ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးဒုက္ခရောက်နေသူများအား ကူညီနိုင်ရန်အတွက် ထူးဖောင်ဒေးရှင်းသည် ငွေကျပ် သိန်း(၅၀၀၀)ကို ကနဦး မတည်ပြီး ရေဘေး ကူညီရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
ယနေ့ ညပိုင်းတွင် ထူးဖောင်ဒေးရှင်း ၀န်ထမ်းများသည် အစားအစာများ၊ ဆေးဝါးများ၊ မိုးကာအင်္ကျီများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပါဝင်သော ကားများဖြင့် ပုဂံညောင်ဦးနှင့် မကွေးသို့ ထွက်ခွာသွားပြီဖြစ်သည်။
ထူးဖောင်ဒေးရှင်း၏ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များကိုလည်း ထူးဖောင်ဒေးရှင်းမှ ဖိတ်ခေါ်အပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် ….
(၁) ထူးဖောင်ဒေးရှင်း ရုံးချုပ်၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ မင်းဓမ္မကွန်ဒို၊ မြေညီထပ်။ ဖုန်း(၀၁-၆၅၅၂၈၂၊ ၀၁-၆၅၅၂၇၂၊ (Fax ၀၁-၆၅၅၂၉၂)
(၂) ထူးရုံးချုပ်၊ ခြံနံပတ်(၅)ပြည်လမ်း၊ အင်းလျားကန်ဘောင်ရှေ့၊ တံတားဖြူ မှတ်တိုင်အနီး၊ လှိုင်မြို့နယ်။ ဖုန်း(၀၁-၅၀၀၃၄၄၊ ၅၀၀၃၅၅၊
နယ်ဝေးမှ ငွေကြေးလှူဒါန်း လိုသူများ အနေဖြင့် AGD Bank Htoo Foundation saving Account No: 3021230000847 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။