Ads (728x90)



၂၂ နှစ် တာ စစ်အုပ်ချုပ်ရေး ကာလ ကြောင့် လူထု ရဲ့ အထင်အမြင် လွဲမှားမှုကိုအတော် ခံစားခဲ့ရပါ တယ်။အဲဒီ ၂၂ နှစ် ကာလကို ပြောကြ ဆိုကြတိုင်း တပ်မတော် ခေါင်းဆောင်ပိုင်း တစ်ချို့  နဲ့ မိသားစု ၀င်တွေရဲ့ မသမာ ပြုလုပ်ခဲ့ မှုတွေကပဲ  ရှေ့ တန်းကို ရောက်နေပြီး တပ်မတော် တကယ် ဆောင် ရွက်ခဲ့တဲ့  အရေးကြီး လုပ်ဆောင်ချက် အစိတ်အပိုင်းတစ်ချို့ ဟာ…. မှေးမှိန် ပျောက်ကွယ်နေတဲ့ အတွက် လက်ရှိ အရေးကြီး မဟာဗျူဟာ အခင်းအကျင်း တွေကို မထိခိုက်စေပဲ  ပြည်သူတွေ သိထားသင့်တယ် ထင်တဲ့  အချက်အလက် တစ်ချို့ အတွက်ဒီဆောင်းပါးကို ကျွန်တော် ရေးပါတယ်…..။

ပထမ ကာလ

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာတပ်မတော်က အာဏာသိမ်းပြီးတဲ့ နောက် ပထမဆုံး လုပ်ဆောင်ရတာကတစ်နိုင်ငံလုံး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အခြေအနေဆိုးကြီးကို န၀တ အဖွဲ့ ကို ဖွဲ့ စည်းပြီး တည်ငြိမ်အောင်လုပ်ရတာပါပဲ။အစိုးရ ယန္တရား ပုံမှန် ပြန်လည်ပတ်ဖို့ ကိုနယ်စပ်ဒေသတွေမှာ  အခွင့်ေ ကာင်းယူ ထိုးစစ်ဆင်လာတဲ့ မိုင်းယန်း ၊ မဲသဝေါ ၊ ဒေါ့ဖုန်းယန် လို တိုက်ပွဲကြီးတွေနဲ့  အုပ်ချုပ်ရေး ၊ စီးပွားရေးအခက်အခဲ အမျိုးမျိုးကြားက ဆောင်ရွက်ခဲ့ရပြီး၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ ရပါတယ်။

ခုချိန်ထိအငြင်းပွားနေရတဲ့  ရွေးကောက်ပွဲအပြီးအာဏာမလွဲပြောင်းပေးခဲ့ မှုကတော့ ရွေးကောက်ပွဲအနိုင်ရပါတီဟာ  မြေအောက်အဖွဲ့ အစည်းများစွာနဲ့ အဆက်အသွယ်ရှိနေကြောင်းစိစစ်တွေ့ ရှိရခြင်း  ရွေးကောက်ပွဲအနိုင်ရပါတီဟာသူတို့ အစိုးရ ဖြစ်ပါကတပ်မတော်၏ ဆောင်ရွက်ချက်များအပေါ်အရေးယူမည်ဟု ပြောဆိုချက်များရှိခဲ့ ခြင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကျန်းမာရေးအခြေအနေအရ အနားယူခဲ့ ရကာ… ထိပ်ဆုံး ရာထူး အပြောင်းအလဲ ဖြစ်ခဲ့ခြင်း … တို့ ကြောင့် ဖြစ်မယ်လို့ ..... အကြမ်းဖျင်း သုံးသပ်နိုင်ပါတယ်….။

