Ads (728x90)

အခုချိန်ထိ ကမ္ဘာပေါ်မှာ လူငယ်တွေနဲ့ လူကြီးတွေ ဘယ်သူပိုပြီး လေးစားဖို့ ကောင်းလဲဆိုတာ အကြောင်းအမျိုးမျိုး နဲ့ ငြင်းခုံနေကြဆဲပါ။
မြန်မာ့ယဉ်ကျေးမှုမှာတော့ “ကြီးသူကိုရိုသေ ငယ်သူကိုလေးစား” ဆိုသည့် စကားလည်းရှိသည်။
အခု ကျွန်တော်ပြောချင်တာတော့ နှစ်ဖက်အပြန်အလှန်လေးစားဖို့ ပါ။
(ယခု post တွင် လူကြီးများဟု သုံးနှုန်းသည်မှာ မိမိထက် အသက်ကြီးသူများကို သုံးနှုန်းခြင်းဖြစ်သည်)
အချို့ လူတွေဆိုရင် သူ့ ထက် အသက်ငယ်တဲ့လူတွေ ဘယ်လောက်ကြိုးစားကြိုးစား အကောင်းမမြင်တာ
မျိုးတွေရှိနေပါတယ်။
ရှေးရိုးစွဲအမြင်ကိုလုံးဝမပြယ်နိုင်တာပါ…
လူကြီးတွေလုပ်မှအကုန်ကောင်းတယ်” “လူငယ်တွေဆို လုံးဝ အထင်မကြီးဘူး
ဆိုတဲ့ အမြင်တွေနဲ့  အရှိန်ပြေးနေတဲ့ခေတ်ရေစီးကြောင်းထဲ အိပဲ့အိပဲ့နဲ့ စီးဝင်နေပါတယ်။
သူတို့ အတွက် ခေတ်ကာလကြီးမှာ လုံးဝနေရာမရှိပါဘူး။
ဒီလိုခေတ်အမြင်မရှိတဲ့ တယူသန် ငါသာလူကြီး ငါအမှန်ဟု အသုံးအနှုံးကို လက်ကိုင်စွဲထားသော
လူများ နောက်ဆုံး မနိုင်လျှင် သုံးစွဲသော စကားတစ်ခွန်းရှိပါတယ်…
ငါတို့ က မင်းတို့ ထက်ထမင်းပိုစားတာ” ဆိုတဲ့ စကားပါ…
သူငယ်ချင်းတို့ ကြားဖူးရင်ကြားဖူးကြမှာပါ…
အဲ့လို လာပြောနေရင် ကျွန်တော်ကတော့ အရမ်းအမြင်ကတ်ပါတယ်…
သူတို့ ပြောပုံအရဆိုရင် ထမင်းပိုစားတဲ့လူဆိုရင် အရည်အချင်းပိုရှိတဲ့ပုံလိုလိုဘာလိုလိုပါပဲ…
ဒါဆိုရင် ကျွန်တော်မေးမယ်ဗျာ ကပ်တီးကပ်ဖဲ့ ပြောတယ်လို့ ပဲ ထင်ချင်ထင်…
သံဃာတော် တွေကို ဘာလို့  ကန့် တော့လဲ သူတို့ က ခင်ဗျားတို့ လူကြီး
(ခေတ်အမြင်မရှိသူမျာ
း) တွေထက် ထမင်းပိုမစားဘူး ခင်ဗျားတို့ က ထမင်းပိုစားတယ် အဲ့ဒါဘာလို့ ကန့် တော့လဲ…
သာသနာတော်အကျိုးကိုသယ်ပိုးနေလို့ ကန်တော့တာမလား…
ဒါဆိုကျွန်တော်တို့ လူငယ်တွေဘက်ကို နည်းနည်းစာနာကြည့်ပါလား…
ကန်တော့တောင်မကန်တော့ခိုင်းပါဘူးဗျာ…လူငယ်တွေရဲ့ ကြိုးစားအားထုပ်မှုကို အသိအမှတ်ပြုပေးဖို့ ပါ…
ကျွန်တော်ပြောချင်တာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်…
ဒီ Post မှာ လူကြီးဆိုတာ မိမိထက်အသက်ကြီးတဲ့လူ ခေတ်အမြင်မရှိ ငါတို့ သည်သာ နားလည်သာ တက်ကျွမ်းသည် ဟုထင်သူများကိုသာ  ကိုယ်စားပြုပါသည်။
စာရေးသူဧ။် Facebook တွင်လည်း သွားရောက်ဖတ်ရှုနိုင်ပါသည်

Post a Comment

Blogger Disqus
  1. အရမ်းကောင်းတဲ့ ပို့ စ်လေးပါပဲဗျာ လူငယ်တွေအတွက် ရောလူကြီးတွေအတွက်ပါ မဖြစ်မနေဖတ်ထားသင့် တာလေးပေါ့  တားတော့ ဖတ်တွားဘီေိခိ :D

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...