Ads (728x90)


‘ည” ရုပ်ရှင် ဇာတ်ကားရဲ့ ဇာတ်ဝင်တေး အဆိုရှင် ဦးတေဇ ရဲ့ သမီး ဟ ရေချယ်တေဇ ကသူမရဲ့အနုပညာ နဲ့ပတ်သတ်ပြီးအခုလိုပဲပြောပါတယ်။”အခုထိကိုယ့်ကိုကိုယ် ဘာရယ်လို့မှလဲ သတ်မှတ်ချက် မပေးထားဘူး။ Rachel သီချင်း ဆိုရတာပျော်တယ်၊ ဘယ်ရောက်လို့ဘယ်နေရာဖြစ်ဖြစ် ဆိုနေရရင်ကိုပျော်တာ။ အဓိက ပြောချင်တာ Rachel အတီးသမား မဟုတ်ဘူး၊ အတီးဖက် အားနည်းတယ်။ ရှင်းရှင်းပြော ရရင် chord လေး ၄-၅ ခုသိ ပြီး ရှောက်ကစားကြည့်တယ်။

စာသား ကိုပိုအားကိုးမိတယ်။ တီးဝိုင်း ဆိုလို့ လို့လဲ ကိုယ်လိုချင်တဲ့ ပုံစံသိတဲ့ ခိုင်ခိုင်မြဲမြဲ band တခုမရှိဘူး။
သီချင်းသွင်းချင်ရင် ဟိုband ကခင်တဲ့ အကိုတွေ တွေ အကူညီတောင်းလိုက်၊ ဒီ band ကလဲအားမဲ့ ဦးလေးတွေ ကိုအကူညီတောင်းပြီးတီးဖြစ်တယ်။ လိုချင်တဲ့ Mood ကို အကုန်လုံး နားလည်အောင် express လုပ်ပြရတာ rachel အတွက် ခက်တယ်။

Rachel ဂီတာ ကလွဲလို့လဲတခြားဘာမှ သိပ်မတီးတတ်ဘူး။ Arrangement တယောက်ထဲ ဂီတာ တလုံး နဲ့ လုပ်နေရတာ နဲနဲခက်တယ်။ Music genre ဆိုရင် rachel အကြိုက်ဆုံးက folk, indie-folk, soul, နဲ့ dreampop. Fleetwood Mac, The Cardigans, Russian red, Lianne la Havas, Smashing pumpkins တို့လိုစသည်သဖြင့်ပေါ့။ ဒါပေမယ့် အခုထိ rachel သီချင်း ရေးရင် ကိုယ့်ဟာကိုယ်ဘာ သံပေါက် လို့ပေါက်မှန်းမသိဘူး။ ဘာ style/genre လဲကိုယ့်ကိုကိုယ်တကယ် မသိသေးဘူး။
လှချင်တာတော့သိတယ်။ ရုပ်လှ ရအောင်တော့ (တချို့ comment တွေ ဖတ်မိလို့ ) rachel မင်းသမီးလဲမဟုတ်၊ model လဲမဟုတ် ပါဘူး။ ကိုယ်ရေးတဲ့ သီချင်း တော့်ကိုယ်တကယ်လှချင်တယ်။ ခံစားချက်လှလှ၊ သီချင်း လှလှပေါ့။
ကြိုးစားချင်ဆုံးအရာတစ်ခုကတော့ ဆက်ရှာချင်တယ်။ ကိုယ့်ကိုကိုယ် သီချင်း တိုင်းမှာလဲရှာချင်တယ်။ တနေ့တနေ့ပိုသိချင်တယ်”လို့သူမကဆိုပါတယ်။သူမက ဇာတ်ဝင်တေးရဲ့ MTV မှာလည်းကိုယ်တိုင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Credit’ Rachel Tayza Fb & Sunday Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...