ဒုတိယ ကာလ

တပ်မတော်ဟာ .... အာဏာကို ဆက် ကိုင်ထားပြီးတဲ့ နောက်မှာ…. မဟာဗျုဟာ အစီအစဉ်ကြီး တစ်ခုကို ရေးဆွဲခဲ့ပါတယ်…. ဒီအစီအစဉ်ရဲ့ အဓိက ရည်မှန်းချက်ဟာ…. တပ်မတော် အနေနဲ့ … ၁၉၄၈ နဲ့  ၁၉၈၈ ခုနှစ်တွေ တုန်းကလို ဘေးကျပ် နံကျပ် ဒုက္ခ တွေ့ ရတဲ့ အခြေအနေမျိုးကို နောက်ထပ် ဘယ်တော့မှ မရောက်ရှိစေရေး…… နိုင်ငံရေး မငြိမ်သက်မှု ဘယ်လောက်ဖြစ်ဖြစ် …. ပင်မ အစိုးရ ယန္တရားကြီး ရပ်ဆိုင်းသွားတဲ့ အထိ ….. နောက်ထပ် ဘယ်တော့မှ မဖြစ်ရေး….. အစိုးရ အုပ်ချုပ်ရေးအာဏာ .... တစ်တိုင်းတစ်ပြည်လုံး… နယ်စွန် နယ်ဖျားများထိ သက်ရောက်ရေး….. တိုင်းပြည်မှာ ... အခြေခံ အဆောက်အအုံများတည်ဆောက်ပေးပြီး…. စီးပွားရေး ခိုင်မာတောင့်တင်း လာအောင် ဆောင်ရွက်ရေး….. နောင်တက်လာမယ့် အရပ်သား အစိုးရ အနေနဲ့ …. တိုင်းရင်းသား လက်နက်ကိုင်များနဲ့ .... ထာဝရ ငြိမ်းချမ်းရေးအတွက် ဆက်ဆွေးနွေးလို့ ရအောင် … အခြေအနေ တစ်ခုအထိ .... ပြင်ဆင် တည်ဆောက်ပေးခဲ့ရေး… အိမ်နီးချင်း နိုင်ငံများကို ယှဉ်ပြိုင်နိုင်မယ့် .... ခေတ်မီ အင်အားကြီး တပ်မတော်တစ်ခု တည်ဆောက်ရေး….. စတဲ့ အချက်တွေ ဖြစ်ပုံရပါတယ်…..။

ဒီမဟာဗျူဟာ အစီအစဉ်အရ….. တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ …. အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး …. ဒေသလိုက် နယ်မြေများ သတ်မှတ်ပေးကာ… ကိုယ့်ဒေသ အလိုက် ဖွံ့ ဖြိုးတိုးတက်ရေးကို …. ဆောင်ရွက်စေခဲ့ပါတယ်…. တစ်ဆက်တည်းမှာပဲ … တပ်မတော်ကို စတင်တိုးချဲ့ လာခဲ့ပြီး…. အပစ်အခတ်ရပ်စဲရေးကို လက်မခံတဲ့ အဖွဲ့ တွေရဲ့ …. နယ်စပ် အခြေစိုက်စခန်းတွေကို .... ထိုးစစ်ဆင်သိမ်းပိုက်ကာ…. နယ်မြေ စိုးမိုးမှု ကို ရယူခဲ့ပါတယ်…..

ဒီကာလဟာ….အကြမ်းဖျင်း....၁၉၉၅..၁၉၉၆ခုနှစ်လောက်အထိ…. ဖြစ်မယ်လို့ ခန့် မှန်းရပါတယ်….၁၉၉၆ခုနှစ်အကုန်လောက်မှာတော့….တပ်မတော်ဟာ ပြည်တွင်းစစ်မှာ….အပြတ်အသတ်အသာစီးရသွားပြီလို့ ….ဆိုနိုင်ပါပြီ…..။

