Ads (728x90)



မြန်မာ့ တပ်မတော် သည် မြန်မာနိုင်ငံ၊ နိုင်ငံတော် စစ်အင်အားစု အားလုံးကို ရည်ညွန်းသည်။ တပ်မတော်ကို ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ ထိန်းချုပ်ပြီး တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ)၊ တပ်မတော် (လေ)၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့၊ သံချပ်ကာတပ်၊ ဆက်သွယ်ရေးတပ်ဖွဲ့ ဟု ခွဲထားသည်။ အရန်အင်အားအနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ တို့ဖြစ်ကြသည်။

၎င်းတပ်ဖွဲ့ဝင် အားလုံးတို့မှာ နိုင်ငံတော် ကာကွယ်ရေး အတွက် မိမိ ဆန္ဒအလျောက် အစိုးရ အင်အားဖြည့်တင်းရန် ဝင်ရောက်ခြင်းဖြစ်သည်။ ၁၉၄၈ ခု ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေး ရသည်မှစ၍ တပ်မတော်သည် ပြည်ပကျူးကျာ်သူများ၊ပြည်တွင်းသောင်းကျန်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်သူပုန် အဖွဲ့များ၊ နိုင်ငံတော် အချုပ်အချာအာဏာ ထိခိုက်စေသည့် မင်းမဲ့ဇရိုက် ဆူပူဆန္ဒပြသူများ နှင့် မူးယစ်ဆေးဝါး အင်အားစုများအား ပြင်းပြင်းထန်ထန် ခြေမှုန်းသည်။ ဗြိတိသျှ ကိုလိုနီ ခေတ်မှစခဲ့သော စစ်ဖွဲ့စည်းပုံကို ယူခဲ့ပြီး နောက်ပိုင်းတွင် အခြားနိုင်ငံများမှ လက်နက်သစ်များ ဖြင့် ဖြည့်တင်းခဲ့သော်လည်း အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် စစ်တပ်အသုံးစရိတ် နည်းပါးသဖြင့် များစွာ ခေတ်နောက်ကျ လျှက်ပင် ရှိသေးသည်။ ထို့ကြောင့် လက်ရှိတပ်မတော် အကြီးအကဲများမှ ခေတ်မှီတပ်မတော် အဖြစ်ရပ်တည်နိုင်ရန် ပညာရှင် စစ်ဗိုလ်များကို မွေးထုတ်ခြင်း၊ ခေတ်မှီလက်နက်များကို ဝယ်ယူဖြည့်တင်းခြင်း များကို အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိသည်။
ယနေ့အများစုအကြား ဖြစ်ပေါ်လျှက်ရှိသော ပြဿနာမှာ အစိုးရနှင့် တပ်မတော်ကို ခွဲခြား၍ မမြင်ကြခြင်းပင်ဖြစ်သည်။ တပ်မတော်ဆိုသည်မှာ မည်သည့်အစိုးရတက်တက် ၄င်းတို့
လုပ်ဆောင်ရမည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ဒို့တာဝန် အရေးသုံးပါး နှင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး တာဝန်များကို ဦးလည်မသုန် ထမ်းဆောင်
နေကြရမည်သာဖြစ်သည်။
တပ်မတော်သားများ၏ လက်ရှိလွှတ်တော်အတွင်း ထိန်းကျောင်းပေးနေမှု အခြေအနေနှင့် ပတ်သက်၍လည်း လွန်ခဲ့သောရက်သတ္တပါတ်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့်  မြန်မာတိုင်းမ်ဂျာနယ်တို့၏ အင်တာဗျူး တစ်ခုတွင်လည်း ယခုလိုပြောကြားခဲ့သည်ကို တွေ့ရသည်။
လွှတ်တော်မှာ တပ်မတော်ကတော့ ၂၅ ရာခိုင်နှုန်းထားတယ်။ ဒီကနေ့ နှစ်နှစ်ခွဲကျော်လာပြီ။
တပ်မတော်က ၂၅ ရာခိုင်နှုန်းကြောင့် ဘာတွေအခက်အခဲရှိလဲ။ ဘာတွေ ၀င်ရောက်စွက်ဖက်ခဲ့လဲ။
အဆိုတင်သွင်းတဲ့အပေါ်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ဘာတွေများ
ထိပ်တိုက်တွေ့ရတာရှိသလဲ။ ဒါကိုကြည့်ရင် ရှင်းရှင်းလေးပဲ။
ဒီကနေ့ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်ဖို့တာဝန်ရှိတယ်။ အဓိကတာဝန်ရှိတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ အဲဒီတော့ ပြောဖို့ကအကျိုးအကြောင်း ဆီလျော်ရှိဖို့လိုတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး ပြောချင်ရာပြောပါစေ။ အဓိကသည် လူထုဘယ်လောက်ထောက်ခံခဲ့သလဲ။တပ်မတော်အစိုးရကလုပ်ချင်တာလုပ်တာလို့ပြောချင်ပြောကြမှာပေါ့။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကုလသမဂ္ဂအပါအ၀င် အာရှနိုင်ငံတွေလေ့လာခဲ့တာ။ တချို့နေရာတွေမှာ ကန့်ကွက်ခဲ့သလို တချို့နေရာတွေမှာလည်း
ထောက်ခံခဲ့တာပဲ။ အခုမှ ဥပဒေနဲ့မညီဘူးပြောလိုပြော၊ ဒီမိုကရေစီနဲ့မညီဘူးပြောလို ပြော
ဒီအချိန်မှာပြောတာတွေကို လွှတ်တော်မှာလည်း ဖွင့်ပေးထားတယ်။ ပြောလို့ရတယ်။ လမ်းဘေးမှာ
ပြောနေတာတွေကိုတော့ ထည့်မတွက်သင့်ဘူးလို့တော့ ထင်တယ်။
သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရတက်လာပြီးသည့်နောက် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် စီးပွားရေးတောင့်တင်းနေပြီဖြစ်သော ဓနရှင်နိုင်ငံရေးအုပ်စုများ၊ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲသော ရဲရဲတောက် နိုင်ငံရေးအုပ်စုများ၊ အစဉ်အဆက် နိုင်ငံရေးအစဉ်အလာကြီးမားခဲ့သော နိုင်ငံရေးအုပ်စုများ စသည်ဖြင့် အသွင်မျိုးစုံဆောင်သော နိုင်ငံရေးအင်အားစုများသည် သူသူငါငါရုပ်လုံးပေါ်လာကြပြီး မည်သူတွေကမည်သည့်နေရာမှ ဆိုသည်ကိုတော့ ပုဂ္ဂိုလ်ရေးဆန်သွားမည်စိုးသဖြင့် အကျယ်တဝင့်မပြောလိုပြီ။ သမိုင်းကိုတောင်မှ ရေရေရာရာမသိသေးသော ရေပေါ်ဆီနိုင်ငံရေးသမားများကိုပဲ ရွေးမလား၊ အခါအားလျှော်စွာဖြစ်ပ်ါလာသော နိုင်ငံရေးလှုပ်ရှားမှုများထဲမှ နိုင်ငံရေးသူရဲကောင်းများကိုပဲ ရွေးမလား၊ နိုင်ငံကို အများထက်ပိုချစ်ပြီး နိုင်ငံရေးအတွေ့အကြုံနှင့် နိုင်ငံရေး အစဉ်အလာကြီးမားခဲ့သော နိုင်ငံရေးသမားများကိုပဲရွေးချယ်ကြမလား၊ အရာခပ်သိမ်းသည် နိုင်ငံသားတို့၏ စိတ်ဆန္ဒပေါ်တွင်အနှေးနှင့်အမြန်ဆိုသလိုမှီခိုလာလေပြီ။သို့သော်တိုင်းကျိုးပြည်ပြု ရွေးချယ်မှတစ်ခုကို ပြု
လုပ်ကြပြီဆိုလျှင် အမုန်းတရားကိုလည်း ရှေ့တမ်းတင်၍ စဉ်းစားရန်မသင့်၊ နုလုံးသားဖြင့်လည်း ဆုံးဖြတ်၍မရ၊ အခွင့်အရေးကိုမျှော်ကိုးပြီး တစ်ကိုယ်ကောင်းဆန်လျှင်လည်းမည်သို့မှ မမှန်ပေ။

