Ads (728x90)




ယူဖရေးတီးစ်မြစ်တောင်ဖက်ကမ်းခြေအနီးရှိ ဆီးရီးယားနိုင်ငံ၏ မြို့တစ်ခုဖြစ်သော ရက်ကာမြို့တွင် အစ္စလာမ်မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့အားနှိမ်နင်းရန်အတွက် ဗလာဒီမီယာ ပူတင်က စစ်သည်အင်အား တစ်သိန်းခွဲခန့်ကို အဆင်သင့်ပြင်ဆင်ထားခြင်းနှင့်ပတ်သက်၍ "သူတို့တွေ ရုရှားကို ဗုံးခွဲတာတို့ဘာတို့ တစ်ခုခုလုပ်လာပြီဆိုရင် နာရီဝက်အတွင်း အဲဒီအကြမ်းဖက်တွေ အကုန်သေစေရမယ်လို့ ကျုပ်ကျိန်ပြောရဲတယ်"ဟု ဆိုကြောင်း INDIA ARISING သတင်းဌာနမှ သတင်းတစ်ပုဒ်အရ သိရသည်။ 

ရုရှားနိုင်ငံ မော်စကိုမြို့နှင့် မိုင် ၁၃၇၀ ခန့်ဝေးသော ရက်ကာမြို့ကို အစ္စလာမ်မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့က သူတို့၏ မြို့တော်ဟု ကြေညာထားသည်။

ပဲရစ်မြို့အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ဝယ် ဗြိတိန်နှင့် ပြင်သစ်တို့သည် အစ္စလာမ်မစ်အကြမ်းဖက်တို့အား ပူးတွဲနှိမ်နင်းရန် အဆင်သင့်ဖြစ်နေကြပြီဟုလည်း ပူတင်ကပြောခဲ့ပါသည်။ သို့ရာတွင် လက်ရှိအမေရိကန်နှင့် ဥရောပခေါင်းဆောင်များအနေဖြင့် အဆိုပါ အစ္စလာမ်မစ်အကြမ်းဖက်များအရေးကိစ္စကို ကိုင်တွယ်နေကြသည့် ကမ္ဘာ့ခေါင်းဆောင်များနှင့်ပတ်သက်၍ တုန့်ဆိုင်းနေကြကြောင်းကိုလည်း သူကပြောသည်။

အမေရိကန် သမ္မတလောင်းအဖြစ်ရွေးကောက်ပွဲဝင်မည့် ဒေါ်နယ်ထရမ့်ကမူ ပူတင်နှင့်ပူးပေါင်း၍ ကမ္ဘာတစ်လွှားရှိ အဆိုပါ အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်များကိုနှိမ်နင်းမည်ဖြစ်ပြီး ထိုအခါတွင် အိန္ဒိယနိုင်ငံသည်လည်း ပါဝင်ပူးပေါင်းလာနိုင်သည်ဟုပြောသည်။

PN002
ref: “I swear if they bomb Russia in Half an Hour every islamists will die ” Putin/ INDIA ARISING

 မူရင်းတင်ထားသည့်နေရာ - ရုရှားနိုင်ငံကိုသာ ဗုံးခွဲတိုက်ခိုက်လာပါက နာရီဝက်အတွင်း အဆိုပါအစ္စလာမ်မစ်အကြမ်းဖက်အားလုံး သေကုန်လိမ့်မည်ဟု ပူတင် ကျိန်တွယ်ပြောကြား

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...