Ads (728x90)

Photo: ဒီမှာ သန်းရွှေ ရေ . .

ငါတို့ပြည်သူတွေ အားလုံး သန်း၆၀ ကျော်ရှိတယ် ၊

ငါတို့ပြည်သူတွေ ငါတို့ ချွေးနည်းစာထဲက တစ်လတစ်ယောက် ငွေတစ်ရာစုမယ် ၊

ပြည်သူသန်း၆၀ကျော်ဆိုတော့ တစ်လကို အနည်းဆုံး မြန်မာငွေ သန်းခြောက်ထောင်ကျော်ရမယ် ၊ မြန်မာငွေ ၆ ဘီလီယံပေါ့ ၊

အဲဒီငွေနဲ့ ငါတို့ရင်သွေးတွေဖြစ်တဲ့ စစ်တပ်အထဲက အငယ်တန်း တပ်မှူး အယောက် တစ်ထောင်ကို လစဉ် နိုင်ငံခြားကို စစ်သင်တန်းလွှတ်မယ် ၊

ဒီမီုကရေစီရှင်သန်နေတဲ့ ငါတို့ရဲ့ မိတ်ဆွေရင်းခြာနိုင်ငံတွေကိုပို့မယ် ၊

ဒီမိုကရေစီရှင်သန်နေတဲ့နိုင်ငံတွေမှာ စစ်တပ်ဆိုတာ ဘယ်လိုဘယ်ပုံရှိရမလဲ ၊ စစ်တပ်နဲ့ ပြည်သူဆိုတဲ့ သား အဖ ဆက်ဆံရေးဆိုတာ ဘယ်လို ၊ စတဲ့ လူယဉ်ကျေးတွေ တပ်အပ်တဲ့ ပညာတွေကို သင်ယူစေမယ် ၊

တစ်လ ကို အငယ်တန်း တပ်မှူး အယောက်တစ်ထောင်လွှတ်မယ်ဆိုတော့ ၂၀၁၄ နဲ့ ၂၀၁၅ လပေါင်း ၂၄လ အတွက် စစ်ဗိုလ်ပေါင်း နှစ်သောင်းလေးထောင် ကို နိုင်ငံခြားသင်တန်း လွှတ်လို့ရမယ် ၊

ငါတို့မိတ်ဆွေရင်းခြာနိုင်ငံတွေက စေတနာနဲ့ ကူညီတာတွေပေါင်းရင် စစ်တပ်က အရာရှိပေါင်း အနည်းဆုံး သုံးသောင်းလောက် ကို နိုင်ငံခြားသင်တန်းကိုလွှတ်နိုင်မှာသေချာတယ် ၊

အဲဒီနိုင်ငံခြားကပြန်လာရင် သူတို့ဘာတွေ သင်လာခဲ့ရသလဲ ၊ စစ်တပ်ဆိုတာ ဘယ်နေရာမှာ ဘယ်လိုပုံနဲ့ နေမှ တိုင်းပြည်အတွက် အားဖြစ်စေမယ်ဆိုတာ သူတို့ကို ပွင့်ပွင့်လင်းလင်း ရေးသားခွင့်ပေးမယ် ၊

ဒီနည်းနဲ့ မင်းခြေထောက်နဲ့ တက်နင်းထားတဲ့ ငါတို့ရင်သွေး စစ်ဗိုလ်စစ်သားတွေကို ငါတို့ကိုယ်တိုင် ပြန်ပြီးကယ်တင်မယ် သန်းရွှေရေ . . .

ဘယ်လိုလဲ သန်းရွှေ ၊ ငါတို့ပြည်သူတွေကတော့ ငါတို့ရင်သွေးဖြစ်တဲ့ စစ်တပ်ကို ငါတို့နည်းငါတို့ဟန်နဲ့ ကယ်တင်ဖို့ စည်းလုံးနေကြပြီကွ . . . မင်းစိန်ခေါ်ရဲသလားသန်းရွှေ ရေ . . .

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...