ထို့ကြောင့် နိုင်ငံသားတိုင်းသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ဆိုသည့်ကာလသုံးပါးနှင့် မကင်းကွာနိုင်သ၍ အတိတ်သမိုင်းကပေးသော သင်္ခန်းစာများကို ယခုပစ္စုပ္ပန်ကာလတွင်အရယူပြီး အနာဂါတ်မြန်မာနိုင်ငံ အတွက် အကောင်းဆုံးအခြေခံ အုတ်မြစ်တစ်ခုတည်ဆောက်နိုင်ကြရမည်သာဖြစ်သည်။အထူးသဖြင့် တပ်မတော်နှင့် အစိုးရ ခွဲခြားမြင်တတ်ကြရန် လိုသည်။ယခင်က တပ်မတော်အနေနဲ့ တိုင်းပြည်အာဏာကို ထိန်းသိမ်းခဲ့စဉ် တပ်မတော် အစိုးရ လို့ ပူးတွဲသုံးနှုန်းနိုင်ပေမယ့် ယခု အခါ အရပ်သား အစိုးရ တစ်ရပ် ပေါ်ပေါက်လာသည့်အပေါ် တပ်မတော် နှင့် အစိုးရ ကို ကွဲကွဲပြားပြား မြင်တတ်ရန်လိုသည်။ အစိုးရ ဆိုသည်မှာ လက်ရှိ နိုင်ငံရေးအာဏာ တည်သည့် ကာလတာ ၅ အတွင်းကျော်လွန်လျှင် အသစ်တစ်ဖန် ပြန်စနိုင်မှာ ဖြစ်သည်။ သို့သော် တပ်မတော် ဆိုသည်မှာ သမိုင်းအခြေခံ၍ ပေါက်ဖွါးလာသော မျိုးချစ်တပ်မတော် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ပေါ်ပေါက်လာသော တပ်မတော် မဟုတ်ပေ။ ထို့အတူ လက်ရှိသမ္မတ သက်တမ်း ၅ နှစ်တာကျော်လွန်
ခဲ့လျင်လည်း တပ်မတော် က တပ်မတော်အဖြစ်ပဲ ဆက်လက်တည်ရှိနေအုံးမည်ဖြစ်သည်။ ထို့ကြောင့်
မိမိတို့အနေဖြင့် တပ်မတော် နဲ့ အစိုးရ အား ခွဲခြားမြင်နိုင်မှသာ အနာဂါတ် လမ်းအတွက် ဖြောင့်တန်းတည့်မတ်စွာ ပြုပြင်ထိန်းကျောင်းတည်ဆောက်နိုင်ကြမည်ဖြစ်လေသည်။
 
 
 Ref : http://www.oppositeyes.info/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...