သန်း ၆၀ သော မြန်မာလူထုရဲ အကြီးမားဆုံး အိမ်မက်ကို ရိုက်ချိုးခဲ့တဲ့ တရားခံအဖြစ် ပတ်ဆောင်ဟွာ ပေါ်ထွက်လာပါပြီ။ ဒီနေရာမှာ သူတစ်ယောက်တည်းလား၊ အခြားသူတွေကော ဆိုတဲ့ အတွေးတွေလည်း ရှိသင့်ပါတယ်။
ပတ်ဆောင်ဟွာကို အိမ်မပြန်စေချင်သေးပါဘူး။ သူပြောခဲ့တဲ့ head to head မသိဘူး ဆိုတဲ့ စကားရယ်။ သူ့လက်ထောက်နည်းပြ (ကိုရီးယား) ရဲ့ head to head ဆိုတာ တကယ်မသိခဲ့ပါဘူးဆိုတဲ့ စကားရယ်။ သူ့(ပတ်)ကို ကျန်အဖွဲ့ချုပ် တာဝန်ရှိသူတွေ တကယ် ပြောခဲ့လား၊ မပြောခဲ့ဘူးလား ဆိုတာကို မီဒီယာများ အနေနဲ့ သဲသဲကွဲကွဲ မေးမြန်းခွင့် ရသင့်ပါတယ်။ အခုက သတင်းတွေက အစုံဖြစ်နေတယ်။ ဘာသာပြန်ကလည်း အဲဒါကို ဘာသာ မပြန်ခဲ့ဘူးဆိုတာလည်း ကြားရပါတယ်။ ဒါကြောင့် အဖွဲ့ချုပ်နဲ့ ပတ်ဆောင်ဟွာ အတူတကွ ပြုလုပ်မယ့် သတင်းစာ ရှင်းလင်းပွဲကို မျှော်လင့်ပါတယ်။ ဒါကြောင့် ပတ်ကို အိမ်ပြန်မပို့ပါနဲ့ဦး။
နောက်တစ်ခုက အရေးကြီးတဲ့ ပွဲရှိတယ်။ ဒီချိန်မှာ ကစားသမားနဲ့ နည်းပြချုပ် ပြဿနာ ဖြစ်တယ်လို့ ဖတ်ရပါတယ်။ ဒါဟာ ဖြစ်သင့်ပါသလား။ ရင်ဘတ်ပေါ် လက်တင်ပြီး နိုင်ငံတော် သီချင်းဆိုလိုက်တာနဲ့ သင်တို့ကိုယ် သင်တို့ မပိုင်တော့ပါဘူး။ သင်တို့ကို နိုင်ငံနဲ့ ပြည်သူလူထုက ပိုင်သွားပါပြီ။
စဉ်းစားစရာတွေက အများကြီးပါ။ နှစ်ပေါင်းများစွာ မက်ခဲ့တဲ့ ချန်ပီယံ အိမ်မက်ကတော့ ပြီးဆုံးသွားပါပြီ။ သုဝဏ္ဏကွင်းမှာ လာကြည့်တဲ့ ပရိသတ်တင် မကပါဘူး။ မြန်မာပြည် တနှံ့တလျားက သန်း(၆၀)သော ပြည်သူတွေ ငိုကြွေးခဲ့ရပါတယ်။
ဒီ့အတွက် ဘယ်သူတွေမှာ အပြစ်ရှိလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲ သိချင်ပါတယ်။ သေချာချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလူတွေကို တမျိုးသားလုံးက မုန်းတော့မှာ မို့လို့ပါ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။