Ads (728x90)


ထူးကုမ္ပဏီများအုပ်စု၏ လုပ်ငန်းစုတစ်ခုဖြစ်သော နေပြည်တော် တိရစ္ဆာန်ဥယျာဉ် ဆင်ပြကွက်မှ ဆင်ထီး မောင်မြမောင်နှင့် ဆင်မလေး ဇာငယ်ထွေး တို့မှ သြဂုတ်လ(၇) ရက်နေ့၊ နံနက်(၅)နာရီခွဲ အချိန်တွင် ဆင်ထီးလေး တစ်ကောင် ထပ်မံ မွေးဖွားခဲ့ပါသည်။

နေပြည်တော်တိရစ္ဆာန်ဥယျာဉ် ဆင်ပြကွက်တွင် ဆင်ထီးငါးကောင်နှင့် ဆင်မ ကိုးကောင် စုစုပေါင်း (၁၄)ကောင် မွေးမြူထားပြီး ယခုဆင်ငယ်လေးကို အောင်မြင်စွာ မွေးဖွားခဲ့သည့် ဆင်ထီးမောင်မြမောင် မှာ အသက် (၂၄)နှစ်ရှိပြီး ဆင်မ ဇာငယ်ထွေး မှာလည်း (၂၄)နှစ်ဖြစ်ကြောင်းသိရှိရပါ သည်။


ပြီးခဲ့သည့် ဇူလိုင်လ(၂၉) ရက်နေ့ မနက်(၁း၀၀) အချိန်ကလည်း အဆိုပါဆင်အုပ်စုအတွင်းရှိ ဆင်ထီး မောင်မောင်လွင် နှင့် ဆင်မလေးဆွေရတနာ တို့မှ ဆင်မကလေး ကျားမေအား မွေးဖွားခဲ့ပါသည်။
ယခု ထပ်မံ မွေးဖွားလာသည့် ဆင်ထီးလေးအား မောင်မေတ္တာဟု အမည်ပေးထားပြီး နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ရှိ တာဝန်ရှိသူများမှ ဆင်ပေါက်ကလေးများအား သဘာဝကျကျ နေထိုင်နိုင်အောင် ထိန်းသိမ်း စောင့်ရှောက် ပေးလျှက် ရှိပါသည်။

နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တ၀ါ (၃၁၅)ကောင်၊ ကျေးငှက် (၃၁၂)ကောင်၊ တွားသွား သတ္တ၀ါ (၆၈)ကောင်၊ စုစုပေါင်း ၇၃၁ ကောင် မွေးမြူ ပြသထားပါသည်။


Post By : 
HTOO Group of Companies added 3 new photos.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...