မေလ ၁၃ရက်နေ့ သောကြာနေ့က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို သက်တမ်း ထပ်တိုးဖို့အတွက် အမေရိကန်ဥပဒေပြု အမတ်တွေက တောင်းဆိုလိုက်ကြပါတယ်။ လာမယ့် ၂၀ ရက်နေ့ဆိုရင် အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ ကန့်သတ်ထိန်းချုပ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုက သတ်တမ်း ကုန်တော့မှာ ဖြစ်ပါတယ်။
ယခင်က နိုင်ငံရေးအကျဉ်းသားအကြောင်းပြ၊ စစ်အစိုးရကို အကြောင်းပြကာ အမျိုးမျိုးပိတ်ဆို့ခဲ့တဲ့ အမေရိကန် ဟာ အခုလက်ရှိ ၎င်းတို့အနောက်အုပ်စုလိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ နိုင်ကျဉ်းအားလုံး မရှိချိန် မှာလည်း စီးပွားရေး ဆက်လက်ပိတ်ဆို့ထားပြန်ပါတယ်။ ယင်းလုပ်ရပ်များကြောင့် အမေရိကန်ရဲ့ မြန်မာလူထု အပေါ် ထားရှိတဲ့ သဘောထားမှန်ကို သိသာစေပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက် အင်္ဂါနေ့ကလည်း အမေရိကန်သံအမတ်ကြီး Scot Marciel မှ မြန်မာဘက်က မခေါ်ဖို့ အကြောင်းကြားထားတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို ဆက်လက်သုံးစွဲသွားမှာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာကြောင့် မေလ ၁၃ ရက်နေ့ကမန္တလေးမှာ လူထောင်နဲ့ချီပြီး ဆန္ဒပြမှုတွေပေါ်ပေါက် ခဲ့ပါတယ်။ ယခုလဆန်းပိုင်းကလည်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ရိုဟင်ဂျာဟု သုံးနှုန်းထားခြင်း ကြောင့် အမေရိကန်သံရုံးရှေ့မှာ မြန်မာပြည်သူအများအပြား သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်သံရုံး နဲ့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်များဟာ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ထက် မြန်မာပြည်တွင်း ပဋိပက္ခများဖြစ်ကာ စီးပွားရေး နိမ့်ကျမှုကိုသာ ဦးတည်စေတာကို မြန်မာပြည်သူအပေါင်း သတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒေါက်တာ ဥက္ကာဧရာ
By ခေတ်ပြိုင်မီဒီယာ
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။