ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆေးကောင်စီမှ ဆရာဝန်ကြီးများ ပူပေါင်းဆောင်ရွက်သော နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပန်းကွေးကျေးရွာအုပ်စု၏ ပန်းကွေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လာမည့် မေလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ သွားနှင့် ခံတွင်း လူနာများအား အခမဲ့ ကုသပေးမည်ဖြစ်ပါသည်။
နယ်လှည့်ကုသမှုအစီအစဉ်အား ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကုသမှုခံယူမည့် ဝေဒနာရှင်များ အနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများထံတွင် စာရင်းပေးသွင်းကြရန်လည်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံသွားနှင့် ခံတွင်း ဆေးကောင်စီမှ ၀ါရင့်ဆရာဝန်ကြီးများ ၏ ဦးဆောင်မှုဖြင့် သွားဝေဒနာရှင်များအား သွားဖာခြင်း၊ သွားနူတ်ခြင်း၊ သွားဂျီးချွတ်ခြင်း၊ အံကပ်ပြုလုပ်ပေးခြင်းတို့အပြင် နူတ်ခမ်းကွဲ၊ အာခေါင်ကွဲနေသည့် ကလေးငယ်များအားလည်း ခွဲစိတ်ကုသပေးခြင်းများကို ပြုလုပ်သွားမည် ဖြစ်ပါသည်။
ယခုနယ်လှည့်ဆေးကုသရေးအစီအစဉ်ကို ထူးဖောင်ဒေးရှင်း၏ နာယကဦးတေဇ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆေးကောင်စီမှ ဆရာဝန်ကြီးများ ပူးပေါင်း ကာ မြန်မာနိုင်ငံ ၏ ဝေလံခေါင်သီသော အရပ်ဒေသ မှ လူနာ များကို မေတ္တာ ၊စေတနာအပြည့်ဖြင့် ကုသပေးနေသည့် အစီအစဉ်ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်းသည် အဆိုပါ နယ်လှည့်ဆေးကုသရေးအစီအစဉ်အပြင် အမှန်တကယ် လိုအပ်ချက်ရှိနေသော ဒေသများတွင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးများကို အစွမ်းကုန် ဆောင်ရွက် လျက်ရှိပါ သည်။ အနာဂါတ်ကာလတွင်လည်း နာယကဦးတေဇ၏ လမ်းညွှန်မှုကို ခံယူပြီး ထူးဖောင်ဒေးရှင်းအနေဖြင့် ပရဟိတလုပ်ငန်းများအား ဆက် လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။