Ads (728x90)

4.5.2015
၂၀၁၅ ခုနှစ်၊ မေလ (၅) ရက်နေ့သည် ထူးဖောင်းဒေးရှင်း၏ (၇)နှစ်ပြည့်မြောက်သည့်နေ့ရက်ပင်ဖြစ်ပါသည်။ မိမိတို့ထူးဖောင်ဒေးရှင်းအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများအား ၂၀၀၈ခုနှစ်၊ မေလ (၅) ရက်နေ့မှစ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။
ဤ (၇)နှစ်တာကာလအတွင်း ကျန်းမာရေးအနေဖြင့် နယ်လှည့်သွားဆေးကုသပေးခြင်း၊ မျက်စိကုသပေးခြင်း၊ ဝေးလံခေါင်းပါးသောနေရာဒေသတွင် အခမဲ့ဆေးပေးခန်း ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ခဲ့သကဲ့သို့ ပညာရေးအနေဖြင့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှဆရာ၊ ဆရာမများအား လစာများထောက်ပံ့ခြင်းအပြင် ဘာသာရပ်သင်ပညာရေး၊ ဆရာအတတ်သင် ပညာရေးသင်တန်းများတွင် ပါဝင်ကူညီလှူဒါန်းပေးခြင်း၊ ဝေးလံခေါင်းပါးသော နေရာဒေသတွင် ပညာဒါန အခမဲ့ဘော်ဒါဆောင် ဖွင့်လှစ်ထားရှိခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ကျောင်းသုံးပစ္စည်းများအား လှူဒါန်းပေးခြင်း၊ ပညာသင်ထောက်ပံ့စရိတ်ပေးခြင်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေရာများတွင် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများနှင့် လှူဒါန်းငွေများပေးအပ်ခြင်း၊ စာသင်ကျောင်းဆောင်များ ပြန်လည် ဆောက်လုပ်ပေးခြင်း၊
စေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံပေးခြင်းများအား အလေးထားဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုဆွေးနွေးပွဲများတွင်လည်း တစ်ဖက်တစ်လမ်းမှနေ၍ တတ်အားသ၍ ကူညီခဲ့မှုများပြုလုပ်ခဲ့ပါသည်။
ဤကဲ့သို့လုပ်ဆောင်မှုများအား နောင်ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် မြန်မာနိုင်ငံအတွက်လိုအပ်သည့်နေရာများတွင် မိမိတို့ထူးဖောင်ဒေးရှင်းအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဟု သန္နိဌာန် ပြုအပ်ပါသည်။
အဓိကအနေဖြင့် မိမိတို့ထူးဖောင်းဒေးရှင်း၏ (၇)နှစ်တာလှုပ်ရှားဆောင်ရွက်မှုတိုင်းတွင် အစဉ်အမြဲပံ့ပိုးကူညီပေးခဲ့ကြသော Htoo Trading Co., Ltd. , Air Bagan Ltd. , AGD Bank Ltd. , Asian Wings Airways , Hotel Business Unit , Kandawgyi Palace Hotel , Htoo Construction Development Group Co., Ltd. , Htoo Wood-Based Industry(Wahtayar) , Apex Petroleum Co., Ltd. နှင့် အခြားပံ့ပိုးခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ထူးဖောင်ဒေးရှင်း၏ (၇)ပြည့်ကာလတွင် မှတ်တမ်းတင်ဂုဏ်ပြု ပြောကြားအပ်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...