Ads (728x90)

ဦးဝီရသူ ဦးဆောင်မယ့် ဆန္ဒပြခွင့် အာဏာပိုင်တွေဘက်က ရက်ရွှေ့ခိုင်းဖို့ ပြော

မန္တလေးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း 
ဆရာတော် ဦးဝီရသူ ဦးဆောင်မယ့် 
ရခိုင်အရေးသမ္မတဦးစိန်ရဲ့ရပ်တည်ချက်
အပေါ်ထောက်ခံတဲ့ဆန္ဒပြပွဲတွေကို  
အာဏာပိုင်တွေဘက်က မူလကခွင့်ပြုထားတဲ့ ရက်မှာ ဆန္ဒပြခွင့်မပေးတာကြောင့်ရက်ရွှေ့ဆိုင်းလိုက
ရတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို ဒီကနေ့ မိန့်ကြားပါတယ်။

မန္တလေးမြို့က မြို့နယ် (၅) ခုနဲ့ မတ္တရာမြို့မှာ သံဃာတော်တွေ ဦးဆောင်ပြီး စက်တင်ဘာလ (၁) ရက်နေ့ ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပေး
မယ့် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ရဲ့ အလှူပွဲအတွက် လုံခြုံရေး စီစဉ်ပေးရမှာ
ဖြစ်တာကြောင့် ဆန္ဒပြပွဲတွေကို လုံခြုံရေးမပေးနိုင်ဘူးဆိုပြီး အာဏာပိုင်တွေ
က ရက်ရွှေ့ကျင်းပဖို့ အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။


အာဏာပိုင်တွေနဲ့ နီးစပ်သူမြို့ခံတချို့ကတော့ မူလဆန္ဒပြမယ့် စက်တင် ဘာလ (၁) ရက်နေ့ဟာ ၀ါခေါင်လပြည့် ဥပုသ်နေ့ဖြစ်တာကြောင့် ရဟန်းသံဃာတော်တွေ အများအပြား ပါဝင်ဆန္ဒပြကြမှာကို စိုးရိမ်တဲ့အတွက် အခုလို ရက်ရွှေ့ဖို့ ညွှန်ကြားလိုက်တာလို့ ပြောပါတယ်။

ဆရာတော် ဦးဝီရသူဟာ စက်တင်ဘာလ ၂ရက်နေ့မှာ ချမ်းအေးသာစံ၊ မဟာအောင်မြေနဲ့ အောင်မြေသာစံ မြို့နယ်တွေမှာ ဆန္ဒပြမှာဖြစ်ပြီး၊ စက်တင်ဘာ ၃ရက်နေ့မှာ ပြည်ကြီးတံခွန် ၊ချမ်းမြသာစည် မြို့နယ်တွေနဲ့ စက်တင်ဘာ ၄ရက်နေ့မှာတော့ အမရပူရမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
 
RFA( မြန်မာပိုင်း)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...