ထာဒ်ကျတ်တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ဗိုလ်ကြီး တဦးဒါဏ်ရာရ၊ ၂ ဦးသေဆုံး
တအာင်းဒေသ မန်တတုန်မြို့နယ်
ထာဒ်ကျတ်ရွာအနီး တောစပ်တွင်
TNLA တပ်ရင်း - ၂၅၆ နှင့် KIA တပ်ရင်း
- ၃၄ မှ တအာင်း ကချင် ပူးတွဲ တပ်ဖွဲ့နှင့်
မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြရာ ဦးသိန်းစိန် အစိုးရ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ဦး ကျဆုံးပြီး၊ ဗိုလ်ကြီး တဦးအပါအ၀င် ၃ ဦး အပြင်းအထန် ထိခိုက် ဒါဏ်ရာရရှိကြောင်း ဒေသခံ ပြောကြားချက်အရ သိရှိရပါသည်။
ကျောက်မဲ အခြေစိုက် ၅၀၁ တပ်ဖွဲ့ မန်တုန်ဘက် ပြန်သွားတာ တွေ့ရတယ်။ ဒါဏ်ရာရ သူတွေလည်း ပါတယ်။ အထမ်းတွေနဲ့ ထမ်းတာတွေ့တယ်။ ဗိုလ်ကြီး တယောက်လည်း ဒါဏ်ရာ အတော်ပြင်းတယ်လို့ ပြောတယ်။ အခုတလော သူတို့တပ်တွေ ကျနော်တို့ဘက်ကို အရမ်းလာနေတယ်။ အရာရှိတွေလည်း များတယ်။ " ဟု ရေပုံး ရွာသားတဦး ပြောပြသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေး
တအာင်းဒေသ အချို့ဖြစ်သည့် နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မန်တုန်မြို့နယ်များတွင် TNLA ၊ SSA နှင့် KIA တပ်ဖွဲ့တို့ ပူးတွဲစစ်ဆင်ရေး တပ်ဖွဲ့များရှိပြီး၊ မြန်မာတပ်ဖွဲ့နှင့် နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွါးနေလျှက်ရှိသည်။
တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ခိုကိုးရာမဲ့ စစ်ဘေးဒုက္ခသည်များမှာ နေ့စဉ်နှင့်အမျှ တိုးများလာပြီး မန်တုန်မြို့နယ် တရွမ်းရွာ(တုန်ဟုန်း) အနီးတောတွင်းတွင်ပင် စစ်ဘေးဒုက္ခသည် တထောင်ဝန်းကျင် ရှိနေပြီဟု သိရှိရပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေး
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။