""သေဆုံးပြီးသူများ မြန်မာပြည်သွားနိုင်ပြီ""
Black List ထဲကနေပယ်ဖျက်လိုက်တဲ့
နိုင်ငံခြားသားအမည် တထောင်ကျော်ကို
သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ရာမှာ
သေဆုံးသူတချို့ရဲ့ နာမည်တွေကို
တွေ့ရပါတယ်။
ကွယ်လွန်သွားပြီးဖြစ်တဲ့
- ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို၊
- သတင်းစာဆရာ ကြေးမုံ ဦးသောင်း၊
- ပါမောက္ခဒေါက်တာအေးကျော်၊
- အမေရိကန် လွှတ်တော်အမတ်ဟောင်း Sonny Bono တို့ရဲ့ အမည်တွေ ပါဝင်နေပါတယ်။
နာမည်ပျက်တခုကတော့ တက္ကသိုလ်တခုရဲ့ အမည်ပါ။ Mcgill University တဲ့။ နံပါတ် ၄၉၈ မှာပါ။ တက္ကသိုလ်တခုလုံးကို အမည်ပျက်ထဲ ထည့်ထားရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်တုန်းက အဲဒီလိုထည့်ခဲ့ခြင်းဖြစ်ပုံရပါတယ်။
Black List တွေကို ပုံမှန်အားဖြင့် လျှို့ဝှက်ထားတတ်ကြပါတယ်။ အရာရာလျှို့ဝှက်ခဲ့တဲ့ မြန်မာပြည်မှာတော့ ဒီစာရင်းက ထိပ်တန်းလျှို့ဝှက်ချက်တခု ဖြစ်ခဲ့ပုံပါပဲ။ "အရပ်သား"အစိုးရ တက်လာပြီး တနှစ်ကျော်ကြာမှ ဒီစာရင်းကို တည်းဖြတ်ပြီး ဖယ်လိုက်တဲ့နာမည်တွေကို ထုတ်ပြန်လိုက်တာပါ။
နာမည်တွေကို ဘယ်ကာလတုန်းက ဘာကြောင့် ဒီစာရင်းထဲ ထည့်ရသလဲ ဆိုတာကိုတော့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ရေးမထားပါ။
771 Vicky Bowman - British.
(ပန်းချီထိန်လင်းရဲ့ ဇနီး။ ဗြိတိသျှသံအမတ်ဟောင်း)
496 Maureen Aung Thwin - USA(Ex-Myanmar)
(ဒေါ်မိုရင်းအောင်သွင် - director of the Burma Project/Southeast Asia Initiative at the Open Society Foundations)
69 Moe Thee Zon(a) Moe Thee (a) Myo - USA citizen (Ex-
(ဦးမိုးသီးဇွန်)
741 Tiger Yawnghwe - -
(စ၀်ဆေခန်ဖ၊ ၂၀၀၅ မှာ ကြေညာ ဖွဲ့စည်းတဲ့ Federal Shan Government အကြီးအကဲ)
136 Aung Bala - USA
(သတင်းစာဆရာ အောင်ဗလ ခေါ် ကြေးမုံဦးသောင်း၊ ၂၀၀၈ ခုနှစ် အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်)
141 Aye Kyaw, Dr - Myanmar
(သမိုင်းပါမောက္ခ ဒေါက်တာအေးကျော်၊ ယခုနှစ်ဆန်းပိုင်း အသက် ၇၇ နှစ်အရွယ်တွင် ကွယ်လွန်)
636 Salai Tun Than - Myanmar:
(ပါမောက္ခဟောင်း ဒေါက်တာ ဆလိုင်းထွန်းသန်း)
53 Kyi May Kaung - Ex-Myanmar
(ဒေါ်ကြည်မေကောင်း)
497 Mawdsley, James Rupert Rsusell - British
856 Mr. James Rupert Russell Mawdsley 017977406 ။
950 Mr. James Rupert Russell Mawdsley PP.7400821372 PP.028097029 ။
(မြန်မာပြည်မှာ သုံးကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသူ ဗြိတိသျှလူမျိုး)
468 Lintner, Bertil - Sweden
1134 Mr. Bertil Lintner - နိုင်ငံခြားသတင်းထောက်
(စာနယ်ဇင်းဆရာ ဘာတေးလင့်တနာ)
185 Bo Bo Kyaw Nyein - USA
188 Bo Bo Kyaw Nyein - Ex-Myanmar
(ဦးဘိုဘိုကျော်ငြိမ်း)
2 Aris, Alexander - British
(ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကြီး)
3 Aris, Kim - British
(ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်)
(ဧရာဝတီ)

စာရင်းထဲကနေ အထုတ်ခံရသူတွေထဲက ထင်ရှားသူတချို့

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။