တတိယ ကာလ

ဒီကာလဟာ…….. တပ်မတော်ကို ခေတ်မီ တပ်မတော်အဖြစ် ... အသွင်ပြောင်းလဲခဲ့ပြီး…. အနာဂတ် ကာလ တပ်မတော်ရဲ့ .... မဟာဗျူဟာမြောက် တပ်နေရာချထားမှုတွေကို …. အကြီးအကျယ် လုပ်ဆောင်ခဲ့တဲ့  ကာလဖြစ်ပါတယ်…. ၁၉၈၈ ခုနှစ်မှာ…. ခြေမြန်တပ်မ (၈) ခုပဲရှိ ခဲ့ တဲ့  တပ်မတော်ကို ….. တပ်မ (၄၀) အထိ တိုးချဲ့ ဖွဲ့ စည်းပါတယ်….. အမြဲတန်း စစ်အင်အား ၂သိန်း ခန့် ကနေ….. ငါးသိန်း ၀န်းကျင်ထိ တိုးချဲ့ ဖွဲ့ စည်းခဲ့ပြီး…. ၇.၆၂ ကျည်သုံး မောင်းပြန်သေနတ်များအစား…. ၅.၅၆ ကျည်သုံး ပြည်တွင်းထုတ် ... MA Series လက်နက်များကို … တပ်မတော် တစ်ရပ်လုံးကို ပြောင်းလဲ တပ်ဆင်ဖို့ စီစဉ်ခဲ့ တဲ့ အပြင်…. အမြောက် တပ်မ ၆ ခု …. သံချပ်ကာ တပ်မများ … လေတပ်စခန်း ဌာနချုပ်များ….. ခေတ်မီ တိုက်လေယာဉ် များ…. တိုက်ခိုက်ရေး ရဟတ်ယာဉ် အုပ်များ…. ရေတပ် သင်္ဘောကျင်းများ …. ဒုံးပျံတင် စစ်ရေယာဉ်များ နဲ့  အခြား ခေတ်မီ စစ်လက်နက် ပစ္စည်း များ ၀ယ်ယူခြင်း…. ပြည်တွင်းမှာပဲ တပ်ဆင်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်း ……. နိုင်ငံခြား ပညာတော် သင်များ အများအပြားစေလွှတ်ခြင်း …. စစ်ရေးဆိုင်ရာ ကန်ထရိုက် စာချုပ် အများအပြားကို ချုပ်ဆိုခြင်း …. စတာတွေကို ဆောင်ရွက်ခဲ့ပါတယ်…။


အသစ် တိုးချဲ့ ဖွဲ့ စည်းလိုက်တဲ့ တပ်မ တွေထဲက …. တပ်ရင်း အသစ်စက်စက် တွေဟာ….. မဟာဗျူဟာမြောက် တပ်နေရာချထားမှု အစီအစဉ်တွေအရ… တပ်မတော် အနေနဲ့ .... ဘယ်တုန်းကမှ တပ်မစွဲနိုင်ခဲ့တဲ့ … အစွန်အဖျား ဒေသတွေမှာ ... သွားရောက် အခြေစိုက် ကြရပါတယ်…. တပ်ရင်းဆိုပေမယ့် ….. တောင်ကုန်း ပေါ်မှာ မိုးကာတဲလေးတွေ ထိုးပြီး….. လက်နက်အားလုံးကို .... တဲတစ်လုံးမှာ သံကြိုးနဲ့ ချည်….မိုးကာအုပ်…. တပ်ရင်း တစ်ရင်းလုံး မီး လုံးဝ မရှိ…့ တပ်ရင်းမှူးနေတဲ့ တဲဟာ…. မိုးရွာတိုင်း ရေဒလဟော ယို….. လူအင်အားကလဲ ... တပ်အဟောင်းတွေက ထုတ်နူတ် …. တစ်တပ်ကို အင်အား ၁၀ယောက်လောက်နဲ့ …. လူဟောင်း ၁၀၀ လောက်ကို အခြေခံပြီး…. ကျန်တာကတော့ .... ခေါင်းတုံး ပြောင်နေအောင် ရိတ်ထားတဲ့ …. သင်တန်းဆင်း ရဲဘော်သစ် လေးတွေနဲ …. ကိုယ်နေဖို့ ဘားတိုက် …. ကိုယ့်ဖာသာ ဗြုံး တူး ၊ အုတ်ရိုက်… အဆောက်အဦးဆောက်ပြီး စဖို့  …. အမိန့် ရ ခဲ့ကြပါတယ်….. ၁၀ နှစ် ၁၅ နှစ် ၀န်းကျင် ကြာပြီးချိန်မှာတော့ …. ဒီတပ်တွေဟာ…. ဖွဲ့ စည်းပုံ လူအင်အား အပြည့်မရှိသေးတာက လွဲလို့ ….. အခိုင်အမာ အဆောက်အဦး ဘန်ကာတွေနဲ့ …. အတွေ့ အကြုံ ရင့်ကျက်တဲ့ …. တပ်အဟောင်းတွေ ဖြစ်လို့ နေခဲ့ပါပြီ…။

