Ads (728x90)



Bonsai Kitten ဆိုတာကတော့ အလှဖန်ပုလင်းတွေထဲမှာ အရိုးပျော့အောင်လုပ်ပြီး ပုံသွင်းခံရတဲ့ ကြောင်လေးတွေပါ။Bonsai Kitten .com ဆိုပြီး သရော်စာပါ ၀ဘ်ဆိုဒ်တစ်ခုရှိပါတယ်။ ကြောင်တွေကို ဖန်ပုလင်း ထဲ မွေးမြူပုံမွေးမြူနည်း လမ်းညွှန်ချက်တွေကို ထောက်ပံ့ပေးထားတာပါ။ အဲ့ဒီ့မွေးမြူခံကြောင်လေးတွေရဲ့ အရိုးတွေဟာ ပျော့ပြီး ဖန်ပုလင်းရဲ့ ပုံစံခွက်အတိုင်း ကြီးပြင်းလာကြမှာပါ။ Bonsai Plant တွေကြီးလာ သလိုမျိုးပေါ့။
Bonsai Kitten .com ကို မန်ဆာချူးဆက် နည်းပညာတက္ကသိုလ် MIT မှ ကျောင်းသား တစ်ဦးက Dr. Michael Wong Chang ဆိုတဲ့ အမည်တုနဲ့ ဖန်တီးခဲ့တာပါ။ ဒီ ၀ဘ်ဆိုဒ်ကြောင့် ပြည်သူလူထုရဲ့ တိရိစ္ဆာန်အခွင့်အရေး အဖွဲ့အစည်းတွေထံ တိုင်းတန်းချက်တွေ အစုလိုက်အပြုံလိုက် ထွက်ပေါ်လို့လာခဲ့ပါတယ်။ ၀ဘ်ဆိုဒ်မှာပါတဲ့ အကြောင်းအရာတွေဟာ အတုအယောင်တွေ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါဟာ တိရိစ္ဆာန်အကြမ်းဖက်မှုတွေဆီကို ဦးတည်လှုံ့ဆော်နေတယ်လို့ တိရိစ္ဆာန်အခွင့်အရေးအဖွဲ့အစည်းတွေက ဖော်ပြကြတယ်လို့ မီချီဂန် တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေး (MSPCA) ရဲ့အချက်အလက်တွေ အရ သိရပါတယ်။
၎င်းဝဘ်ဆိုဒ်ရဲ့ ကနဦးပုံစံဟာ ပိတ်ချခံလိုက်ရပေမဲ့ ၄င်းဝဘ်ဆိုဒ်ကို ပိတ်ဖို့ (ဒါမှမဟုတ်) အင်တာနက်ဝန်ဆောင်မှုထောက်ပံ့ရေး (ISP) ကို တိုင်တန်းဖို့ ဆိုပြီး အသနားခံလွှာတွေ ထွက်ရှိလာစေပါတယ်။တကယ်တမ်း Bonsai Kitten .com ကို ဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ အပြောင်အပျက်အနေနဲ့ လှည့်ဖျားခြင်းပဲ ဖြစ်ပါတယ်။
Dr. Chang ရဲ့အဆိုအရ ကျွန်တော်တို့ ကမ္ဘာကြီးဟာ သဘာဝကို လူသုံးကုန်အဖြစ် မြင်လာကြတာ များလာပါတယ်တဲ့။ ဒါ့ကြောင့် ယခုလိုမျိုး ၀ဘ်ဆိုဒ်တစ်ခုဟာလည်း လူတွေဟာ ကောင်းကောင်းကြီး လိုချင်တဲ့ဟာ တစ်ခုဖြစ်လာပါလိမ့်မယ်တဲ့။ ဒီလိုနဲ့  လူသိန်းပေါင်းများစွာဟာ ဒီ ၀ဘ်ဆိုဒ်ကို အာရုံစိုက်မိလာကြပါတယ်။ ယခု မြန်မာနိုင်ငံမှာ Facebook ပေါ်ကနေ Bansai Kitten လေးတွေရောင်းတယ်ဆိုတဲ့ Page တစ်ခုဟာလည်း လူတွေ အာရုံစိုက်လာအောင် လှည့်ဖျားပုံရပါတယ်။ ဒီလို လူအများအာရုံစိုက်လာအောင် လှည့်ဖျားခြင်း (Spoof) ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှုကို အားပေးအားမြှောက်လုပ်ရာကျတယ်လို့ တိရိစ္ဆာန်အခွင့်အရေး အဖွဲ့အစည်းတွေက ဆိုထားပါတယ်။Ref:Wikipedia

http://www.trend.com.mm/

Post a Comment

Blogger Disqus
  1. Hiện nay, dòng iphone se đang rất được ưa chuộngcó nên mua iphone se không không nhỉ?. Những điềm trong cuộc sống bạn nên quan tâm như đom đóm bay vào nhà là điềm gìHay Thắp hương không cháy hết báo điềm gì.hoặc linh miêu nhảy qua xác người chết
    Sức khỏe và an toàn trong quan hệ giới tính là rất cần thiết, chính vì vậy bạn cân trang bị cho mình những kiến thức về sử dụng 2 bao cao su có an toàn khôngdùng bao cao su có an toàn không
    30-4 sắp đến là một kì nghỉ lễ dài nếu Đi chùa Hà cầu duyên như thế nào nhỉ các bạn. Hay những địa điểm ở hà nội, khi 30-4 ở Hà nội nên đi đâu cùng với địa điểm du lịch ở Đà Nẵng vào 30-4
    Và đặc biệt, rất nhiều bạn đọc đang quan tâm đến nhữngđịa điểm vui chơi ở Sài Gòn 30-4

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...