Ads (728x90)


ကချင်ပြည်နယ် ဗန်းမော် - မဘိမ်း - မိုးမိတ် ကားလမ်းကြောင်း ၀ဲ/ယာ ရှိ ကျေးရွာများ၌ နေထိုင်ကြသော ဒေသခံရှမ်းတိုင်းရင်းသားအချို့သည် မန်စီမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စက်တင်ဘာလကုန် မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ၎င်းကျေးရွာ များတစ်ဝိုက်၌ ၀င်/ထွက်သွားလာလှုပ် ရှားမှုအဆမတန် များပြားလာ သဖြင့် နေရပ်များကို စွန့်ခွာထွက်ပြေးလျက်ရှိကြောင်း ယင်းဒေသခံ အချို့ထံမှ သိရှိရသည်။

“ ဗန်းမော်မြို့ပေါ်ကို ပြေးလာတဲ့ မိသားစုတွေလည်းရှိတယ် ၊ အချို့ကတော့ ဗန်းမော်နဲ့ နီးတဲ့ ရွာတွေမှာ သွားပြီး နေကြတယ်လို့ သိရ တယ်။ ဆွေးမျိုး တော်တဲ့ သူတွေလည်းရှိတာပေါ့၊ သူတို့ပြောတာ ကတော့ ရွာတွေမှာ ကချင်တပ်ကအဖွဲ့တွေ အများကြီး ၀င်/ထွက် နေလို့ တိုက်ပွဲဖြစ် မှာ ကြောက်ပြီး ပြေးလာကြတယ်လို့တော့ သိရပါတယ် ” ဟု မြို့ခံကျောင်း ဆရာမတစ်ဦးက ပြောပြသည်။

မန်စီမြို့နယ် ကောင်ဂျာကျေးရွာ၊ နမ့်လင်းပါကျေးရွာနှင့် စီခမ်းကြီး ကျေးရွာ တစ်ဝိုက်တွင် စက်တင်ဘာလကုန် ပိုင်းက KIA နှင့် နယ်မြေခံအစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဗန်းမော် - မဘိမ်း - မိုးမိတ် ကားလမ်းကြောင်း ၀ဲ၊ယာ ရှိ မံလင်၊ သံတံတား၊ စီကော် ၊ စီခမ်းကြီး၊ မွန်ဆင့်၊ ခါချဉ်း၊ ကမ်းနီ၊ ကောင်လွန်၊ မိုးနောင် ကျေးရွာများမှ ဒေသခံ ရှမ်းတိုင်းရင်း သားများ မှာ KIA တပ်ဖွဲ့ဝင်များ အဆမတန် ၀င်/ထွက်သွားလာ လှုပ်ရှားလာမှုကြောင့် တိုက်ပွဲများဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ထွက်ပြေး လာကြခြင်း ဖြစ်ကြောင်း သိရသည်။

“ ကားလမ်းကြောင်း ဘေးဘယ်ညာမှာက ရှမ်းရွာတွေများတယ်၊ အစိုးရ စစ်တပ်ကလည်း ၀င်/ထွက်တာတွေရှိ သလို KIA ဘက်ကလည်း အင်အား အများကြီး တိုးလာတာတွေ့တယ်၊ တကယ်လို့ တိုက်ပွဲတွေဖြစ်ရင် ငါတို့ အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်၊ ဒါကြောင့် ပြေးလာကြတာ၊ ပစ္စည်းတွေတော့ အကုန်ယူမလာနိုင်ဘူး ” ဟု ဗန်းမော်မြို့သို့ ရောက်ရှိ လာသော သံတံတားရွာသား ရှမ်းတိုင်းရင်းသားတစ်ဦးဆီမှ သိရှိရသည်။

“ KIO နဲ့ အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရှိလို့ အခုလို အင်အားတွေများများချထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကို ဒေသ ခံတွေက ဘယ်နားလည်မလဲ၊ လူများများ သေနတ်တကားကားနဲ့ မြင်ရင် တိုက်ပွဲဖြစ်မှာပဲလို့ သူတို့က ထင်နေကြတာ၊ အခုလောလောဆယ် အဲဒီ ရွာတွေမှာ ကချင်လူမျိုးလောက်ပဲ ကျန် ခဲ့တယ်လို့ ပြောတယ် ၊ ရှမ်းတွေ ကတော့ အကုန်လုံးနီးပါး ပြေးလာကြတယ်၊ တိုက်ပွဲတွေ မဖြစ် ဖို့ ဒေသခံ အားလုံးက တောင်းဆိုနေချင်နေကြတာပါ ”ဟု ဗန်းမော်မြို့ခံ အစိုးရဌာန ဆိုင်ရာ ၀န်ထမ်းတစ်ဦးက ပြောပြသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ေ ရး အဖွဲ့တို့သည် အောက်တိုဘာ (၈) ရက်မှ (၁၀) ရက်အထိ ပြည်ထောင်စု အဆင့်ငြိမ်ချမ်းရေးဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရန်အကြိုတွေ့ဆုံ ဆွေးနွေးကာ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါသည်။

စိုင်းအောင်


Ref ; http://www.oppositeyes.info/2013/10/kia_5.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...