ဒီလို တပ်နေရာချထားမှုတွေဟာ….. ရှမ်း အရှေ့ မြောက် ဒေသ တစ်ခုတည်းမှာတင်….. ခြေမြန် တပ်မ သုံးမ ထက် မနည်း ဖွဲ့ စည်းခဲ့ပြီး…… လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်တွေနဲ့ …. တာမိုးညဲ - မုံးစီး -တာပါး လမ်းလို …. စစ်ဆင်ရေး မဟာဗျူဟာ လမ်းတွေကို လဲ …. အမြောက်အများ ဖောက်လုပ်ခဲ့ပါတယ်…… ဒါဟာ…ခပ်ယဲ့ ယဲ့သာ ရှိတော့တဲ့ …. ပြည်တွင်း လက်နက်ကိုင် အဖွဲ့ အစည်းများကို ရည်ရွယ်တာ ဖြစ်နိုင် မဖြစ်နိုင် … မှန်းဆကြည့်လို့ ရပြီး…. တစ်ပြည်လုံး အတိုင်းအတာ နဲ့ ဆိုရင်…. တပ်နေရာချ ထားမှုတွေ ဘယ်လောက်များမလဲ ဆိုတာ …. တွေးကြည့်နိုင်ပါတယ်….

လက်ရှိ တပ်မတော် မှာ ဖြစ်ပေါ်နေတဲ့ …. တပ်တွေမှာ ဖွဲ့ စည်းပုံ မပြည့်ဘူး ဆိုတဲ့ ပြသနာဟာ…. မဟာဗျူဟာ အရ …. အခြေခံအဆောက်အဦး အများအပြားကို အရင်တည်ဆောက်…. ပြီးမှ လူအင်အားကို .... ဖြည်းဖြည်းခြင်း ဖြည့်ယူမယ်ဆိုတဲ့ …. စီမံချက် ဖြစ်မယ်လို့  မှန်းဆကြည့်နိုင်ပြီး….. နောက်ထပ် ၁၀ စုနှစ် တစ်စုဆိုရင်တော့ …. ဒီကိစ္စ ပြေလည်သွားမယ် လို့ ... ခန့် မှန်း သုံးသပ် နိုင်ပါတယ်…. ထို့ အတူ……တစ်ခြားပြသနာတစ်ခုဖြစ်တဲ့ …. စစ်ဝတ် အသုံးအဆောင် နဲ့ .... ရိက္ခာများ ညံ့ ဖျင်းမှုဟာ … နည်းပညာ ထူးထူးထွေထွေ မလိုအပ်လှပဲ.... ပြည်တွင်းမှာပဲ ထုတ်လုပ်ရတာ ဖြစ်တဲ့ အတွက်…. ဘတ်ဂျက် တောင့်တင်းတာနဲ့ ..... ချက်ချင်း ထုတ်ပေးနိုင်မှာ ဖြစ်တယ်…. ဒါကြောင့် မဟာဗျူဟာ အဆင့် မှာ …. နောက်ပိုင်း နှစ်ကာလ တွေမှ စဉ်းစားမယ်ဆိုတဲ့ …. အစီအစဉ် ပဲ ဖြစ်ဖို့ များလှပါတယ်…..။

