Ads (728x90)



လီဗာပူအနေနဲ့ အန်းဖီးရဲ့ အမည်နာမ မူပိုင်ခွင့်ကို ရောင်းချ နိုင်ပါတယ်။ (အသင်းပိုင်ရှင် ဂျွှန်ဟင်နရီ)
လီဗာပူအနေနဲ့ အန်းဖီးရဲ့ အမည်နာမ မူပိုင်ခွင့်ကို ရောင်းချ နိုင်ပါတယ်။ (အသင်းပိုင်ရှင် ဂျွှန်ဟင်နရီ)
ကလပ်အသင်း၏ အမေရိကန်လူမျိုးအသင်းပိုင်ရှင်သည် အန်းဖီး၏ အမည်နာမ မူပိုင်ခွင့်ကို သင့်လျော်သော ပါတနာ တွေ့ရှိပါက ရောင်းချမည်ဖြစ်ကြောင်း သို့သော် ထိုသို့ပြုလုပ်ရန်တော့ အထူးတလည် မကြိုးစားရသေးကြောင်း ပြောကြားခဲ့သည်။

"အမည်နာမ မူပိုင်ခွင့်ကိုရောင်းချဖို့ ဖြစ်လာနိုင်ပါတယ်။ သင့်လျော်တဲ့ ပါတနာ တွေ့မယ်ဆိုရင်ပေါ့လေ၊ ဒါပေမယ့် အခုထိတော့ အဲဒီနောက် မလိုက်ရသေးပါဘူး" ဟုဆိုခဲ့သည်။

ယမန်နှစ်က ကားလင်းဖလားရရှိခြင်းသည် အရေးကြီးခဲ့ကြောင်းပြောကြားခဲ့ပြီး ယခုနှစ်တွင် အသင်းအနေဖြင့် ပရီးမီးယားလိဂ် ဖလားရနိုင်သည် ဆိုခြင်းကိုမူ ငြင်းပယ်သွားခဲ့သည်။

" ကျနော်တို့က ပိုက်ဆံအတွက် ယှဉ်ပြိုင်တာမဟုတ်ပါဘူး နိုင်ဖို့ယှဉ်ပြိုင်တာပါ၊ မနှစ်က ကားလင်းဖလားရတာရယ် အက်ဖ်အေဖလား ဖိုင်နယ်ရောက်တာရယ်က ကြီးမားပါတယ်။ အသင်းထောက်ခံသူတွေက လီဗာပူးရဲ့ ကျောရိုးပါပဲ၊ ကျနော်တို့ကစားသမားတွေအနေနဲ့ ဒီဖလားတွေရတာဟာ အသင်းထောက်ခံသူအတွက် ဘယ်လို အရေးပါတယ်ဆိုတာ နားလည်ပါတယ်၊ ကျနော်တို့ရဲ့ ပန်းတိုင်က ပရီးမီးယား ဖလား ရဖို့ပါ၊ ဒါပေမယ့် ဒီနှစ်တော့ မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီအတွက် ရည်မှန်းပြီး လုပ်နေတာပါ၊ ကျနော်တို့ရဲ့ လိဂ်မှာ  စွမ်းဆောင်ရည် တတ်လာမှပဲ ဖလားကရနိုင်မှာပါ" ဖလား ရရှိနိုင်မနိုင်နှင့် ပတ်သက်ပြီးပြောကြားခဲ့သည်။

”မန်ယူနိုက်တတ်ရဲ့ အောင်မြင်မှု၊ ချယ်ဆီးအသင်းရဲ့ အောင်မြင်မှု၊ မန်စီးတီးတို့ရဲ့အောင်မြင်မှုတွေကို သက်သေထားကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ်အတွက် အသင်းမှာ လုံလောက်တဲ့ အရင်းအမြစ်ရှိဖို့လိုပြီး အသင်းရဲ့ လူအင်အားကို နှစ်တိုင်း ဖြည့်နိုင် တိုးတတ်အောင် လုပ်နိုင်မှ ဖြစ်မယ်။ တခြား နည်းလမ်းရွှေးချယ်စရာ မရှိပါဘူး" ဟု ဟင်နရီကဆက်လက်ပြောကြားခဲ့သည်။
Translated by : ထာဝရ
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။
 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...