Ads (728x90)

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ်ရေဒီယိုစခန်းများတွင် အပြည်ပြည် ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(ITU)မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ တပ်ဆင်ထုတ်လွှင့်လျက်ရှိပြီး အဆိုပါနိုင်ငံတကာ အသိအမှတ်ပြု ရေဒီယိုစက်ပစ္စည်းများဖြင့် လွှင့် ထုတ်သော လှိုင်းများသည် လူတို့၏ကျန်းမာရေး ကို ထိခိုက်မှုမရှိနိုင်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန မှ ဒုတိယဝန်ကြီးဦးသောင်းတင်က ဆိုသည်။

လက်ရှိပြည်သူများ အသုံးပြုလျက်ရှိသည့် မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းဆိုင်ရာများတွင် ကျန်းမာရေးထိခိုက်မှု ရှိ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းတစ်ရပ်အား ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၈)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က မေးမြန်း ခဲ့ရာ၌ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါမိုဘိုင်းလ်ဖုန်းနှင့် ၄င်းတို့၏ရေဒီယို စခန်းများနှင့် သက်ဆိုင်သော ကျန်းမာရေး ဘေးအန္တရာယ်များနှင့်ပတ်သက်၍ WHO နှင့် ပြင်သစ်ပညာရှင်များအဖွဲ့ ANSES တို့က မိုဘိုင်းလ်ဖုန်းမှထုတ်လွှင့်သော ရေဒီယိုလိုင်းများ သည် လူတို့၏ကျန်းမာရေးကို အန္တရာယ်မရှိ နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ၄င်းကဆိုသည်။

အလားတူ WHO ၏လေ့လာသုံးသပ်ချက် အရ ထုတ်လွှင့်သောရေဒီယိုလှိုင်းများနှင့် ထိတွေ့ သော ပတ်ဝန်းကျင်များတွင် ကင်ဆာနှင့် အခြား ရောဂါဖြစ်ပွားမှုမြင့်တက်နှုန်း အရိပ်လက္ခဏာမရှိ ကြောင်း၊သိပ္ပံပညာရှင်များက မိုဘိုင်းလ်သုံးစွဲခြင်း ကြောင့် အခြားကျန်းမာရေးအကျိုးသက်ရောက် မှုအနေဖြင့် ဦးနှောက်လှုပ်ရှားမှုနှင့် အိပ်စက်မှုပုံစံ တို့တွင် အနည်းငယ်အပြောင်းအလဲရှိသော်လည်း ယင်းအကျိုးသက်ရောက်မှုမှာ အသေးအမွှားသာ ဖြစ်ပြီး သိသာထင်ရှားမှုမရှိကြောင်း လေ့လာသုံး သပ်ချက်အရ ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုသို့ မိုဘိုင်းလ်ဖုန်းမှ ထုတ်လွှင့်သည့် ရေဒီယိုလိုင်းများသည် ရေဒီယိုစခန်းများမှ ထုတ် လွှင့်သည့် ရေဒီယိုလိုင်းများထက် အဆ ၁ဝဝဝ ပိုကြောင်းနှင့် Handset များကြောင့် ပိုမိုထိခိုက် မှုဖြစ်နိုင် မဖြစ်နိုင်ဆိုသည်ကို WHO အနေဖြင့် အထူးသုတေသနပြုလုပ်လျက်ရှိပြီး ရေဒီယိုလှိုင်း များ၏ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု ကို အကဲဖြတ်တွက်ချက်ရန် ဆက်လက်သုတေသန ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြင့် မိုဘိုင်းလ်ဖုန်းသုံးစွဲခြင်းနှင့် ပတ် သက်၍ တိကျသော သုတေသနပြုချက်များနှင့် လူတို့၏ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သည့်အကြောင်း တစ်စုံတစ်ရာပေါ် ပေါက်လာပါက ဝန်ကြီးဌာနအနေဖြင့် ပြည်သူ များသို့ မီဒီယာများမှတစ်ဆင့် အချိန်နှင့်တစ်ပြေး ညီ အသိပညာပေးခြင်းနှင့် လိုအပ်သည့်အကြံပြု ချက်များကိုဆောင်ရွက်မှုပြုလုပ်သွားမည်ဖြစ်သည်။
 Ref : http://www.oppositeyes.info/
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...