စတုတ္ထ ကာလ

ဒီကာလ ကတော့ .... လက်ရှိ မျက်မှောက်ခေတ် ထိ အကျုံးဝင်ပါတယ်…. နိုင်ငံတော် အာဏာကို .... အရပ်သားအစိုးရ ဆီ ပြန်လွှဲပေးဖို့ …. စနစ်တကျ ပြင်ဆင်တဲ့ အပိုင်းပါ….. ဒီလို လွှဲပေးရာမှာလည်း …. အဆင့်လိုက် စနစ်တကျပဲ လွှဲပေးဖို့ …. ပြည်တွင်းစစ် မရပ်မချင်း … တပ်မတော်ကို အင်အားချိနဲ့ သွားစေမယ့် ... ဥပဒေမျိုးတွေ ပြဌာန်းလို့ မရအောင်…. နိုင်ငံရေးမှာ အချိန်အတိုင်းအတာ တစ်ခုအထိ နေရာယူထားဖို့ ….. ဘတ်ဂျက် နဲ့ ထိန်းချုပ်ခံရ မှုမှ သက်သာစေရန် တည်ဆောက်ထားတဲ့ …. တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများအားလုံးကို … ဥပဒေနဲ့ အညီ စနစ်တကျ ပြင်ဆင်ထားရှိခဲ့ဖို့ …. တပ်မတော် ရဲ့ အခန်းကဏ္ဍပါဝင်တဲ့  ... ဖွဲ့ စည်းပုံ အခြေခံဥပဒေကို စနစ်တကျ ရေးဆွဲခဲ့ပြီး .... တပ်မတော်က သဘောမတူပဲ …. ပြင်ဆင်ဖို့ ခက်ခဲအောင် ဆောင်ရွက်ခဲ့ဖို့ …. NGO အဖြစ် ဖွဲ့ စည်းထားတဲ့ အသင်းကြီးတစ်ခုကို …. နိုင်ငံရေးပါတီ အဖြစ်အသွင်ပြောင်းဖို့ …. ပါတီတွင်းမှ .... ၀န်ထမ်းများ အားလုံး နူတ်ထွက်ခွင့်ပြုဖို့ .... ပါတီခေါင်းဆောင်များကို .... တပ်မတော်မှ နူတ်ထွက်စေပြီး …. နိုင်ငံရေး လောကသို့ ဆက်လက်ဝင်ရောက်စေဖို့ ….

၂၀၁၀ ရွေးကောက်ပွဲမှာ …. အသွင်ကူးပြောင်းရေး ကြားခံအစိုးရအဖြစ်… မဖြစ်မနေ အာဏာရရှိစေရန် ဆောင်ရွက်ခဲ့ဖို့ …. တပ်မတော်ကို .... အာဏာရ ပါတီနဲ့ သီးခြားဖြစ်သွားအောင် စီစဉ်ခဲ့ပြီး……. အနာဂတ်ကာလမှာ….. ဟန်ချက်ထိန်းညှိပေးတဲ့ အဖွဲ့ အစည်း တစ်ခုအဖြစ် သာ… မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ရပ်တည်နေဖို့ …. အာဏာရ ပါတီဟာ…. နောင်ရွေးကောက်ပွဲ အဆက်ဆက်မှာ…. ကိုယ့် အစီအစဉ်နဲ့ ကိုယ်သာ .... ဆက်လက်ဆောင်ရွက်သွားဖို့  ….. တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ …. ဆွေးနွေး တည်ဆောက်မယ့် .... ထာဝရ ငြိမ်းချမ်းရေးမှာ …. တပ်ကလည်း အရေးကြီးတဲ့ နေရာက ... ပါဝင်ဆွေးနွေးနိုင်ဖို့ … စတဲ့ အချက်တွေ ပါဝင်ပုံရပါတယ်…… ဒါတွေ မှန် မမှန်ကိုတော့….. လက်ရှိအခြေအနေတွေ နဲ့ .... တိုက်ဆိုင် ချိန်ထိုး သုံးသပ်နိုင်ပါတယ်…….။


