Ads (728x90)

2.8.2015-4
ချင်းပြည်နယ်၊ဟားခါးမြို့တပ်ဦးကျောင်းမှ ဆရာတော် ဦးသုမနနှင့် ယနေ့ည ၁၁:၂၃ အချိန် ဆက်သွယ်မေးမြန်းချက်အရ ဟားခါးမြို့တွင် မိုးရွာသွန်းပြီး မုန်းတောင်ပြိုကျမှုကြောင့် ပြည်တော်သာရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ ဈေးဟောင်းရပ်ကွက် နှင့် မြို့ဟောင်းရပ်ကွက်များမှာ ပြောင်းရွှေ့နေကြရကြောင်း၊ လက်ရှိအချိန်တွင် အထက(၂)၊ ဘုရားကြောင်းနှင့် ၀န်ကြီးများရုံး/အိမ်ယာ တို့တွင် နေရာချထားပေးလျက်ရှိကြောင်း၊ ဟားခါးမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးသော ခွါအဲရွာမှာ ၃၁.၇.၂၀၁၅ ရက်နေ့ က ရွှံ့ တောင်ပြိုကျသကဲ့သို့ ဖြစ်ထားပြီး တစ်ရွာလုံး ပြောင်းရွှေ့သွားရကြောင်း၊ ယမန်နေ့က တပ်မှ ဆန်အိတ် ၅၀၀ နှင့် ဒုက္ခရောက်နေသူများအတွက် ကူညီပေးနေကြောင်း၊ ဟားခါးမြို့တွင် ရိက္ခာအနေဖြင့် (၅) ရက်စာ့ သာရှိနိုင်ကြောင်း၊ ဟားခါးသို့  ကလေး၊ ဂန့် ဂေါ ကားလမ်းများမှာ သွားလာရန်မရတော့သဖြင့် ရိက္ခာထောက်ပံ့မှုအတွက် လေကြောင်းတစ်ခုတည်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရှိရသည်။
ဆက်စပ်သတင်းများအရ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် ၄င်းကိုယ်တိုင် ဟားခါးရှိ ကယ်ဆယ်ရေး စခန်းများသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်နိုင်ရန် ကြိုးစားလျက်ရှိသည်။

alt Htoo Foundation

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...