အစိုးရအနေနဲ့ ၀န်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်သွားမှာမဟုတ်ဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်တယ်လို့ Frontier သတင်းဌာနက ဇူလိုင်လ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။
ပြည်ထောင်စုအစိုးရဥပေဒ ပုဒ်မ ၁၀၁ အရ ၀န်ကြီးအဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုတွေကို မေလက သမ္မတထံ တင်ပြထားပြီး အဲဒီပိုင်ဆိုင်မှုတွေကို ပြည်သူလူထုကို ချပြဖို့ အစီအစဉ်မရှိဘူးလို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရ တာဝန်ယူစဉ်က NLD ပါတီအနေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို ထုတ်ပြန်ပေးဖို့ လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကောင်းမွန်တဲ့အစိုးရ နဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ အဲဒီလို ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း အဆိုတင်သွင်းခဲ့တာပါ။
အဲဒီအချိန်က ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က လွှတ်တော်အနေနဲ့ အဲဒီလို ထုတ်ပြန်သင့်တယ်ထင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ထည့်သွင်းသင့်တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအဆိုတင်သွင်းချက်ကို ပြည်ထောင်စုကြံခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် အများဆုံးနေရာယူထားတဲ့ ပြည်သူ့လွှတ်တော်က ကန့်ကွက်မဲ ၂၇၁ မဲ ထောက်ခံမဲ ၆၈ မဲနဲ့ အဆိုကို အတည်မပြုခဲ့ပါဘူး။
မူရင်းတင်ထားသည့်နေရာ - အစိုးရသစ်အနေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်သွားမှာ မဟုတ်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။