မဟာဗျူဟာ အပေါ် သုံးသပ်ချက်

တပ်မတော်ဟာ….. ခန့် မှန်း ဆယ်စုနှစ် သုံးစုလောက် ကြာမြင့်တဲ့ …. မဟာဗျူဟာ အစီအစဉ်ကြီးကို အကောင်အထည်ဖော်ရာမှာ…. တပ်ပိုင်းဆိုင်ရာ ကိစ္စရပ် အတော်များများမှာ… ရည်မှန်းချက် အောင်မြင်ခဲ့ပုံရပေမယ့်… တိုင်းပြည်ရဲ့ စီးပွားရေးကို တည်ဆောက်တဲ့ အချိန်မှာတော့ …. မျှော်လင့်မထားတဲ့ အခက်အခဲတွေ ဖြစ်တဲ့ …. အနောက် အုပ်စုရဲ့ .... စီးပွားရေး အကြီးအကျယ်ပိတ်ဆို့ မှု နဲ့ …. မြေပေါ်အတိုက်အခံ .... နိုင်ငံရေးပါတီတွေရဲ့  ဆန့် ကျင်မှုကို …. အတော် ထိထိခိုက်ခိုက် ခံခဲ့ရပါတယ်…. စီးပွားရေး ပိတ်ဆို့ မှု ပြသနာကို ဖြေရှင်းဖို့ … တရုတ် ၊မြောက်ကိုရီးယား၊ရုရှား စတဲ့ …. အနောက် ဆန့် ကျင် ဘက် နိုင်ငံတွေနဲ့ ဆက်သွယ်ခဲ့ရပြီး… သယံဇာတ အများအပြားကို ရောင်းချကာ…. စီးပွားရေး စစ်ရေး ဆက်သွယ်မှု အများအပြားကို … မလွဲမရှောင်သာ ဆောင်ရွက်ခဲ့ရသလို … သူရဲ့ မဟာဗျူဟာ အစီအစဉ် ပြီးဆုံးတဲ့ အထိ…. ပြည်တွင်း နိုင်ငံရေး မငြိမ်သက်မှုတွေကို .... ထိန်းသိမ်းထားနိုင်ဖို့ … စစ်ဘက် အရပ်ဖက် ထောက်လှမ်းရေး လုံခြုံရေး .... အဖွဲ့ အစည်း အများအပြားနဲ့ …. အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူ တွေကို …. ဖိနှိပ်ထိန်းချုပ် ထားခဲ့ ရပါတယ်….။

ဒီအချက်တွေ ဟာ…. တပ်မတော် ကြိုတင်မျှော်လင့်မထားတဲ့ .... အခက်အခဲတွေ ဖြစ်ပုံရပြီး…. အလျင်းသင့်သလိုပဲ .... စီစဉ်ဖြေရှင်းခဲ့ ရပုံလဲ ပေါ်ပါတယ်…. အဆိုးဆုံးကတော့…… စစ်အုပ်ချုပ်ရေးဟာ…. အာဏာသုံးရပ်ကို တစ်ဦးတည်း ဆုပ်ကိုင်ထားရတဲ့ …. အာဏာရှင် စနစ် ဖြစ်တဲ့ အတွက်…. ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ နဲ့ .... မိသားစုဝင် တွေ ရဲ့ …. မသမာမှု အလွဲ သုံးစားမှု အများအပြားကို ဖြစ်ပေါ်စေခဲ့ပြီး…. ပြည်သူလူထု အတွက်ကတော့…. တပ်မတော် တစ်ခုလုံးကို .... သိမ်းကျုံး အထင်အမြင်လွဲ စေခဲ့ပါတယ်……။

ဒီနေ့ လက်ရှိ အချိန်မှာတော့ … တပ်မတော်ဟာ…. ပါတီနိုင်ငံရေးက .... လွတ်လွတ်ကျွတ်ကျွတ် ဆုတ်ခွာ သွားခဲ့ပြီးပုံရပြီး…. တို့ တာဝန် အရေးသုံးပါး…. ငြိမ်းချမ်းရေး…. လွှတ်တော်တွင်း အင်အားချိန်ခွင်လျှာ ထိန်းညှိရေး နဲ့ …. ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို .... ကာကွယ်စောင့်ရှောက်ရေးတာဝန်တွေကို …. ဆက်လက် ထမ်းဆောင်နေပုံရကာ…. မဟာဗျူဟာကြီး တစ်ခုလုံးရဲ့ .... ၇၀ ရာခိုင်နူန်းခန့်  ကိုတော့…. အောင်မြင်စွာ .... အကောင်အထည်ဖော်နိုင်ခဲ့ ပြီးပုံ ပေါ်ပါကြောင်း………..။

ရဲမိုး
Photo:မြဝတီ


Ref ; http://www.oppositeyes.info/2013/10/blog-post_813.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...