနေကြတယ်။
“နင်ကြောက်နေလား” ကောင်မလေးမေးတော့ “ ဓါးသေးသေးလေးကို ထုတ်လာပြီး “ကြောက်ပါဘူး၊ ငါးမန်းတွေလာရင်ငါဒီဓါးနဲ့ ထိုးလိုက်မယ်” လို့ပြောတော့ ကောင်မလေးက ခေါင်းလေးခါပြီး ရီတယ်........
သိပ်မကြာခင်မှာပဲ သင်္ဘောတစ်စင်းလည်း သူတို့ မျောလာနေတာကို တွေ့တယ်...ပြီးတော့ တစ်ဖက်မှာ ငါးမန်းတွေလည်းလာနေတယ်....
ကောင်မလေးက “ငါတို့ အစွမ်းကုန်ကူးခက်ကြရအောင်”အဲဒီအချိန်မှာ ကောင်လေးဟာ ကောင်မလေးကို ပျဉ်ပြားပေါ်ကတွန်းချလိုက်ပြီး တစ်ယောက်တည်း ကူးသွားတယ်.... “ဒီတစ်ခါငါအရင်ကူးမယ်ဆိုပြီး” ထွက်သွားတယ်.... ကောင်မလေးမှာ ပြောမတတ်လောက်အောင် အ ပြီးကျန်ခဲ့တယ်.....
ကောင်လေးဟာ ငါးမန်းတွေဝန်းရံနေတဲ့ကြားမှာ ကူးခက်ရင်း “ငါနင့်ကို အရမ်းချစ်တယ်” လို့ဆိုကာပင်လယ်ထဲ မှာပျောက်ကွယ်သွားတယ်.....။
သင်္ဘောသားတွေ က ထိုအချိန်မှာ ကောင်မလေးကို ကယ်တင်လိုက်တယ်....
သင်္ဘောcaptain က “ကောင်မလေး၊ သူဟာ ငါတွေ့ ဖူးတဲ့လူတွေထဲမှာ အရဲရင့်ဆုံးပဲ သူ့အတွက်ဆုတောင်းပေးကြရအောင်”
“မဟုတ်ဘူး၊ သူကငကြောက်” လို့ ကောင်မလေးကဆိုတော့ သင်္ဘောcaptain က “ဟာ ဘာလို့လဲ၊ နင်တို့ကို ကယ်မလို့ အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်နေတာ၊ ထင်ထင်ရှားရှားပဲ နင့်ကိုတွန်းထုတ်လိုက်ပြီး သူ့လက်ကိုသူ ဓါးနဲ့ ဒဏ်ရာရအောင်လုပ်လိုက်တယ်.... ငါးမန်းဆိုတာ သွေးညှိနှံ့ကို ချက်ခြင်းသိတာ...
နင်ကိုကယ်ဖို့အချိန်ရအောင်ပါ......။
သူသာဒီလိုမလုပ်ရင် နင်လည်း ဒီသင်္ဘောပေါ်မှာရောက်လာမှာမဟုတ်ဘူး..........”

<Fwd mail>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...