========================================
မိတ္ထီလာမြို့  ဈေးအရှေ့ ပြင်ရပ်ကွက် မြို့ ဈေးကြီး အနောက်တောင်ဘက်
ရန်ကုန်-မန္တလေး ကားလမ်းမအနီး အင်းဝဘဏ်တွင် ဒီဇင်ဘာ ၁၇ နံနက် ၁၀ နာရီ ၃၀
မိနစ်ခန့်က တစ်ကိုယ်တော် အနုကြမ်းစီး လုယက်မှုဖြစ် ပွားကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ အင်းဝဘဏ်မန်နေဂျာ ဒေါ်မိမိယဉ် အသက် ၄၄ နှစ် (ဘ) ဦးသောင်း
သည် ဘဏ်ဝန်ထမ်း အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၈ ဦးတို့ နှင့်
ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေ ခဲ့သည်။ ဒေါ်မိမိယဉ် သည် ၄င်း ၏
ကွန်ပျူတာထိုင်ခုံတွင် ထိုင်နေစဉ် ဘောင်းဘီရှည် ၊ ပြောက် ကျားအင်္ကျီ
ဝတ်ဆင်၍ ကျောပိုးအိတ်တစ်လုံးအား ဆွဲ၍ ၀င်လာသော အမည်မသိ
လူတစ်ဦး က ဒေါ်မိမိယဉ်၏ ကျောဘက်မှ သိုင်းဖက်ကာ ကျန်လက်တစ် ဘက်မှ အရိုးအသွား
၁၅၄ လက္မခန့်ရှိ ဓါးဦးချွန်ဖြင့် ထောက်ကာ တစ်ယောက်မှ မလှုပ်နဲ
့အားလုံးငြိမ်ငြိမ်နေဟု ဆိုကာ ကြမ်းပြင်ပေါ် တွင် ၀န်ထမ်းများအား
မှောက်လျက်နေခိုင်းခဲ့သည်။ ထိုနောက်
၎င်းယူဆောင်လာသော ကျောပိုးအိတ်ထဲသို့  ဘဏ်မှ ငွေများထည့်ခိုင်းရာ
ဘဏ်ကောင်တာပေါ်တွင် ငွေမရှိသဖြင့် ဘဏ်ဝန်ထမ်းများ က ငြိမ်သက်နေခဲ့သည်။
အနုကြမ်းစီးသူက ၄င်း၏ဓါးကို ကောင်တာ စားပွဲပေးတင်ပြီး ဆက်လက်ငြိမ်သက်နေရန်
ဘဏ်ဝန်ထမ်းများကိုပြောဆို ခိုက် ကောင်တာပေါ်မှ ဓါးအား ဘဏ်မန်နေဂျာ က
ကောက်ယူလွှင့် ပစ်ပြီး လုံခြုံရေးဝန်ထမ်းများ ရောက်ရှိကာ အနုကြမ်းစီးသူအား
ဝိုင်းဝန်းဖမ်းဆီးကြသည်။
အခင်းဖြစ်ပွားရာသို့  ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုး၊ခရိုင်ရဲတပ်
ဖွဲ့မှူး ရဲမှူးကြီး စ၀်နေလင်း ၊မြို့ နယ်အုပ်ချုပ်ရေးမှူး၊မြို
့နယ်ရဲတပ်ဖွဲ့မှူးတို့  ချက်ချင်းရောက်ရှိလာပြီး အရေးယူဆောင်ရွက်မှုများ ကို
ဦးဆောင်ကြီးကြပ် သည်။
အဆိုပါ အနုကြမ်းစီးလုယက် သူမှာ ဝေယံမျိုးကျော် ( ၂၆ )နှစ် (ဘ)
ဇင်မျိုးကျော် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း ၊ ကန့်ဘလူ မှဗိုလ်ကြီး
အဆင့်ရှိသူဖြစ်သည်။
MOI Webportal Myanmar
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။