Ads (728x90)




ယခုနှစ် အောက်တိုဘာ ၂၉ ရက်အထိ မြန်မာနိုင်ငံတွင် နိုင်ငံတော်ပိုင်ရွှေတန်ချိန် ၇ ဒသမ ၁၅၃၉ တန်နှင့် နိုင်ငံခြားငွေပိုင် ဆိုင်မှုစုစုပေါင်းပမာဏမှာ ၈ ဒသမ ၁၃ ဘီလီယံအထိ ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဒေါ်ခင်စောဦးကပြောသည်။

ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ရွှေစာရင်းလက်ကျန် (Gold Account)နှင့်
နိုင်ငံခြားသုံးငွေလက်ကျန်စာရင်း(Foreign CurrencyAccount )များ အခြေ အနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လွှတ်တော်
သို့လာရောက်ရှင်းလင်းစဉ် ၄င်းကအသိပေးပြောကြားခဲ့ခြင်းဖြစ်သော်လည်း ပိုင်ဆိုင်သောငွေကြေး၏ယူနစ်ကိုမူထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။

(ကျပ်၊ ဒေါ်လာ၊ ပေါင်... စသည့် ယူနစ်ကိုဆိုလိုသည်။)
''ပြည်ပရှိနော့စကိုငွေစာရင်း ဖွင့်လှစ်ထားရှိခြင်းက နိုင်ငံတော်အနေနဲ့ ကုန်သွယ်ရင်းနှီးမှု၊ နိုင်ငံခြားကြွေးမြီရယူခြင်းနဲ့ပေးဆပ်မှုစတဲ့ စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များအတွက် ပြည်ပနဲ့ ငွေပေးငွေယူကိစ္စများ နေ့စဉ်ပြုလုပ်နေရတဲ့အတွက်ကြောင့် ပေးချေစာရင်းရှင်းလင်းမှုများ လွယ်ကူစေမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေစာရင်းတွင် ရွှေစာရင်းနှင့် နိုင်ငံခြားသုံးငွေစာရင်း တို့ ပါဝင်ကြပြီး နိုင်ငံခြားသုံးငွေများကို
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံပိုင်ဘဏ်ငွေစာရင်း (နော့စကိုအကောင့်များ)မှအပ်နှံထားရှိကြောင်း၊ နိုင်ငံခြားသီးသန့်ငွေအခြေအနေမှာ အချိန်ကာလ မတူသလို နိုင်ငံခြားသုံးငွေပမာဏမှာလည်း ပြောင်းလဲနေမည်ဖြစ်ကြောင်း၊ နော့စကိုဆိုသည့် စကားမှာ လက်တင်ဘာသာမှဆင်းသက်လာပြီး Our (ကျွန်ုပ်တို့ရဲ့ပိုင်ဆိုင်မှု)ဟု အဓိပ္ပာယ်ရှိ ကြောင်းရှင်းလင်းပြောကြားသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...