Ads (728x90)



 
 ဒီဇင်ဘာ ၁၆ ရက်တွင် အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်ခဲ့သည့် အုပ်စုနောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်၌ အရန်ကစား
သမားများကို ထုတ်သုံးခဲ့ပြီး ပွဲပြီးမှသာ ဂိုးကွာခြားချက်ဖြင့်
မဆုံးဖြတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုဖြင့် နောက်တစ်ဆင့်
တက၊် မတက်ဆိုခြင်းအား သိခဲ့သည်ဟု ပွဲအပြီးသတင်း
စာရှင်းလင်းပွဲ၌ ၀န်ခံပြောဆိုခဲ့သော တောင်ကိုရီးယား
သား နည်းပြ ပတ်ဆောင်ဟွာမှာ သတင်းတချို့တွင်
ဒီဇင်ဘာ ၁၇ ရက် ည ၁၀ နာရီ ထွက်ခွာမည့် လေယာဉ်
ဖြင့် ပြည်တော်ပြန်မည်ဟု သိရသော်လည်း မြန်မာ
နိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာနှင့် မြန်မာယူ
-၂၃ အသင်းမန်နေဂျာဦးစိုးမိုးကျော်က ထိုသတင်း
မဟုတ်မှန်ဟု အတည်ပြု ဖြေကြားခဲ့သည်။
ပတ်ဆောင်ဟွာက သတင်းတစ်ရပ်၌ သူသည်
ဘောလုံးပြိုင်ပွဲများမစမီ နည်းပြများစုံညီပြုလုပ်သည့်
မန်နေဂျာများတွေ့ဆုံမှုအခမ်းအနား၌ ထိပ်တိုက်တွေ့ဆုံမှုဖြင့် အမှတ်တူအသင်းများကို ဆုံးဖြတ်မည်ဆိုသည့်
ရှင်းပြမှုအား ဘာသာပြန်မှ သူ့အားပြန်လည်မပြောပြခဲ့
ဟုဆိုကာ သူ့အမှားဖြစ်၍ မြန်မာကစားသမားများအား
လုံးနှင့် မြန်မာပြည်သူအားလုံးကို အနူးအညွတ်တောင်း
ပန်သည်ဟု ဆိုခဲ့သည်။

ထို့ကြောင့် ပတ်ဆောင်ဟွာအား တရားဝင်ထုတ်
ပယ်ခြင်းအတွက် အတည်ပြုကြေညာမည်လားဟု ဦးစိုးမိုး
ကျော်အား မေးမြန်းရာတွင် " တရားဝင်သတင်းတော့
မထုတ်ပြန်သေးဘူး။ ဒါပေမဲ့ သူပြန်မှာပါ။ ရှင်းစရာရှိတာ
လေးတွေ ရှိလို့ နှစ်ရက်လောက် ဆက်နေခွင့်ပေးပါ ဆိုတဲ့
အတွက် ဥက္ကဋ္ဌဦးဇော်ဇော်က ပုဂ္ဂိုလ်ရေးငဲ့ညှာမှုနဲ့ ခွင့်ပြု
ခဲ့တယ်။ဒါပေမဲ့အသွားအလာမဆင်ခြင်လို့အန္တရာယ် ဖြစ်ရင်
တာဝန်မယူနိုင်ဘူးဆိုတဲ့စကားတော့ သတိပေးပြောကြား
ခဲ့တယ် " ဟု စံတော်ချိန်သို့ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ဦးစိုးမိုးကျော်က ပတ်ဆောင်ဟွာ၏
ပြိုင်ပွဲစည်းမျဉ်းကို မသိခဲ့ဆိုသော စကားနှင့် ပတ်သက်၍
" ကစားသမားတိုင်း ဒီစည်းမျဉ်းသိတယ်။ နည်းပြအဖွဲ့ထဲ
က သူ့လက်ထောက်ကိုရီးယားသားတွေ အားလုံးလည်း
သိတယ်။ သူမသိဘူးဆိုတာ သေချာပေါက်လိမ်ခဲ့တဲ့
စကားပဲ ။ အ၀ါကတ်ထိထားတဲ့ ကစားသမားခုနစ်ဦးထဲက
ငါးဦးကိုတောင် သူထုတ်သုံးသွားခဲ့တာပဲ။ သရေဖြစ်လို့
မရဘူး ဆိုတဲ့အကြောင်း သူ့ကို အားလုံးက ပြောခဲ့ပြီးသား
ပါ " ဟု ရှင်းလင်းခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...