ဆီးဂိမ်းတွင် မြန်မာဘောလုံးအသင်းနှင့် ထိုင်းဘောလုံးအသင်းကြား ပုံမှန်ထက်ပိုသော လူမျိုးရေးဆန်သော သမိုင်းကြောင်းဆန်သော ခွဲခြား
ဆက်ဆံအားပေးခြင်းများရှိလာသည့် အတွက် တရုတ်ကိုယ်စားလှယ်များ ဝမ်းသာအားရကျေနပ်လျှက်ရှိကြောင်း
သံတမန်သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် ၊
အာဆီယံနိုင်ငံများအပေါ် သြဇာလွှမ်းမိုးရေး နှင့်
တောင်တရုတ်ပင်လယ်အပေါ်ဗိုလ်ကျ စိုးမိုးရေးသည် တရုတ်တို့၏ မအောင့်အီးနိုင်သော
ဗျူဟာမြောက်ရည်ရွယ်ချက်များ ဖြစ်လာသည်ကို တဖြည်းဖြည်းမြင်တွေ့လာရသည် ၊
စစ်အင်အားတိုးချဲ့တည်ဆောက်ခြင်းသည် ငြိမ်းချမ်းရေးအတွက်ဟု
မည်သို့ပင်ပြောနေစေကာမူ တရုတ်ပတ်စ်ပို့တွင် ရေပြင်ပိုက်နက်နယ်မြေများကို
တိုးချဲ့သတ်မှတ်လိုက်ခြင်း ၊ လေကြောင်းကာကွယ်ရေးဇုန်ကို
တိုးချဲ့သတ်မှတ်လိုက်ခြင်း စသည်တို့က တရုတ်တို့၏
လူမျိုးကြီးဝါဒ တည်ဆောက်နေမှုကို အထင်းသားတွေ့ရှိနိုင်သည် ၊
တရုတ်နှင့် နယ်နိမိတ်အငြင်းပွားမှု ဖြစ်နေသော အာဆီယံနိုင်ငံများမှာ
ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ ဘရူနိုင်း နိုင်ငံများဖြစ်ကြသည် ၊
ယခုအခါ တရုတ်သည် မြန်မာနိုင်ငံ၏ တွင်းထွက် ရေထွက်
မြေပေါ်မြေအောက် ရေပေါ်ရေအောက် သံယံဇာတများကို
ဆက်လက်ချုပ်ကိုင်ချယ်လှယ်နိုင်ရန် စစ်အစိုးရတဖြစ်လည်း လက်ရှိအစိုးရကို
နောက်ကွယ်မှ လိုလေးသေးမရှိအောင် ပံပိုးကူညီလျှက်ရှိသည် ၊
စစ်အစိုးရတက်လာစကတည်းက ထိုစဉ်က နယ်စပ်ကုန်သွယ်မှု အခရာကျသော
ထိုင်းနယ်စပ်တလျှောက်ရှိကုန်သွယ်စခန်းများကို ပိတ်ပစ်၍ တရုတ်နယ်စပ်တလျှောက်
နယ်စပ်ကုန်သွယ်မှုစခန်းများကို အလျင်စလိုဖွင့်နိုင်ခဲ့ခြင်းက တရုတ်တို့၏
မဖွံဖြိုးသေးသော
ယူနန်ပြည်ကြီးမှ
အိမ်တွင်းစက်မှုလက်မှုထွက်ကုန်များကို မြန်မာနိုင်ငံသို့
တင်ပို့ရောင်းချနိုင်ခြင်းဖြင့် တစ်ချက်ခုတ်နှစ်ချက်ပြတ် ဆိုသလို
ကုန်သွယ်အသာစီးရမှုနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်မှုဆိုသော အခွင့်အရေးကို
နှစ်ပေါင်း ၂၀ ကျော် တရုတ်တို့ မြိုးမြိုးမြတ်မြတ်
ရရှိခဲ့သည် ၊
ယခုအခါတွင်လည်း တရုတ်ပြည်တဝှမ်းလုံးမှ အရည်အသွေးမမှီသော ဘေးထွက်စွန့်ပစ်
များကို ယူနန်ပြည်ကို ကြားခံနယ်အဖြစ်အသုံးပြုကာ မြန်မာနိုင်ငံသို့
တင်ပို့ရောင်းချ နိုင်သဖြင့် တစ်ချက်ခုတ် သုံးချက်ပြတ် ဆိုသည့်အကျိုးကို
တရုတ်တို့ မြိန်ရည်ရှက်ရည်
ခံစားနေရဆဲဖြစ်သည် ၊
( ၁ ၊
ယူနန်ပြည်မှတဆင့် မြန်မာပြည်တွင်းသို့ ကုန်စည်များ စီးဆင်းနေသဖြင့်
ယူနန်ပြည်နယ်တွင် ကြားခံအကျိုးအမြတ်များရကာ
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာခြင်း ၊ ၂ ၊ တရုတ်ပြည်တွင် အမှိုက်ကဲ့သို့
စုပုံနေသော အရည်အသွေးမမှီပယ်ကုန်များ
ဘေးထွက်စွန့်ပစ်များကို
မြန်မာနိုင်ငံသို့ ရောင်းချ၍ အမှိုက်များကို ရွှေဖြစ်အောင်လုပ်နိုင်ခြင်း ၊ ၃
၊ တရုတ်ပြည်မမှ သက်တမ်းကုန် စက်ရုံများကို ယူနန်ပြည်နယ်သို့
