Ads (728x90)

2.5.2015-1 2.5.2015-2 2.5.2015-3
ယနေ့မေလ(၂)ရက်နေ့သည် မြန်မာသမိုင်းတွင် ဆိုးရွားပြင်းထန်သည့် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း (နာဂစ်) တိုက်ခတ်ခဲ့သည့် (၇)နှစ်မြောက်နေ့ဖြစ်ပြီး ထူးဖောင်ဒေးရှင်း စတင်ပေါ်ပေါက်စေသည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါသည်။ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် မေလ(၂)ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူ့အသက်ပေါင်းများစွာ ကြွေလွှင့်ခဲ့ရပြီး အိမ်ခြေပေါင်း မြောက်များစွာလည်း ပျက်စီး ဆုံးရှုံးခဲ့ရပါသည်။

အဆိုပါ နာဂစ် မုန်တိုင်းကြောင့် ကွယ်လွန်ခဲ့သူများအားလုံး ကောင်းရာဘုံဘ၀သို့ ရောက်ရှိနေပြီဟု ထူးဖောင်ဒေးရှင်းမှ ယုံကြည်ပါကြောင်းနှင့် အဆိုပါ မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့သူများနှင့် အိုးအိမ်ပျက်စီးခဲ့သူများ အားလုံးအတွက် ထူးဖောင်ဒေးရှင်းမှ ၀မ်းနည်းကြေကွဲရပါကြောင်း ထပ်လောင်း ပြောကြားလိုပါသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း ထူးကုမ္ပဏီများအုပ်စုမှ ဥက္ကဋ္ဌ ဦးတေဇ ဦးဆောင်သော ၀န်ထမ်းများသည် မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် ဒေသများအနက်မှ တစ်ခုဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့တွင် စာသင်ကျောင်းများ ပြန်လည် ဆောက်လုပ်ပေးခြင်း၊ ဆေးရုံနှင့် သာသနာရေး အဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်း၊ ဘုန်းကြီးကျောင်းများနှင့် အစိုးရရုံးများ ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်း လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့ကြပါသည်။

ဘိုကလေးမြို့နယ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ အတွက် ထူးကုမ္ပဏီများအုပ်စုသည် ငွေကျပ် သိန်းပေါင်း( ၈ )သောင်းကျော် ကျခံသုံးစွဲခဲ့ပါသည်။

ထိုနာဂစ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာပင် ထူးကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌလေးဦးတို့သည် မတည်ငွေကျပ် သိန်းပေါင်း(၅၀၀၀)ဖြင့် ၂၀၀၈ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် မြန်မာပြည်တစ်ဝှမ်း ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထူးဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့ပါသည်။

သဘာဝ ဘေးအန္တရာယ်ဖြစ်သော နာဂစ်မုန်တိုင်းကြောင့် မြန်မာတိုင်းရင်းသား ပြည်သူများ၏ အသက်၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ အနာဂါတ်တွင် မြန်မာ ပြည်သူပြည်သားများ သဘာဝ ဘေးအန္တရာယ်များ ပယ်ရှားကင်းဝေးပါစေကြောင်း ထူးဖောင်ဒေးရှင်းမှ နာဂစ်(၇)နှစ်မြောက်နေ့တွင် ဆုတောင်းအပ်ပါသည်။
25 new photos to the album:မေလ(၂)ရက် နာဂစ် (၇)နှစ်ပြည့်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...