ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ ဦးစီးသော အဖွဲ့သည် ယနေ့သြဂုတ်လ(၂)ရက်နေ့ ညနေ (၃း၂၂) အချိန်တွင် ရဟတ်ယာဉ်(၂)စီးဖြင့် ပုဂံညောင်ဦးလေဆိပ်မှ စတင်ထွက်ခွာလာရာ
ညနေ(၄း၂၅) အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိခဲ့ပါသည်။
ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးသည် အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း(၅၀၀) အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဦးတေဇနှင့်အဖွဲ့သည် ဟားခါးမြို့တွင် ယနေ့ညအိပ် အခြပြုမည်ဖြစ်ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။