ရွှေ့ပြောင်းတည်ဆောက်ကာ အိမ်တွင်းစက်မှုလက်မှုအဖြစ် လက်တည့်စမ်းထုတ်လုပ်ထားသော
အရည်အသွေးမမှီ စမ်းသတ်ထုတ်ကုန်များကို မြန်မာပြည်သို့ တံခါးမရှိ ဓါးမရှိ တင်ပို့နိုင်ခြင်း = တစ်ချက်ခုတ် သုံးချက်ပြတ်)
စစ်အစိုးရကို ဗီတိုအာဏာသုံး ကာကွယ်ပေးခြင်းက တရုတ်တို့ကို
အကျိုးအမြတ်များစွာရရှိစေခဲ့သည် ၊ မြန်မာပြည်တွင်းတိုင်းရင်းသားများ
စိတ်ဝမ်းကွဲနေခြင်းကလည်း တရုတ်တို့ကို များစွာအကျိုးဖြစ်ထွန်းစေခဲ့သည် ၊
ယခုဆိုလျှင် မြန်မာပြည်တွင်းမှာ တရုတ်တို့၏
တရားမဝင်မြေယာပိုင်ဆိုင်မှုများ တရားမဝင်ဝင်ရောက်နေထိုင်မှုများ က လက်ညှိုးထိုးမလွဲသော အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည် ၊
စစ်ရေးအနေနှင့်လည်း အန္ဒိယ သမုဒ္ဒရာလွှမ်းမိုးရေး အတွက် အနောက်တံခါးအဖြစ်
မြန်မာနိုင်ငံ၏ ရခိုင်ကမ်းရိုးတမ်းတလျှောက်ကို တရုတ်တို့က
ကိုယ်ပိုင်နယ်မြေတစ်ခုအဖြစ် အသုံးချရန် ရည်ရွယ်ချက်ကြီးကြီးထားရှိသည် ၊
ရခိုင်ကမ်းရိုးတန်းအပေါ် တရုတ်တို့၏
မျှော်လင့်ချက်က စစ်ရေးတင်မက
စီပွားရေးရာအရ လောင်စာအရင်းအမြစ်ဖြစ်သော ရေနံစိမ်းများကို
တရုတ်ပြည်တွင်းသို့ ပိုက်လိုင်းများ ဆက်သွယ်ပို့ဆောင်ပေးခြင်းကလည်း
ရှိနေသေးသည် ၊
အသွင်ပြောင်းစစ်အစိုးရ၏
အာဏာတောင့်တနေမှုနောက်ကွယ်တွင် တရုတ်တို့၏ မြန်မာနိုင်ငံကို လက်ဝါးကြီးအုပ်
အမြတ်ထုတ်လိုမှု နယ်မြေသိမ်းပိုက်လိုမှုများက အထင်းသားတွေ့နိုင်သည် ၊
ဂျပန်၏ရင်းနှီးမြုတ်နှံမှုများ အခိုင်အမာရှိထားသော ထိုင်းမှတဆင်း
နယ်စပ်ဂိတ်များကို ဖြတ်သန်းကုန်သွယ်မည်ဆိုလျှင် လမ်းပန်းဆက်သွယ်ရေးများ
ကောင်းမွန်သွားပါက မဲဆောက်ရန်ကုန်သည် မိုင် ၂၀၀ ခန့်သာဝေး၍
နေ့တစ်ဝက်ခရီးလောက်သာရှိမည်ဖြစ်ပြီး
မဲဆောက် မန္တလေးမှာ မိုင် ၄၅၀ ကျော်ကျော် တစ်ညအိပ်ခရီးလောက်သာ ရှိမည်ဖြစ်သည် ၊
အရည်အသွေးမမှီ အာမခံချက်မရှိသော တရုတ်ကုန်စည်များနေရာတွင် ဂျပန်မှ
ရင်းနှီးမြုတ်နှံထားသော ထိုင်းကုန်စည်များ အစားထိုးဝင်ရောက်လာမည့် အပေါ်
တရုတ်တို့က အလွန်အမင်းစိုးရိမ်းပူပန်လျှက်ရှိနေသည်များ မြင်သာထင်သာရှိနေသည်
၊
သမိုင်းကြောင်းအရ ထိမှုခိုက်မှု ရှိခဲ့သော မြန်မာနှင့် ထိုင်းကို
လူမျိုးရေး သမိုင်းရေး ရန်စောင်မှု တင်းမာမှုများဖြင့် အမြဲတစေ
ရန်ဘက်အသွင်စောင်နေစေရန် တရုတ်တို့လိုလားနေသည်မှာ မေးခွန်းထုတ်နေစရာမလိုသော
အခြေအနေရှိနေသည် ၊
ယခုအခါ ဆီဂိမ်းတွင် မြန်မာဘောလုံးအသင်းနှင့်
ထိုင်းဘောလုံးအသင်းကြား ပုံမှန်ထက်ပိုသော လူမျိုးရေးဆန်သော
သမိုင်းကြောင်းဆန်သော ခွဲခြား
ဆက်ဆံအားပေးခြင်းများရှိလာသည့် အတွက် တရုတ်ကိုယ်စားလှယ်များမှ ဝမ်းသာအားရကျေနပ်လျှက်ရှိနေကြသည်
ဟု သံတမန်သတင်းရပ်ကွက်မှ သတင်းများထွက်ပေါ်လာနေသည် ၊
သံတမန် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည် ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။