ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် ယနေ့ နံနက်ပိုင်းက ဒေသဆိုင်ရာ အာဏာပိုင်များ၊ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ပြီး ရေဘေးကယ်ဆယ်ရေးအတွက် လုပ်ဆောင်နိုင်မည့်အရာများကို ကယ်ဆယ်ရေးအဖွဲ့များနှင့် ညှိနှိုင်းလုပ်ဆောင်လျက် ရှိပါသည်။
ထို့ပြင် ရန်ကုန် AGD Bank ရုံးချုပ်မှ DY.MD ဦးဝေလင်းဦး ဦးဆောင်သော ရေဘေးကူညီရေးအဖွဲ့သည် မကွေးမြို့ရှိ AGD Bank ၀န်ထမ်းများနှင့် ပူးပေါင်းကာ ပွင့်ဖြူမြို့ရှိ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်နေပြီ ဖြစ်သည်။
ယနေ့ မွန်းလွဲပိုင်းတွင် ထူးဖောင်ဒေးရှင်းမှ အစားအစာများ၊ ဆေးဝါးများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်သွားသော မော်တော်ယာဉ်များသည် မုံရွာမြို့သို့ သွားရောက်နေပြီ ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ အပါအ၀င် ထူးကုမ္ပဏီမှ တာဝန်ရှိသူများသည် မနက်ဖြန် (သြဂုတ်လ-၃)ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့သို့ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက် လှူဒါန်းနိုင်ရန် သွားရောက်မည် ဖြစ်ပါသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။