Ads (728x90)




၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးတွင်
အဆင့်(၁၃) ဖြင့် ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သော အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank) သည်
နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာဖြင့် အခွန်ထမ်းဆောင်နိုင်ခဲ့သည့်အပြင်
တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်လည်း တထောင့်တနေရာမှ ပါဝင်ကြိုးပမ်းအားထုတ်ခဲ့မှုအပေါ် ပြည်တွင်းအခွန်များဦးစီးဌာန မှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ကို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန မှ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank) အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ပါသည်။


ထို့အပြင် နောင်လာမည့်အနာဂါတ်ကာလများတွင်လည်း
စီးပွားရေးလုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်ပြီး
နိုင်ငံတော်နှင့် ပြည်သူတရပ်လုံး၏ အကျိုးစီးပွားများကို ထမ်းရွက်နိုင်ပါစေကြောင်းကိုလည်း ဆုမွန်ကောင်း
တောင်းပေးခြင်းအတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အား AGD Bank မှ ကျေးဇူးအထူးတင်ရှိပါသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank) သည်
၂၀၁၄-၂၀၁၅ ခုနှစ် အခွန်စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် ကျပ်ငွေ (၂,၄၁၃,၄၆၆,၂၉၄/-) ကျပ် (2.4 Billion) ကို ပေးဆောင်ခဲ့ပြီး
တစ်နိုင်ငံလုံးတွင် အဆင့်(၁၃) ဖြင့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့ပါသည်။
AGD Bank အနေဖြင့်လည်း ဘဏ်၏ဆောင်ပုဒ်နှင့်အညီ တမျိုးသားလုံးအကျိုးစီးပွားအတူတကွဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ခေတ်နှင့်အညီ နည်းပညာဆိုင်ရာဝန်ဆောင်မှုများသာမက
အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ကာ မိတ်ဟောင်းမိတ်သစ် Customer များအား အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးအပ်နိုင်ရန် အစဉ်တစိုက် ကြိုးစားဆောင်ရွက်သွားပါမည်ဖြစ်ပါသည်။

AGD Bank ၏ ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ အခက်အခဲ တစုံတရာရှိလာပါက၊ အကြံဥာဏ်များ/အကြံပြုလိုသည်များရှိလာပါက ဘဏ်၏ Call Center နံပါတ် ၀၁ ၂၃၉၉၃၃၃ သို့ ၂၄နာရီ အချိန်မရွေး
ဆက်သွယ်နိုင်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။
.
A bank with a vision of the future.
‪#‎AGDBank‬
By : AGD Bank

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...